သတင်းတို

ဆိုင်ကယ်ရပ်မပေးလို့ဆိုကာ စစ်ကောင်စီကင်းပုန်းက ပစ်ခတ်လို့ လူငယ် ၂ ဦးသေဆုံး

"သူတို့က ကိုရီးယားဘာသာစကားသင်တန်းတက်နေတာ နွားထိုးကြီးနဲ့ရွာကို သွားလိုက်ပြန်လိုက်ပဲ။ သူတို့နေတဲ့ အောင်ပန်းကုန်းရွာနဲ့ နွားထိုးကြီးကလည်း ၃ မိုင်လောက်ပဲ ဝေးတာ။ စကစဘက်က ဆိုင်ကယ်တားတာမရပ်ပေးလို့ ပစ်တာ"လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

မိုးညိုမြို့နယ်မှာ မြစ်ရေဝင်လို့ စာသင်ကျောင်း ၆ ကျောင်း ပိတ်ထားရ

“အနီးဝန်းကျင်က ကျောင်းတွေလည်း ကလေးတွေအန္တရာယ်ကင်းအောင်လို့ ပိတ်လိုက်တာပါ။ ဒီနေ့တော့ ရေကျစပြုလာပါပြီ“

ကစထ ၁ မှူး ဒုဗိုလ်ချုပ်ကြီး တေဇကျော်ကို ကစထ ၆ ကိုပို့၊ လပခတိုင်းမှူး ကစထ ၁ မှူး ဖြစ်လာ စစ်တိုင်း ၄ ခု တိုင်းမှူးတွေကိုလည်း နေရာရွှေ့

“ တိုင်းမှူးတွေထဲမှာ နာမည်ရနေတဲ့ ကိုကိုဦး ကို အရေးကြီးတဲ့ ကစထ ၁ ကို ကိုင်ခိုင်းလိုက်တာပေ့ါ။ နေပြည်တော်ကိုလည်း အဓိက ပြန်ကာဖို့ ကစထမှူးရော တိုင်းမှူးအသစ်ရော ချိန်းထားတာ “

စစ်ကြောင်းထိုးလာလို့ စခန်းပြောင်းတဲ့ကား ဗွက်နစ်နေတာကြောင့် PDF ပိုင်ပစ္စည်းတွေနဲ့ကားပါ မီးရှို့ခံရ

“ စခန်းရွှေ့နေတုန်း မိုးကလည်းရွာ ဗွက်နစ်နေလို့ ကားကိုဝိုင်းတွန်းနေတုန်း ကြွယ်ပုံဘက်ကလာတဲ့စစ်ကြောင်းနဲ့ တည့်တည့်တိုးတာ။ ဘာမှယူချိန်မရလို့ အကုန်ချန်ထားပြီး ထွက်ပြေးခဲ့ရတာ။ ကျနော်တို့မှာ ဝတ်စရာအဝတ်အစားတောင် မကျန်တော့ဘူး အကုန်မီးရှို့ခံလိုက်ရတယ်”

ကနီမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာနေလို့ ဒေသခံထောင်ချီပြီး ညအချိန်ထွက်ပြေးခဲ့ရ

"ကနီနယ်ထဲကိုတော့ မရောက်သေးဘူးဗျ။ ဒီကောင်တွေက လူတွေမရှိတော့တဲ့ ရွာတွေကနေ သစ်တွေခိုးယူဖို့လာတာ ဖြစ်နိုင်တယ်။ သစ်ကွင်းကကောင်တွေ ဆိုတော့။ စစ်ကြောင်းလာတယ်လို့ သတင်းကြားတာနဲ့ ဒေသခံတွေက ရွာ မှာမနေရဲလို့ထွက်ပြေးခဲ့ကြတာ"

ပေါက်နယ်မှာ စစ်ကြောင်းရှောင်ရချိန်များပြီး မြေပဲခင်းတွေ ပြုစုချိန်မရလို့ အထွက်နှုန်းကျ

"ပဲလေးမျိုးလို့ခေါ်တဲ့ ၃ လမြေပဲစိုက်တာပါ။ အထွက်နှုန်းက အရင်နှစ်လောက် မထွက်ကြဘူး။ ရာသီဥတုကောင်းပြန်တော့ စစ်ကြောင်းတွေဝင်လာလို့ အေးဆေးမလုပ်ရပါဘူး။ အခုမှနှုတ်နေကြတုန်းပါ။ အကုန်လုံးတော့ မပြီးကြသေးပါဘူး"

ပြည်မြို့ ၉၅၉ တပ်က စစ်သား ၂ ဦးထွက်ပြေးလို့ ဖခင်ကိုဖမ်းဆီးထား၊ တပ်ပြေး ၉ ဦးထိရှိပေမယ့် တပ်မှူးကစာရင်းလိမ်

“ တပ်သား ကိုကိုအောင်နဲ့ သူနဲ့ညီအကိုတော်တဲ့သူ ၂ ယောက်ထွက်ပြေးသွားလို့ သူတို့ကိုရှာတာမှာ အိမ်ပြန်လာသလားဆိုပြီး ပန်းတောင်းဘက် သူတို့ဇာတိရွာကို သွားရှာပြီး မတွေ့တာနဲ့ အဖေ ဖြစ်သူကို ဖမ်းခေါ်လာတာ”

ရေတာရှည်မှာ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကြောင့် အမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာရ

“ယာခင်းထဲမှာ အလုပ်လုပ်နေတုန်း ၉၀ မမလက်နက်ကြီးကျည်ထိတာပါ။ စိုးရိမ်ရတဲ့အနေအထားမှာရှိတယ်။ လက်နက်ကြီးနဲ့ ပစ်တာက တနေ့ကို ၄ ကြိမ်လောက်ရှိတယ်။ ဒီတလုံးက ထိသွားတာ။ ခုမနက်လည်း လက်နက်ကြီး ၃ လုံးကျသေးတယ်။ ရွာသားတွေ သတိပြုနေထိုင်ပေးဖို့ ပြောလိုပါတယ်"

ဂန့်ဂေါနယ် လုံဟောရွာသားတချို့ကို စစ်ကောင်စီတပ်က ဓားစားခံအဖြစ်ဖမ်းဆီးထား

“ဒီနေ့မနက် ရွာထဲမှာ အသုဘရှိတယ်။ သူတို့ဝင်လာတော့ တချို့ကလည်း ပြေးဖို့အချိန် မမီလိုက်တော့ အဖမ်းခံရတာဖြစ်မယ်။ ဖမ်းခံရတဲ့သူတွေက အသက် ၂၀ ဝန်းကျင် နဲ့ ၃၀ ကျော်အရွယ်တွေပါ။ ဘယ်သူတွေလဲဆိုတာတော့ ကျနော်တို့လည်း တိတိကျကျမသိရသေးဘူး။ စကစတွေကလည်း ရွာထဲမှာ ရှိနေတုန်းမို့ပါ”

ကျောက်ထုကနေ တပ်မ ၁၀၁ကိုလာတဲ့ စစ်ယာဥ်တန်းနဲ့လုံခြုံရေးအဖွဲ့တွေ မိုင်းဆွဲခံရ (ရုပ်/သံ)

ဩဂုတ်လ ၂၂ ရက် မနက် ၈နာရီလောက်မှာ အဲ့ဒီယာဥ်တန်းတွေကို ကမ္မနဲ့ ပခုက္ကူအကြားမှာ မြိုင် ပကဖက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်သလို မြေပြင်မှာလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

အုတ်ဖိုမြို့နယ်က အုပ်ကြီးလုပ်ဖို့ကြိုးစားနေသူ ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူး ရှင်းလင်းခံရ

"သူကိုစောင့်ကြည့်နေတာကြာပြီ။ အခြေအနေပေးလို့ ရွာမြောက်ပိုင်းတန်းမှာရှိတဲ့ သူရဲ့နေအိမ်ထဲမှာ ဝင်ရောက်ပစ်ခတ်ခဲ့တာ။ ၂ ချက်ပါ။ နေရာမှာပဲ သေဆုံးသွားတယ်။"

စစ်တပ်ထုတ်ကုန် ဝင်ငွေ ၇၀ ရာခိုင်နှုန်း လျော့ချရေး အညာက မြို့နယ် ၂၀ ကျော်မှာ ကမ်ပိန်းပြုလုပ်

“နယ်တွေမှာဆို စစ်တပ်ထုတ်ကုန်က မရှိသလောက်နီးပါးကို ရှားနေပြီ၊ ပြည်သူလူထုကလည်း အားမပေးကြဘူး၊ ဈေးဆိုင်တွေက မတင်ဘူးဆို ဒီပစ္စည်းတွေက ပြည်သူဆီ ရောက်မှာမဟုတ်တော့ ဈေးဆိုင်တွေကို အဓိကထားပြီးတော့ ဖြန့်နေတယ်၊ မြို့နယ်ပေါင်း ၂၀ကျော်မှာ စနေပြီ။”

ဝက်လက်မြို့နယ် အနောက်ခြမ်းကို စစ်ကြောင်းထိုး၊ ဒေသခံ ၁၅,၀၀၀ ကျော်ထွက်ပြေးနေရ

"ကျီးကန်မြောက်ရွာက ဒေသခံတချို့က မဖမ်းလောက်ဘူးဆိုပြီး ဘုန်းကြီးကျောင်းမှာတင်ရှောင်ကြတဲ့သူတွေ ရှိတယ်။ အဲ့ဒီဘုန်းကြီးကျောင်းထဲက ၆ ဦး အဖမ်းခံထားရတယ်လို့ ကြားတယ်။ အခု ကျီးကန်မြောက်ရွာထဲက နေအိမ်တွေကို မွှေနေတယ်"

ရွာသားတွေကြောက်အောင် စစ်တပ်ခေါ်ခြိမ်းခြောက်တဲ့ အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

အုပ်ချုပ်ရေးမှူး ဦးမြင့်ငြိမ်းဟာ ကျေးရွာသားတွေ သူ့ကို မကြောက်တာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်တပ်ကို ကျေးရွာကိုခေါ်ပြီး ဆိုင်ကယ်တွေ ဖမ်းဆီးငွေတောင်းခိုင်းတာ၊ ကျေးရွာထဲက CDM ဝန်ထမ်း အမျိုးသမီးတဦးကို စစ်တပ်နဲ့ခြိမ်းခြောက်ဖမ်းဆီးခိုင်းပြီး လက်ဝတ်လက်စားတွေ သိမ်းယူတာကြောင့် ရှင်းလင်းလိုက်တာလို့ နတ်မောက် ဂဠုန် PDF တာဝန်ခံ ဗိုလ်အောင်ဒင်ကပြောပါတယ်။

တက်မရေနံမှော် ရေနံတွင်းလုပ်သားတွေ စားဝတ်နေရေးခက်ခဲနေ

တပိုင်တနိုင်ရေနံတူးသူတွေအနေနဲ့ အခြားလုပ်ငန်းသစ် ပြန်လည်လုပ်ကိုင်ဖို့ ငွေကြေးအရင်းအနှီးနည်းပါးတာနဲ့ ဒေသအတွင်း အလုပ်အကိုင်ရှားပါးတာတွေကြောင့် အခက်တွေ့နေရပြီး ရေနံတွင်းလုပ်သားတွေမှာလည်း ရရာအလုပ်တွေကို လုပ်ကိုင်နေကြပေမယ့် အခြေခံစားကုန်တွေ စျေးနှုန်းကြီးမြင့်တာကြောင့် စားဝတ်နေရေးခက်ခဲနေကြတယ်လို့ ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10