ရှမ်းမြောက်မှာ လက်နက်ချ၊ ဖမ်းဆီးခံရတဲ့ ဗိုလ်မှူးချုပ်တွေနေရာကို လူစားထိုးခန့်
ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့်ဒေသ ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)ကနေ လက်နက်ချလာသူတွေနဲ့ ဖမ်းဆီးခံထားရတဲ့ ဗိုလ်မှူးချုပ်တွေရဲ့နေရာကို စစ်ကောင်စီတပ်က အစားထိုးခန့်အပ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ စစ်တပ်သတင်းရင်းမြစ်တွေက ပြောပါတယ်။