သတင်းတို

ကြို့ပင်ကောက်မှာ ပရိုဘောက်နဲ့ဆိုင်ကယ်တိုက်မိလို့ ဆိုင်ကယ်သမားသေဆုံး

“ဆိုင်ကယ်ကလမ်းဖြတ်ကူးရင်း ကားကလည်းအရှိန်များပြီး ကားရဲ့ရှေ့ပါးခြမ်းနဲ့ တိုက်မိသွားတာ ဆိုင်ကယ်သမား ပွဲချင်းပြီးသေသွားတယ်"

ရွှေဝါရောင်အရေးအခင်းကို မမေ့ဖို့ ဝက်လက်ပြည်သူတွေ ဆန္ဒထုတ်ဖော် (Photo News)

ဆန္ဒပြချိန် ပြည်သူလူထုနဲ့ ကျောင်းသားထုတို့က "ညီညွတ်ရေးတပ်ပေါင်းစုနဲ့ ဘုံရန်သူကိုချေမှုန်းကြ"စတဲ့ စာတန်းတွေကို ကိုင်ဆောင်ပြီး ဟစ်ကြွေးခဲ့ကြတယ်လို့သိရပါတယ်။

စစ်ကိုင်းက ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ ဆရာမကို စစ်တပ်က အကြမ်းဖက်ပုဒ်မနဲ့ အမှုဖွင့်

စက်တင်ဘာ ၂၂ ရက် မနေ့က ဆရာမဒေါ်ထားထားဦး တည်ထောင်ထားတဲ့ကျောင်းတွေကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့ပြီး ဆရာမကိုတော့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ နဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။

ပဲခူးမှာ ချောင်းထဲရေဆင်းကူးတဲ့ ကလေး ၂ ဦး ရေနစ်သေဆုံး

"ရေကူးတာက ကလေး ၃ ယောက်။ ၂ ယောက်က ရေနစ်နေတော့ ၁ ယောက်က နေအိမ်လာပြန် ပြေးပြောတာ။ သူတို့ရေကူးတဲ့နေရာနဲ့ နေအိမ်နဲ့က မိနစ် ၂၀ လောက်သွားရတော့ ကယ်ဆယ်ဖို့ အချိန်မမီလိုက်ဘူး"

အုတ်ဖိုမှာ တောခေါင်းတဦး ပစ်ခတ်ရှင်းလင်းခံရ

ကိုအုန်းလှိုင်ဟာ သစ်တောဌာနက CDM ဝန်ထမ်းတွေကို ခြိမ်းခြောက်တာ၊ စစ်ကောင်စီကိုသတင်းပေးဖမ်းဆီးခိုင်းတာ၊ ပဲခူးရိုးမထဲက နိုင်ငံပိုင်ကျွန်းသစ်တွေကို စစ်ကောင်စီနဲ့ပေါင်းကာ ခုတ်လှဲရောင်းချတာတွေအပြင် PDF စခန်းတွေကိုလည်း လိုက်ပြတာတွေ ပြုလုပ်သူလည်းဖြစ်တယ်လို့ ဆိုပါတယ်။

ချင်းတွင်းမြစ်ထဲ တိမ်းမှောက်ခဲ့တဲ့စစ်သင်္ဘောက သေဆုံးအလောင်း ၇ လောင်းထပ်မံပေါ်လာ

"အလောင်းတွေ မနေ့က ၇ လောင်းထပ်ပေါ်လာတယ်။ စစ်သားအလောင်း ၄ လောင်း၊ မိန်းကလေး ၃ လောင်းပေါ့။ ရေလယ်မှာဆိုတော့ ဘယ်သူမှမဆယ်ရဲဘူး။ သင်္ဘောနဲ့အတူ ပိတ်မိနေတာတဲ့ အလောင်းတွေက ပြန်မပေါ်လာသေးဘူး"လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကား ၃ စီးနဲ့အင်အား ၁၀၀ ပါ ခြေလျင်စစ်ကြောင်း ဒရုန်းနဲ့ ဗုံးကြဲချခံရ( ရုပ်/သံ)

"ကမ္မမြို့ကနေ ပြည်သူပိုင်ပစ္စည်းတွေဖြစ်တဲ့ စက်တီ၊ စားပွဲ တန်ဖိုးရှိတဲ့ပစ္စည်းတွေကို စစ်ကောင်စီက ကား ၃ စီးနဲ့ ခြေလျင်အင်အား ၁၀၀ နဲ့ ခိုးယူလာတာကို ဒရုန်းနဲ့ဗုံးသီးကြဲချခဲ့တာ"လို့ ဗိုလ်လက်ယာက ပြောပါတယ်။

ဂန့်ဂေါမှာ မြေပြိုပျက်စီးသွားတဲ့ တံတားကိုပြန်မဆောက်နိုင်သေးလို့ အရေးပေါ်သွားရရေး စုပေါင်းပြင်ဆင်

"မြေသားနံရံတွေကို ကွန်ကရစ်နံရံပြန်လုပ်မှရမယ်။ သိန်း ၁၅၀ ကျော် ကုန်မယ်ဆိုလို့ငွေကြေး မတတ်နိုင်သေးတာပါ။ ပြန်မဆောက်နိုင်သေးတော့ သွားလာလို့ရအောင် ယာယီပြင်ဆင်နေတာပါ" လို့ ကျွဲနန်းရွာသားတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကိုင်းမှာ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

"သူက အိမ်ရှေ့ကွပ်ပျစ်မှာ ကော်ဖီထိုင်သောက်နေတာ။ အဲ့အချိန်မှာ အရပ်ဝတ်နဲ့လူတစုဝင်လာပြီး ပစ်သတ်သွားတာ။ ပွဲချင်းပြီးသေတယ်လို့ သိရတယ်"

မြိုင်မှာ အမျိုးသမီးတဦး လက်နက်ကြီးထိမှန်သေဆုံး

“လက်နက်ကြီးက ၃ လုံးပစ်တာ၊ တလုံးက လူထိတယ် သေတယ်။ တလုံးက ရွာသစ်မြောက်ဘက်မှာ ကျတယ်။ လူထိခိုက်တာတော့မရှိဘူး။ နောက်ဆုံးတလုံးက ရွာအနောက်ဘက်တောထဲကျတယ် မကွဲဘူး”

Myanmar Huasheng Yashili အထည်ချုပ်က နေ့စားဝန်ထမ်း ၂၀၀ ကျော် အလုပ်ထုတ်ခံရမယ့်အခြေနေကြုံနေရ

"ခုက စက်ရုံဘက်က ဝန်ထမ်းတွေကို အသိမပေးဘဲ အလုပ်ထုတ်ဖို့ လုပ်လာလို့ မနေ့က ဝန်ထမ်း ၈၀ ကျော်လောက်က စက်ရုံရှေ့ ဆန္ဒပြသလို ဖြစ်သွားတယ်။ ခုတော့ ဝန်ထမ်းတွေဘက်က စက်ရုံကို တောင်းဆိုထားတာတွေရှိတော့ ညှိနှိုင်းမှုတွေဆက်လုပ်နေတယ်"

မင်းလှမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံး (ရုပ်/သံ)

“စကစဘက်က ၁၅ ဦးကို ကျနော်တို့က ဝိုင်းပစ်တာ မျက်မြင်အရ စကစဘက်က ၇ ကောင်က လဲကျသွားတာ ပြန်သိရတာက ၆ ကောင်ကသေတယ်။ ၁ ကောင်ပြင်းထန်ဒဏ်ရာရတယ်ကြားလို့ စုံစမ်းတော့ စကစဘက်က စစ်ခွေး ၂ ကောင်အလောင်းကိုတော့ ပြည်ဆေးရုံကိုပို့တယ်ဆိုတာကို တိကျတဲ့အချက်အလက်လည်း ရရှိထားတယ်။"

မုန်းဒေသက စစ်ဘေးရှောင်တသောင်းကျော် အရေးပေါ်စားနပ်ရိက္ခာလိုအပ်နေ

"လိုအပ်တာကတော့ အကုန်ပါဘဲ။ ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာပေါ့။ အဲ့ထဲကမှ မဖြစ်မနေစားနေရတဲ့အတွက် စားနပ်ရိက္ခာကတော့ အရမ်းလိုအပ်နေတယ်။ လူဦးရေကများတော့ ကျနော်တို့ဘက်ကလည်း လုံလောက်အောင် မထောက်ပံ့ပေးနိုင်ဘူးဖြစ်နေတယ်" လို့ မုန်းမြို့နယ် ကရင့်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ တာဝန်ရှိသူက ပြောပါတယ်။

ပေါက်ခေါင်းမှာ နှမ်းခြွေနေတဲ့ အမျိုးသားကို စစ်တပ်က ခေါင်းကိုပစ်သတ်

“သက်သက်မဲ့ဦးခေါင်းကို သေနတ်တေ့ပြီး ပစ်သတ်သွားတာ။ ဦးမြအုန်းက ရှေ့ဆုံးကပွိုင့်ကို သခွားသီးတောင် ကျွေးလိုက်သေးတာ။ စခတွေရဲ့ နောက်ပွိုင့်ကကောင်တွေ သတ်သွားတာဖြစ်ဖို့ များတယ်" လို့ သတင်းထောက်လှမ်းရေးတာဝန်ခံက ပြောပါတယ်။

ဂန့်ဂေါက စစ်အုပ်စုရဲ့စခန်းကုန်း တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံးပြီး သေနတ် ၁၅ လက် PDF ပူးပေါင်းတပ်ဖွဲ့တွေရ

"စကစနဲ့ပျူတွေ သေဆုံးတာကို မျက်မြင်ကိုယ်တွေ့မြင်ခဲ့တာ။ ကျန်တဲ့ကောင်တွေကတော့ သေတဲ့အလောင်းတွေကို မယူဘဲထွက်ပြေးသွားကြတာ။ စခန်းထဲကျန်ရှိခဲ့တဲ့ လက်နက်တွေကို ကျနော်တို့သိမ်းဆည်းနိုင်ခဲ့တာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10