သတင်းတို

ပေါက်နယ်မှာ PDF တွေက မြေပဲနှုတ်ပြီး တပ်ဖွဲ့အတွက် အပိုဝင်ငွေရှာဖွေ

ပေါက်မြို့နယ်မြောက်ပိုင်း၊ ကျေးရွာတချို့က တောင်သူတွေရဲ့မြေပဲခင်းတွေမှာ သြဂုတ်လ ၂၇ ရက်ကစလို့ PDF ရဲဘော်၊ ရဲမေတွေစုပေါင်းပြီး တပ်ဖွဲ့အတွက် အပိုဝင်ငွေရရှိအောင် မြေပဲနှုတ်တာ မြေပဲခြွေတာတွေ လုပ်ကိုင်နေကြတာလို့ ဆိုပါတယ်။

MG6 ခေါင်းဆောင် ဗိုလ်ကျော်လင်းထွန်းရဲ့နာရေးနဲ့ အထိမ်းအမှတ်အုတ်ဂူတည်ဆောက်

"ကိုယ့်ဆရာရဲ့ Dead Body တောင် သေချာမမြင်လိုက်ရဘူး။ ဒီကြားထဲမှာ အုတ်ဂူကလည်းလုပ်ဖို့ အဆင်မပြေဘူး။ ငွေရေးကြေးရေးပိုင်းရော တခြားအခက်အခဲတွေရောပေါ့။ ပန်းရံဆရာကလည်း လန့်တယ်။ ခေါင်းဆောင်တယောက်ကိုတောင် အဲ့လိုလုပ်ထားမှတော့ သာမန်ပြည်သူဆိုလည်း အဲ့လိုလုပ်သွားနိုင်တယ်ဆိုတဲ့ အတွေးမျိုးနဲ့ပေါ့" လို့ MG6 ပြောက်ကျားတပ်မှ ရဲဘော်တဦးက ပြောပါတယ်။

ပြည်မြို့နယ်မှာ အမျိုးသားတဦး ကြိုးဆွဲချသေဆုံး၊ ၈ လအတွင်း ကြိုးဆွဲချ သေဆုံးသူ ၉ ဦးထက် မနည်းရှိ

"သူက လေဖြတ်ထားတာ ၂ နှစ်လောက်ရှိပြီ။ မိသားစုက အတတ်နိုင်ဆုံးပြည့်ပြည့်စုံစုံထားကြတယ်။ လေဖြတ်ထားတော့လည်း သူစိတ်ကခန့်မှန်းရခက်တယ်။ သူအိမ်နောက် တဲထဲကအလယ်ခေါင်တိုင် ယောက်တန်းမှာ ကြိုးဆွဲချသွားတာ" လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

စဉ့်ကူးက ကြာဥယျာဥ်ရွာကို စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်လို့ ကလေး ၁ ဦးအပါ ၂ ဦးဒဏ်ရာရ

"ပထမ ၁ စီးက ၁ လုံးချတယ်။ ဒုတိယ ၂ စီးက ၁ လုံးချတယ်။ အဲ့ဒီဗုံးသီး ၂ လုံးက မကွဲဘူး။ တတိယ ၁ စီးက ၃ လုံးတွဲချတဲ့အခါ အိမ် ၂ အိမ် ခြံဝန်းထဲကို ကျရောက်ပေါက်ကွဲလို့ ၂ ယောက် ဒဏ်ရာရတာ"လို့ စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ဦးအောင်ထိုက် က ပြောပါတယ်။

ကျောက်ကြီးမှာ စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် ကလေး ၁ ဦးအပါ ၄ ဦးဒဏ်ရာရ

"စီမံချက်နဲ့ မပစ်မနေရများ လုပ်နေလားမသိဘူး။ အမျိုးသမီးတွေချည်ပဲ ထိခိုက်ကြတယ်။ ပြီးခဲ့တဲ့ရက်ကလည်း ကြိုးကြီးရွာက ထိသေးတယ်"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

မင်းကင်းမြို့ ကံရွာက ပျူစောထီး‌တွေတိုက်ခိုက်ခံရပြီး ၇ ဦးထက်မနည်းသေဆုံး လက်နက်ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့

"မနက်အစောကြီး ရွာထဲကို ပစ်ပြီး၀င်တိုက်တာ။ တချို့လက်နက်ကိုင် ပျူတွေက ထွက်ပြေးသွားတယ်။ သေတာကတော့ ၁၀ နီးပါးလောက်ရှိတယ်။ ဒဏ်ရာရတွေလည်း မနည်းဘူး"

ဗန်းမော်မြို့က ပြန်လာတဲ့စစ်ကောင်စီသင်္ဘောက Non CDM တွေကို ခေါ်လာ

"သတင်းအတိအကျတော့ မသိရဘူး။ ရာထူးတိုးနဲ့ အပြောင်းအရွှေ့လုပ်ရသူတွေလို့လည်း သတင်းကြားတယ် "

ခင်ဦးက ထွန်တုံးတိုက် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ် (Photo News)

သြဂုတ် ၂၉ ရက် ဒီမနက်ပိုင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လှုပ်ရှားမှုမှာ ပါဝင်သူတွေက “ပြည်သူတင်တဲ့အစိုးရ ဒို့အစိုးရ၊ NUG အစိုးရ ဒို့အစိုးရ၊ စစ်အာဏာရှင်စနစ် အလိုမရှိ၊ စစ်အာဏာရှင်တွေ ကျဆုံးပါစေ၊ အညာဖက်ဒရယ် အောင်ရမည်” စတဲ့ တော်လှန်ရေးဆောင်ပုဒ်တွေကိုလည်း ကြွေးကြော်ခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အင်းတော်က ၂ ရက်တာ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၈ ဦးနဲ့ ABSDF ရဲဘော် ၁ ဦးသေဆုံး

“စစ်ကောင်စီဘက်က ပထမဆုံးနေ့မှာ အင်းတော်ကို သေတဲ့ ၂ ယောက်ပို့တယ်။ မနေ့(သြဂုတ် ၂၈)ကတော့ အနည်းဆုံး ၆ ယောက်လောက်သေတယ်၊ ဒဏ်ရာရတွေလည်း အများကြီးပဲ၊ မိုင်းတွေလည်း မိထားတာ၊ ကိုယ့်ဘက်ကျတာက ရန်သူရဲ့ ရှေ့ပွိုင့်တွေက အများကြီးကျတော့ လက်နက် သွားကောက်တာမှာ နောက်က ငါးကြင်းမြီး (စက်လတ်)နဲ့ ဆွဲလို့ ထိသွားတာ။”

ကိုင်းတောမရဲစခန်း တိုက်ပွဲမှာ တပ်မ ၁၀၁ က စစ်သား ၂ ဦးနဲ့ PDF ရဲဘော် ၁ ဦး သေဆုံး (ရုပ်/သံ)

"ကျနော်တို့ ညနေ ၅ နာရီခွဲကနေ ၆ နာရီကျော်ကျော်အထိ တိုက်ခိုက်ခဲ့တာ၊ ကျနော်တို့ Pakokku Underground Force က ရဲဘော် ၁ ဦးကျပြီး ‌စခ ၂ ကောင်သေဆုံးတယ်"

စစ်ကြောင်းထိုးဖို့ပြင်နေတဲ့ ညောင်ပင်ဝန်းရဲစခန်း ဒရုန်း ၆ စီးနဲ့ တိုက်ခိုက်ခံရ

"ဒရုန်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကြောင်းထိုးဖို့ ရဲစခန်းထဲကို စစ်ကောင်စီတပ်တွေ ရောက်နေတဲ့အချိန်မှာ ရဲစခန်းကို ဗုံးကြဲခဲ့တာပါ။ ရဲစခန်းထဲမှာ နေရာတင် ချက်ချင်းသေတာက ရဲ ၅ ယောက်၊ ဒဏ်ရာရပြီး ဆေးရုံကားနှစ်စီးနဲ့ခေါ်သွားတဲ့ထဲက ဆေးရုံရောက်မှထပ်သေတာ အားလုံး ၁၇ ယောက်ဖြစ်တယ်"

မိုးရွာ၊ ရေတိုက်စားလို့ ပျက်စီးနေတဲ့ မုံရွာ-ပုလဲ-ဂန့်ဂေါလမ်းပိုင်း ပြုပြင်ဖို့ အကူညီလိုအပ်

“လမ်းပြုပြင်ရုံတင်မဟုတ်ဘူး။ တဖက်က ချောက်ဖြစ်နေတော့ ခိုင်ခံ့တဲ့ မြေထိန်းနံရံတွေပါ လုပ်ပေးမှ ရေရှည်မှာအဆင်ပြေမှာလို့ အင်ဂျင်နီယာတွေက အကြံပြုထားပါတယ်။ ဒါကြောင့် စုစုပေါင်းတွက်ချက်ရာမှာ ကျပ်သိန်း ၃၀၀ လောက် ကုန်ကျမှာဖြစ်တယ်"

ရေနံချောင်းမှာ မြစ်ရေတက်ပြီး ချောင်းကူးလမ်းရေဝင်နေလို့ ကိုယ်ထူကိုယ်ထ ပြုပြင်နေရ (ရုပ်/သံ)

ရေနံချောင်းမြို့နဲ့ ၁၀ မိုင်ကျော်အကွာအဝေးမှာရှိတဲ့ ရုံးဆိပ်ကျေးရွာအနီးက ဆားတိုင်အုတ်ဖိုချောင်းမှာ မိုးရွာပြီးဧရာဝတီမြစ်ရေတွေ ဝင်လာတာကြောင့် ဒေသခံပြည်သူတွေ သွားလာရခက်ခဲနေတာလို့ ရုံးဆိပ်ရွာ ဆရာတော်က ပြောပါတယ်။

ရာထူးကဖယ်ရှားခံရတယ်လို့ သတင်းထွက်နေတဲ့ ရေတပ်ချုပ် ဗိုလ်ချုပ်ကြီး မိုးအောင် ကို  လူမြင်ကွင်း ထုတ်ပြ (ရုပ်/သံ)

ရာထူးကနေဖယ်ရှားခံရတယ်ဆိုပြီး သတင်းထွက်ပေါ်နေတဲ့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ခရီးစဉ်နဲ့ အစည်းအဝေးပွဲမှာ ခေါ်ဆောင်ပြီး လူမြင်ကွင်းကို ထုတ်ပြလာပါတယ်။ ဩဂုတ် ၂၇ ရက် မနေ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပုဂံဘုရားခရီးစဉ်နဲ့ နေပြည်တော်၊ မာရဝိဇယဘုရားနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင် ဦးစီးပြုလုပ်တဲ့ အစည်းအဝေးမှာ ဗိုလ်ချုပ်ကြီး မိုးအောင် တက်ရောက်ခဲ့ကြောင်း စစ်တပ်ပိုင် မြဝတီသတင်းရုပ်သံမှာ ထုတ်လွှင့်လာတာဖြစ်ပါတယ်။

ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဉ် ၃ စီး တိုက်ခိုက်ခံရ (ရုပ်/သံ)

“သူတို့ကို RPG တလုံး Rocket ၅လုံး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်။ သူတို့ဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခဲ့တယ်။ ပစ်ခတ်ပြီးတော့ သူတို့တွေ ပခုက္ကူဘက်ကို ပြန်ထွက်သွားတယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10