သတင်းတို

တိုက်ပွဲ ၃ ရက်မြောက်နေ့မှာ ကျားတက်ရဲစခန်းကို PDF တွေသိမ်းနိုင်ခဲ့

"အခုတော့ ရဲစခန်းထဲဝင်ပြီး ရဲဘော်တွေ နယ်မြေရှင်းလင်းရေးလုပ်နေကြပြီ။ စခန်းအနီးက ကားလမ်းဘေးမှာတော့ မီးရှို့ထားခဲ့တဲ့ စကစအလောင်း ၇ လောင်းတွေ့ထားတယ်။" လို့ Union Liberation Frint (ULF) ပြန်ကြားရေးတာဝန်ခံ ကိုဂျော်ဒန်က ပြောပါတယ်။

ဒေသခံ ၁၂၀ ကျော်ကို ကန့်ဘလူခရိုင် PDF ဆေးတပ်ဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုပေး

ကျန်းမာရေးစောင့်ရှောက်ပေးရာမှာ လူနာတွေကို ဆေးဝါးအလုံအလောက် မပေးနိုင်တာမျိုးရှိပြီး သွေးတိုးကျဆေးလို အမြဲတမ်းစွဲသောက်ရတဲ့ဆေးတွေကို လုံလုံလောက်လောက် မပေးနိုင်တဲ့ အခက်အခဲရှိတယ်လို့ ကျွန်းလှ - ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ခံက ပြောပါတယ်။

ရေစကြိုက စစ်ကောင်စီဂိတ်ကို အနီးကပ်တိုက်ခိုက် (ရုပ်/သံ)

ရေစကြိုမြို့နယ်၊ ပန်းတိုင်ခြုံကျေးရွာမှာ တပ်မ ၁၀၁ က စစ်အုပ်စုအင်အား ၂၀ ခန့်နဲ့ တပ်စွဲထားရာကို နိုဝင်ဘာလ ၁၅ ရက် မနေ့မနက် ၅ နာရီလောက်ကစကာ လမ်းတဘက်ခြမ်းကနေ အနီးကပ် ပစ်ခတ်ခဲ့တယ်လို့ Pakokku underground Force မှ တာဝန်ခံရဲဘော်ကံကောင်းက ပြောပါတယ်။

ဇီးပြားရဲစခန်းတိုက်ပွဲမှာ ပိတ်ဆို့ပစ်ခံရလို့ ကာကွယ်ရေးရဲဘော် ၂၀ ထက်မနည်း တိုက်ပွဲကျ

"ညနေပိုင်းရောက်တော့ ကျေးရွာရဲ့ ၃ ပုံ၂ ပုံလောက်ကို စီးနိုင်နေပြီ။ ရဲဘော်တွေလည်း ရှေ့ထဲရောက်နေတဲ့အချိန် နောက်ကနေပြီး "ပ" ပုံအဝိုင်းခံလိုက်ရတာ။ ဝိုင်းပြီးတန်းပစ်တာ လူ ၃၀ လောက်ပိတ်မိသွားတယ်။ ၅ ယောက်ကျော်လောက် ပြန်လွတ်လာတယ်"လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦး က မြေလတ်အသံကို ပြောပါတယ်။

မြောင်မှာ လေကြောင်းရန်နဲ့ စစ်သုံးလက်နက်ရန် ကာကွယ်နိုင်ဖို့ အသိပညာပေးပွဲပြုလုပ်

"စကစဘက်က လေကြောင်းတိုက်ခိုက်တာကို ပြန်လည်မခုခံနိုင်သေးပါဘူး။ ကြိုတင်ကာကွယ်လို့ရတဲ့ နည်းလမ်းတွေကို ပြည်သူလူထု သိရှိနားလည် ဘေးကင်းစေဖို့အတွက် လုပ်ရခြင်းဖြစ်ပါတယ်" လို့ YfC အဖွဲ့ဝင်တဦးဖြစ်သူ မအမရာက မြေလတ်အသံကိုပြောပါတယ်။

ပခုက္ကူကိုလာတဲ့ စစ်ကောင်စီယာဉ်တန်းကို PDF တွေ တိုက်ခိုက်

“ထိခိုက်မှုတွေကိုတော့ စုံစမ်းနေဆဲပါ။ သူတို့ဘက်က လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာရှိတယ်။ ပစ်ခတ်မှုဖြစ်ပြီးတော့ သူတို့က ပခုက္ကူဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်သွားတယ်” လို့ သူက ဆိုပါတယ်။

ကျောက်ကြီးမှာ လက်နက်ကြီးထိလို့ အမျိုးသား ၁ ဦးသေဆုံး

"သုံးလေးချက်လောက်တော့ ရှိမယ်။ ကျေးရွာတွေဘက်ကို ပစ်တာ။ သူကတော့အိမ်မှာရှိနေချိန် သူအိမ်နားလက်နက်ကြီးထိပြီး သေသွားတာ"လို့ ဒေသကာကွယ်ရေး ရဲဘော်တဦးက ပြောပါတယ်။

မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်တပ်က ၂ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်

"ကျနော်တို့ဘက်က အထိအခိုက်မရှိပါဘူး။ မြို့တွေကိုကာဖို့ စစ်တပ်က အသည်းအသန်လုပ်နေတာပါ"

အုတ်ဖို ခမရ ၆ က စစ်သား ၃၂ ဦး ကရင်နီတွင် လက်နက်ချသည့်ရုပ်သံ KNDF ထုတ်ပြန် (ရုပ်/သံ)

ကရင်နီ(ကယား)ပြည်နယ်အတွင်း တိုက်ခိုက်ရေးဝင်ရောက်နေရတဲ့ ပဲခူးတိုင်း၊ အုတ်ဖိုမြို့၊ တိမ်မြုပ်ရွာအခြေစိုက် ခမရ ၆ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦး လက်နက်ချအညံ့ခံခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

ပုလဲမြို့သိမ်းတိုက်ပွဲ စတင်

“စခန်း(ရဲစခန်း)နဲ့ မျက်နှာချင်းဆိုင်အထိ ရောက်ခဲ့တယ်။ ဂန်း(သေနတ်)ကောက်တာကို ကောက်မရခဲ့ဘူး။ စစ်** ဘက်က ကျဆုံးတော်တော်ရှိမယ်”

စစ်ကောင်စီမီးရထား ဝက်လက်မှ ရွှေဘိုကိုခရီးဆက်၊ လူနေအိမ်တွေကို စတင်မီးရှို့

"အခုဆက်ထွက်ဖို့အတွက် ဝက်လက်မြို့မြောက်ဘက်က သခွတ္တောကျေးရွာကို မနေ့ကတည်းက ရှေ့ပြေးတပ် ရောက်နေပြီ။ ဒေသခံ ၂,၀၀၀ လောက် မနေ့ကတည်းကပြေးနေကြပြီ"

ကမ်ပိန်းလည်းမပြည့်မီ အကြွေးလည်းတင်နေတဲ့ ဆောမြို့နယ်က 'ခွပ်ဒေါင်းတပ်ဖွဲ့' (ရုပ်/သံ)

ရဲဘော် အင်အား ၁၀၀ နီးပါးရှိတဲ့ သူတို့တပ်ဖွဲ့မှာ ၁ ရက်ကို ဆန် ၂ တင်းနှုန်းကုန်ပြီး ၁ လကို စားသောက်စားရိတ် ကျပ်သိန်း ၅၀ ဝန်းကျင်ကုန်ကျနေပါတယ်။ လတ်တလောမှာ စစ်ကောင်စီတပ်စွဲထားတဲ့ ဆောမြို့ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ တိုက်ခိုက်သိမ်းယူဖို့ လက်နက်အင်အားလိုနေတာကြောင့် ဝါကျွတ်လက်ဆောင် ကျည် ၁,၀၀၀ ကမ်ပိန်းကိုပြုလုပ်နေပါတယ်။

တောင်ငူမှာ မွေးကင်းစကလေးကို ကားလမ်းဘေး စွန့်ပစ်ခဲ့၊ ပရဟိတအဖွဲ့က ကူညီစောင့်ရှောက်ပေးထား

ကလေးရဲ့မိခင်ဖြစ်သူမှာ ဆေးရုံမှာမွေးပြီးကတည်းက တွေ့သမျှလူတွေကို ကလေးလိုက်ပေးနေတာဖြစ်ပြီး ဘယ်သူမှမယူတဲ့အခါ မွန်းလွဲ ၁ နာရီခန့် လမ်းဘေးမှာ နို့အ၀တိုက်ထားပြီး စွန့်ပစ်ခဲ့တာလို့ ဆိုပါတယ်။

အုတ်ဖို ခမရ ၆ က စစ်သား ၃၂ ဦး ကရင်နီမှာ လက်နက်ချ၊ လွိုင်ကော်တက္ကသိုလ်တိုက်ပွဲ စစ်သား ၁၀၀ ကျော်သေဆုံးဟု KNDF ထုတ်ပြန်

"တပ်ရင်းဆီကို သတင်းတော့ရောက်ပြီ။ ဖမ်းမိထားတဲ့သူတွေက ဟုတ်ပါတယ်။ ရင်းမှူးကျသွားတာ လည်း ဟုတ်တယ်။ သတင်းဖုံးထားတယ်”

ပဲခူးတိုင်းမြို့အချို့မှာ လောင်စာဆီပြတ်လပ် ပြင်ပပေါက်ဈေး ၁လီတာ ၄၀၀၀ ကျပ်နဲ့ရောင်းချသူများရှိ

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက် နောက်ပိုင်းက စတင်ကာ လောင်စာဆီဝယ်ယူရတာအခက်အခဲဖြစ်နေခဲ့ပြီး နိုင်ဝင်ဘလာ ၁၅ ရက် ဒီနေ့အထိလည်း ဆီရဖို့အတွက် တန်းစီဝယ်ယူနေကြရတယ်လို့ သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10