သတင်းတို

မင်းလှမှာ စစ်ကောင်စီက စခန်းပြန်ရရန် ၃ ကြိမ်ကြိုးပမ်း၊ သေဆုံးဒဏ်ရာရသူများရှိပြီး စခန်းပြန်မရသေး

“ သူတို့တောက်ပေါ်တက်လာတာကို ကျနော်တို့က လူအင်အားလက်နက်အင်အားအသာနဲ့ အပေါ်စီးကပစ်ရတာ ကားမောင်းသူကိုမှန်ပြီး ကားက ထိုးရပ်သွားတာ။ အဲ့ဒီမှာဆက်ပစ်တာမှာ အတုံးအရုန်းပဲ သေကုန်တာ"

ဒဏ်ရာနဲ့ တရက်ကြာပျောက်နေတဲ့ အသေခံတပ်ကြပ်ကြီးကို ပြန်လည်ကယ်ထုတ်နိုင်ခဲ့ (ရုပ်/သံ)

"မနေ့က တိုက်ပွဲမှာ ပျောက်သွားတာ။ ဒီနေ့ မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားပြီး ရဲဘော်ကို ပြန်လည်ကယ်ထုတ်နိုင်လိုက်တယ်။ ရဲဘော်က ကျည်မှန်ထားတယ်။ ရန်သူမသိနိုင်တဲ့ နေရာတခုမှာ ပုန်းအောင်းနေတာ။ ရန်သူ့ရဲ့လမ်းကြောင်းကို ကျနော်တို့ ဖြတ်တိုက်တော့ တပ်ကြပ်ကြီးကို တွေ့ရပြီး ပြန်လည်ကယ်ထုတ်နိုင်ခဲ့တယ်။"

ပုဂံက ဓမ္မရာဇကစေတီတော် မိုးကြိုးရှပ်ထိ

မိုးသည်းထန်စွာရွာပြီးနောက် ညနေ ၃ နာရီ ၅၀ မိနစ်လောက်မှာ မိုးကြိုးရှပ်ထိခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးမှုတွေတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

တံတားဦးမှာ ကားတိုက်မှုဖြစ်ပြီး ယာဥ်မောင်းသေဆုံး

"ကားပေါ်မှာတော့ အော​က်ဆီဂျင်အိုးတလုံးပါတယ်။ အရှိန် ဘယ်လောက်များလဲတော့မသိဘူး။ လမ်းတဖက်ခြမ်း ယာဥ်ကြောကိုတောင်ရောက်ပြီး သစ်ပစ်နဲ့ဝင်တိုက်ပြီး ညှပ်ပြီးသေဆုံးသွားတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

မြင်းမူက စစ်အုပ်စုတပ်ချထားတဲ့ ၂ နေရာ ဗုံးကြဲတိုက်ခိုက်ခံရ

"ညောင်ရင်းကျေးရွာဘက်မှာတပ်စွဲပြီး ပြည်သူအချို့ကိုသတ်ဖြတ်ပြီး ထွက်လာတဲ့စစ်ကြောင်းက ထွေအုပ်ရုံးနဲ့ စာသင်ကျောင်းမှာ၀င်နေတုန်း ဗုံးသီးချ တိုက်ခိုက်ခဲ့တာပါ။ ပစ်မှတ်ကိုထိထိရောက်ရောက် ချနိုင်ခဲ့တဲ့အတွက် သေဆုံးမှုများနိုင်ပါတယ်"လို့ Gost Team Ranger Myinmu (GTR MMU) တပ်ဖွဲ့ ပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။

အုတ်ဖိုမှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ

မြေပြင်တိုက်ခိုက်ရေး ရဲဘော်တွေရဲ့ မျက်မြင်တွေ့ရှိချက်အရ စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုတာဝန်ခံကိုဒေဝက ပြောပါတယ်။

ပခုက္ကူက PDF ရဲဘော်တွေ ရိက္ခာမလုံလောက်လို့ စပါးတိုးချဲ့စိုက်ပျိုး (ရုပ်/သံ)

ပခုက္ကူခရိုင်အတွင်း ဗိုလ်မထားတပ်ဖွဲ့ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စတင်ဖွဲ့စည်းခဲ့ပြီး ယခင်လှူဒါန်းပေးနေတဲ့ ပြည်သူတွေမှာ အခက်အခဲတွေ ရှိနေတာဖြစ်လို့ တပ်ဖွဲ့ရိက္ခာမလုံလောက်တဲ့အတွက် စပါးစိုက်ခင်းကို တိုးချဲ့စိုက်ပျိုးရတာလို့ ဆိုပါတယ်။

မြိုင်မှာ စစ်တပ်စစ်ကြောင်းက အမျိုးသား ၂ ဦးကိုသတ်သွားပြီး ကြားကာလစာသင်ဆောင်တွေကို မီးရှို့

“ကျောင်းက ၁၀ တန်းအထိရှိတာ ။ အဲ့ဒီထဲမှာ စာသင်ဆောင်အကြီး ၂ ဆောင်နဲ့ ရုံးခန်းအဆောင်ကို မီးရှို့သွားတယ်။ မူကြိုဆောင်တဆောင်ပဲ ကျန်ခဲ့တယ်။ ကျန်တဲ့ပစ္စည်းတွေကိုလည်း အကုန် မီးရှို့သွားတယ်” “တယောက်က သရက်ကန်ရွာသား ၊ နောက်တယောက်က ထန်းငယ်ရွာသား။ သူတို့ ၂ ယောက်က ၃ ရက်နေ့က သူတို့ရွာတွေကို စစ်ကြောင်းဝင်တဲ့အချိန် အဖမ်းခံရတာကနေ မနေ့ကမှ သတ်သွားတာ”

စိုက်ပျိုးရေးသုံး ပုလဲဓါတ်မြေဩဇာကို တော်လှန်ရေးဆက်စပ်ပစ္စည်းဆိုပြီး စစ်ကောင်စီက သိမ်းဆည်းကာ လူကိုပါဖမ်းနေ

"ပုလဲဓါတ်မြေသြဇာတွေ မြို့ပေါ်မှာဝယ်လို့မရတော့ဘူး။ မြေသြဇာပါလား၊ ပါရင်လည်လှီးပစ်မယ်လို့ စစ်တပ်ဂိတ်က ခြိမ်းခြောက်တယ်။ သုံးဘီးတို့ ထော်လာဂျီသမားတွေလည်း မသယ်ရဲကြဘူး။တွေ့ရင် လူရောပစ္စည်းပါဖမ်းတယ်"

စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရလို့ စစ်တပ် စစ်ကြောင်းမှူးအပါ ၁၀ဦးထက်မနည်းသေဆုံးနိုင် (ရုပ်/သံ)

"မျက်မြင်မှာတင်ကို ပစ်နေခတ်နေစဥ်အတွင်း သူတို့(စစ်တပ်)ဘက်ကနေ လဲကျသွားတာတွေ မြင်ရတယ်။ အနီးကပ်တိုက်ပွဲဆိုတော့လေ"

ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ် မိုင်းထိလို့ ၃ ဦးသေ ၇ ဦးဒဏ်ရာရ

"မိုင်းက စုစုပေါင်း ၂၀ ကျော် ဆွဲပြီးတိုက်ခိုက်ခဲ့တာ။ အနီးကပ်မိုင်းခွဲဖို့ မလွယ်လို့ အဝေးကနေပဲ မိုင်းခွဲခဲ့ရတာ။ ထိခိုက်သေဆုံးအခြေအနေကတော့ မနက်ပိုင်းကျမှ ပြန်သိရတာ။ လမ်းပေါ်မှာလည်း သွေးကွက်တွေ ကျန်ခဲ့တယ်"

ပေါက်ခါင်းမှာ NLD ထောက်ခံသူ ၁ ဦးရဲ့ နေအိမ်ကို စစ်ကောင်စီကချိပ်ပိတ်ပြီး ပစ္စည်းတွေ သိမ်းယူသွား

“ ဒါက ကြိုတင်သိပြီးသားပါ။ ဘာမှမဖြစ်ပါဘူး။ သူတို့(စစ်တပ်) လုပ်နေကျ အလုပ်ပဲ။ ပိုပြီးခွန်အားဖြစ်ပါတယ်။ အစကတော့ယိမ်းယိုင်ရင် ယိမ်းယိုင်နေအုံးမယ်။ ခုမှတော့ လမ်းကြောင်းက တကြောင်းတည်းပဲ ရှိတော့တယ်"

မြောင်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီး စစ်ကြောင်းမှူးအပါ ၁၀ ဦးထက်မနည်း သေဆုံးဟုဆို

"မျက်မြင်မှာတင်ကို ပစ်နေခတ်နေစဥ်အတွင်း သူတို့(စစ်တပ်)ဘက်ကနေ လဲကျသွားတာတွေ မြင်ရတယ်။ အနီးကပ်တိုက်ပွဲဆိုတော့လေ"

ဘုတလင်မြို့အဝင်ဂိတ်ကို PDF အဖွဲ့က ဝင်ရောက်ပစ်ခတ် လက်နက်တချို့သိမ်းဆည်းရရှိ

“ ကျနော်တို့က မနေ့ညကတည်းက တက်လာတာ။ ဒီမနက်မှ ဝင်ပစ်တာ ။ ပစ်ခတ်မှုမှာ ၄ ကောင်သေတာကို မျက်မြင်တွေ့ရတယ်။ နောက်ထပ် ၂ ကောင်ကတော့ ဆေးရုံရောက်ပြီး သေသွားတယ်လို့ ကျနော်တို့ အတွင်းသတင်းက ကြားရတယ်။ ဒဏ်ရာရသွားတဲ့ ၄ ကောင်ကိုလည်း သူတို့လဲကျသွားတာ ကျနော်တို့ တွေ့ရတယ်”

ကျေးရွာကို ပြန်မလာရင် ပိုင်ဆိုင်မှုသိမ်းမယ်လို့ စစ်တပ်နဲ့အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်

"ရွာမှာက အစိမ်း(ကြံ့ခိုင်ရေး) အုပ်စုများတယ်။ NLD ထောက်ခံသူနဲ့ ကြားနေကနည်းတယ်။ ခုက တိုက်ပွဲဖြစ်လာရင် ကြားညပ်ထိမှာစိုးလို့ ကြားနေတွေနဲ့ NLD ထောက်ခံတွေက ရှောင်နေရတယ်။ တိမ်းရှောင်နေရသူတွေကို ၃ လအတွင်း ပြန်မလာရင် ပိုင်ဆိုင်မှုတွေသိမ်းမယ်ဆိုပြီး ခြိမ်းခြောက်လာလို့ အခက်ခဲတွေ့နေရတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10