သတင်းတို

စစ်ကောင်စီက ဒေသခံနေအိမ် ၂၃ လုံးကို မီးရှို့သွားတဲ့အပြင် နင်းမိုင်းတွေပါ ထောင်သွား

"နေအိမ်တွေကတော့ မီးလောင်လို့ တော်တော်ပျက်စီးနေတယ်။ နင်းမိုင်းတွေလည်း စကစ ဘက်က ထောင်ထားလို့ ရှင်းလင်း​နေရတယ်"

မင်းလှမှာ စစ်ကောင်စီက ယောက်ျားဖြစ်သူကို မမိလို့ ဇနီးနဲ့သားကိုဖမ်းပြီး ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်သိမ်းဆည်း

“ကိုအေးနိုင်က လွတ်သွားတယ် ရှာလို့မတွေ့ဘူး။ သူ့မိန်းမကိုအိမ်မှာဖမ်းပြီး သူ့သားလေးကိုလည်းကျောင်းအထိလိုက်သွားပြီး ဖမ်းခေါ်သွားတာ"

ကောလင်းမြို့ KTV မှာ ပျော်ပါးနေကြတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

"ကျနော်တို့က လက်ဦးမှုယူပြီး ပစ်တာ။ စကစဘက်ကလည်း ပြန်ပစ်တယ်။ သူတို့ဘက်က စက်လတ်တွေ ပါတယ်။ ပစ်ဖို့သွားတဲ့အချိန်မှာ စကစတွေမှာ သေနတ် ၁ လက်၊ ၂ လက်ပါတယ်ဆိုပြီး သွားပစ်တာ။ ဒါပေမဲ့ သူတို့ဆီမှာ လက်နက်အပြည့်အစုံပါတယ်။ စစ်ကူတွေလည်း ချက်ချင်းပဲရောက်လာတယ်။ ကျနော်တို့ မျက်မြင်ကတော့ ၄ ကောင်သေတယ်။ ဒဏ်ရာရပြီး သေတဲ့အကောင်တွေလည်းရှိနိုင် သေးတယ်"

စစ်တပ်က ၃ ကြိမ်တိုင် မီးရှို့ခဲ့တဲ့ ကျေးရွာကို ရိက္ခာထောက်ပံ့

တအိမ်ကို ဆန် ၄ ပြည်၊ ဆီ ၁ ပိဿာ၊ ကုလားပဲ ၅ ဗူးနဲ့ အိမ်ခြေ ၅၇၅ အိမ်ကို ထောက်ပံ့ခဲ့တာလို့ စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်တပ်စစ်ကြောင်းဝင်လို့ ၂ ရက်ကြာပိတ်မိနေတဲ့ ပုလဲ-ဂန့်ဂေါကားလမ်းပိုင်းက ခရီးသွားတွေကို ပုလဲပအဖ ကူညီ

" ပြည်သူတွေရဲ့လုံခြုံရေးအတွက် ကားလမ်းကို ခေတ္တပိတ်လိုက်ရတာပါ။ ကားဆရာနဲ့ ခရီးသွားတွေကို နေဖို့၊ စားဖို့၊ ရေချိုးဖို့ကအစ ကူညီလုပ်ဆောင်ပေးခဲ့ပါတယ်"

မြင်းမူမြို့နယ်မှာ စစ်တပ်က ဒေသခံပြည်သူ ၄ ဦးကို သတ်ဖြတ်

" စစ်ကိုင်းနယ်ထဲက ပြေးတဲ့သူတွေကို သူတို့(စစ်တပ်)က ကင်းထောက်တွေနဲ့ အရွယ်ကောင်းတွေဆို အကုန်လိုက်ဖမ်းတာ။ အဖမ်းခံရတဲ့အထဲက လူတချို့အသတ်ခံရတာ"

ပြည်မြို့တွင် လူငယ် ၁ ဦး ကြိုးဆွဲချသေဆုံးမှု ထပ်မံဖြစ်ပွား ၉ လတာအတွင်း ကြိုးဆွဲချသေဆုံးသူ ၁၂ ဦးထိရှိလာ

"ဖြစ်စဥ်ဖြစ်တဲ့အချိန်မှာ သူ့အိမ်မှာ ဘယ်သူမှမရှိကြဘူး။ သူတယောက်တည်းရှိနေချိန် လုပ်သွားတာ။ ဘာကြောင့် ခုလိုလုပ်သွားလည်းဆိုတာတော့ မသိရသေးဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။

နတ်တလင်းနဲ့ပေါင်းတည်က ပြည်သူ့စစ်သင်တန်းဆင်းတွေ မိသားစုရဲ့အမြင်မကြည်လင်မှုနဲ့ ရင်ဆိုင်ကြရ

"သင်တန်းဆင်းလာပြီဆိုတော့ မိသားစုက စိုးရိမ်ကြောက်လန့်ကြတာပေါ့။ ဆွေမျိုးအသိုင်းအဝိုင်း​တွေကလည်း အမြင်မကြည်ကြဘူး။ အုပ်ကြီးတွေ ရာအိမ်မှူး ဆယ်အိမ်မှူးတချို့ မဖြစ်မနေလိုက်ကြရတာလေ။ သင်တန်းခေါ်တော့မှ ထွက်မရပြုမရဆိုတော့ နားကားရော။ အုပ်ကြီးလုပ်ချင်ကြတဲ့အကျိုးလေ"

ရေစကြိုမှာ သံဃာတပါး အသတ်ခံရ

"ဆရာတော်ကို ဖမ်းသွားတာ။ ရွာခံတွေက လိုက်ရှာတော့ ဒီမနက်ပိုင်းမှာမှ အလောင်းကို ဆည်အနီးနားမှာ သတ်ဖြတ်ခံထားရတဲ့အနေထားနဲ့ တွေ့ရတယ်"

စစ်တပ်က ၁၂၀ မမ လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၂ ဦးသေပြီး ၇ ဦးဒဏ်ရာရ

“ထိတွေ့ပစ်ခတ်မှုမှာ သူတို့ဘက်က အထိနာထားတော့ မြင်သားရွာဘက်မှာ PDF တွေ ပုန်းခိုနေတယ်ထင်ပြီး လက်နက်ကြီးတွေနဲ့ ပစ်တော့တာပဲ။ ပထမအကြိမ် သာလင်းရွာဘက်ကို ပစ်တယ်။ ဒုတိယ အကြိမ်ကျတော့ မြင်သားရွာဘက်ကိုပစ်တော့ ပြည်သူတွေထိခိုက်တော့တာပဲ”

စစ်ကိုင်းမြို့နယ်မှာ တပတ်အတွင်း ဒေသခံ ၁၃ ဦးကို စစ်ကောင်စီ သတ်ဖြတ်

"ပထမအလောင်းတွေ့တာ ၇ ယောက်၊ မနေ့က ၂ ယောက်ထပ်တွေ့တယ်။ အဖမ်းခံထားရတဲ့အထဲကနေ PDFတွေ နေရာကို လိုက်မပြလို့ဆိုပြီး သတ်တာပေါ့"

အခွန်အခတွေတိုးကောက်နေတဲ့ ချောက်မြို့ စည်ပင်သာယာရုံး လက်ပစ်ဗုံးပစ်ခံရပြီး ဦးစီးမှူးကား ပျက်စီး

"တလုံးပဲ ပစ်ခတ်ခဲ့တာ။ အဓိကပစ်တာကတော့ နိုင်နိုင်မော်နဲ့ စည်ပင်ဦးစီးမှူးရှိတဲ့ ဦးနေမန်းအောင်နေရာကို ပစ်ခတ်တိုက်ခိုက်တာ။ အခွန်ဆောင်တဲ့ ပြည်သူတွေများစွာရှိတဲ့အတွက် ပြည်သူတွေထိခိုက်မှာ ရှောင်တိမ်းပြီးအခြားနေရာကို ပစ်ခတ်တိုက်ခိုက်တာမှာ လက်ပစ်ဗုံးက သစ်ပင်ထိပြီး စည်ပင်ဦးစီးမှူးကားရဲ့အောက်ကိုတည့်တည့်ရောက်ပြီး နောက်ဘီး ၂ လုံးပွင့်ထွက်သွားတယ်။ ပြည်သူတွေတော့ အထိအခိုက်မရှိဘူး။ ရဲ‌ဘော်တွေကတော့ လုံခြုံစိတ်ချရတဲ့နေရာရောက်နေပြီ"

စစ်တပ်က သလွန်ဖြူရွာသား ၇ ဦးကိုသတ်ပြီး ဒေသခံ ၄၀ ကိုဖမ်းဆီးထား

"သတ်ခံရတဲ့အထဲမှာ အသက်မပြည့်တဲ့ ကလေးတွေလည်းပါတယ်။ ရွာသား ၇ ဦးကို စစ်ကြောင်းထိုး၀င်တဲ့အချိန်မှာ ပစ်သတ်သွားတယ်။ သတ်ခံရတဲ့သူတွေက သာမန်အရပ်သား ရွာသားတွေပါပဲ"

ပဲခူးတိုင်းထဲကဆိုင်တွေမှာ စစ်တပ်ထုတ်ကုန်တွေမရောင်းရင် ဆိုင်ပိတ်ရမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်

"ကျမတို့မြို့က ဆိုင်အများစုက စစ်တပ်ထုတ်ကုန်တွေ မရောင်းကြဘူး။ ခုလို လိုက်စစ်ပြီး ဖိအားပေးပြောလာတော့ မဖြစ်မနေတင်ရောင်းလာရတယ်။ ဝမ်းစာအတွက်က ဆိုင်ပိတ်ပြီးလည်း နေလို့မရဘူးလေ"

ကသာမှာ စစ်ကောင်စီသင်္ဘောတွေ တိုက်ခိုက်ခံရပြီးနောက် အနီးနားကရွာကို မီးရှို့ပြီး အမျိုးသား ၇ ဦးကို သတ်သွား

"စကစတွေက တွေ့သမျှလူကို သေနတ်နဲ့ပစ်သတ်တယ်။ တချို့လူတွေကလည်း ပြေးနိုင်ပေမဲ့ ရုတ်တရက်မပြေးနိုင်သူတွေကတော့ ပစ်သတ်ခံရတာပေါ့။ မြစ်ကမ်းနံဘေးမှာ ၅ လောင်းတွေ့တယ်။ မီးလောင်တဲ့အိမ်ထဲမှာ အလောင်း၂ လောင်းတွေ့တယ်။ အလောင်းတွေကဘယ်သူ၊ ဘယ်ဝါဆိုတာ မသိရဘူး"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10