သတင်းတို

မြိုင်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ ရဲစခန်းနဲ့ ပျူစောထီးရွာ ၂ ရွာ PDF တွေက ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

"တွင်းမပျူရွာကို ၉ လုံးစလုံး ချနိုင်ခဲ့တယ်။ ဖရဲသီးမရှိတော့ ထိခိုက်သေဆုံးမှု မသိရဘူး။ သရက်မှာတော့ စကစတွေနေတဲ့အိမ်တွေ ပျက်စီးသွားတယ်လို့သတင်းရပေမယ့် ထိခိုက်သေဆုံးတာမသိရဘူး။ ရဲစခန်းမှာလည်း အဆောင်တွေပျက်စီးတာရှိတယ်။ ထိခိုက်မှု မသိရသေးဘူး"

မီးပြတ်လို့ ဆဲတဲ့ အဆိုတော် ဗျူဟာကို စစ်ကောင်စီက ထောင်ဒဏ် နှစ် ၂၀ ချမှတ်

"ဒီနေ့ပဲ အင်းစိန်ထောင်တွင်း အထူးတရားရုံးက အမိန့်ချတာပါ။ ထောင်ဒဏ် နှစ် ၂၀ ပါ။ အထဲမှာ ကျန်းမာရေးကောင်းပါတယ်။ မိသားစုနဲ့ တွေ့ခွင့်မပေးဘူး"

မမှန်သတင်းလွှင့်လို့ဆိုပြီး မင်းလှမြို့ခံတဦးကို စစ်ကောင်စီဖမ်းဆီး

"ဦးပျော့ကို စစ်ကောင်စီကဖမ်းဆီးလို့ သေပြီဆိုတဲ့ သတင်းလွှင့်လို့ဆိုပြီး မနေ့(ဩဂုတ်လ ၂၁)ညနေက ကွမ်းဆိုင်ကနေ အပြန်လမ်းမှာပဲ စစ်သားတွေက ဖမ်းဆီးလိုက်တာ"

ခင်ဦးမှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်က ရွာကိုမီးရှို့

"ပထမ သူတို့မိုင်းမိတယ်။ မိုင်းကွင်းထဲရောက်ပြီး တိုက်မိုင်းတွေမိတယ်။ မိုင်းမိပြီး ဒီဘက်က တပ်ရင်းတပ်ဖွဲ့တွေက အသင့်ဝိုင်းပစ်တယ်။ အကျအဆုံးတော့ မသိရဘူး"

မင်းလှမှာ ခြိမ်းခြောက်ငွေတောင်းခံသူတွေကို ထိရောက်စွာအရေးယူမယ်လို့ ပကဖ ထုတ်ပြန်

"စာချခံရတဲ့သူတွေက ကြောက်နေကြတာ၊ သွားလည်းမပေးရဲဘူး။ သွားပေးလို့ စကစနဲ့တိုးရင် PDFထောက်ပို့ဖြစ်ဦးမယ်။ ရွာဘက်ကလူတွေကို ထပ်ပြီးကြောက်အောင်လုပ်နေတာ၊ ကျနော်တို့လည်း ပြည်သူအမြင်ရှင်းအောင် သေချာစုံစမ်းပြီးမှ ထုတ်ပြန်ခဲ့တာပါ "

ကသာမြို့မှာ စစ်တပ်က ဆိုင်ကယ်တွေကို ဖမ်းဆီးပြီး ငွေ ၅သောင်းနဲ့ ပြန်ရွေးခိုင်း

"ကသာမြို့က ဆိုင်ကယ်မြို့တော်လို့ ပြောလို့ရတယ်။ ဆိုင်ကယ်ကို အဓိကအားထားနေရတယ်။ လိုင်စင်မဲ့တွေ များတယ်။ ဂိတ်မှာဖမ်းမိထားတဲ့ ဆိုင်ကယ်တွေကို ငွေ ၅ သောင်းပေးရင်ပြန်ပေးတယ်။ ၅ သောင်းမပေးရင်တော့ စစ်တပ်ထဲကို ယူသွားတယ်"

ဦးပိုင်အမြတ်ငွေမရသေးလို့ တပ်မိသားစုဝင်တွေစိတ်ပျက်၊ အများပိုင်ဖြစ်လို့ လုပ်ငန်းစဉ်တွေအရ ကြန့်ကြာနေတာလို့ စစ်ကောင်စီပြော

“ပြီးခဲ့တဲ့ ဇွန်လထဲက မျှော်ရတာပေါ့၊ ၂ လကျော်လောက်ရှိနေပြီ။ လဆန်းကနေ လလယ်၊ လလယ် ကနေ လကုန် အမျိုးမျိုးတော့ပြောနေကြတာဘဲ။ စိတ်ကတော့ ပျက်တာပေ့ါလေ။ ပျက်လို့သာ ပျက်ရတာ အရင်ကလည်း ဒီထက်မက နောက်ကျတာဘဲဆိုတော့”

ရွှေညာမြေ (ရုပ်/သံ)

၆၀ မမ၊ တတောင့်ထိုး 5.56 သေနတ်၊ RC plane စတာတွေကို ထုတ်လုပ်ထားပြီး တလကို ၂ ကြိမ်လောက် စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲရင်ဆိုင်နေရပြီး အနည်းဆုံး တိုက်ပွဲပေါင်း ၄၀ လောက် တိုက်ခဲ့ပြီးဖြစ်တယ်လို့ ရွှေညာမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။

စစ်ကိုင်းနယ်စပ်က စစ်ကြောင်းကြောင့် ရဲဘော် ၃ ဦး သတ်ခံရပြီး အမျိုးသမီးငယ် ၁ ဦး သေဆုံး

“ကင်းသမားလေးတွေကို မနက် ၁ နာရီလောက်မှာ မိပြီး သတ်ပစ်လိုက်တယ်။ ကင်းကို ပတ်ဝိုင်းလိုက်တာဆိုတော့ ဘယ်လိုမှ မလွတ်တော့ဘူး ဖြစ်သွားတာ၊ နေ့လယ်ပိုင်းမှာ စစ်ကြောင်းထွက်သွားတယ် အယောင်ပြပြီး ကင်းပုန်းနဲ့ကျန်နေခဲ့တယ်။ အဲ့ချိန်မှာ ရွာသားတွေက အလောင်းထွက်ကောက်ချိန် အကောက်မခံဘဲ စက်လက်တွေနဲ့ တောက်လျှောက်ဆွဲတာ။ အဲ့မှာ နောက်ထပ်တယောက် ထပ်ကျသွားတယ်။” လို့ ဒေသခံတဦး က ပြောပါတယ်။

အိပ်ယာဘေး ဖယောင်းတိုင်မီးထွန်းထားရာမှ မီးလောင်ပြီး လူ ၃ ဦးသေဆုံး

"ညက မီးမလာတော့ ခြင်ထောင်ဘေး ဖယောင်းတိုင် မီးထွန်းအိပ်ကြတာနေမယ်။ မီးလောင်တော့ ကျန်းမာရေးမကောင်းတဲ့သူကော အိမ်သားတွေကော မီးလောင်သေဆုံးသွားတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ချီပါတောင်ရွာ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးနဲ့ ဒေသခံ ၁ ဦးကို စစ်တပ်က သတ်ပြီး နေအိမ်တွေက ပစ္စည်းတွေ သိမ်းယူ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါတောင်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်တပ်ဟာ ကျေးရွာ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးနဲ့ ရွာခံ ၁ ဦးကိုသတ်ပြီး လူမှုကူညီရေးအသင်းပိုင် ထော်လာဂျီ ၁ စီးနဲ့ ပြည်သူပိုင်ပစ္စည်းတွေကို ယူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကသာခရိုင်ရဲမှူးနေအိမ်နဲ့ မြို့အဝင်ဂိတ် ဒရုန်းနဲ့တိုက်ခိုက်ခံရ၊ စစ်ကိုင်းက စစ်ကြောင်းလည်း မိုင်းဆွဲခံရ

"ရဲမှူးအိမ်မှာက ရှေ့မှာဘန်ကာတွေနဲ့ အစောင့်တွေရှိတယ်။ သစ်ပင်ကြီးတပင်လည်းရှိတယ်။ ဗုံးသီးက သစ်ပင်ပေါ်ပြုတ်ကျသွားတာဖြစ်လို့ ထိခိုက်မှုမရှိခဲ့ဘူး။ မြို့ဝင်ဂိတ်မှာတော့ စကစ ၂ ယောက်သေတယ်။ ဗုံးချတဲ့အချိန် ဂိတ်ကိုဖြတ်သွားလာတဲ့ ပြည်သူ ၂ ယောက်ထဲက ဗုံးစတွေ ထိပြီးတော့ ၁ ယောက်သေတယ်။ နောက်တယောက်ကတော့ စကစ ပြန်ပစ်တဲ့ကျည်ထိလို့ ဒဏ်ရာရတာ"လို့ ကသာ PDF နဲ့ နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

နတ်မောက်မြို့အ၀င် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို PDF က လက်ပစ်ဗုံးနဲ့တိုက်ခိုက်

"ဘန်ကာအနားထိ သွားပြီး လက်ပစ်ဗုံး လျက်ဆားပုလင်းနဲ့ ပစ်ခဲ့တာ။ ဗုံးနဲ့ပစ်ပြီး ကျနော်တို့ ပြန်ဆုတ်လာတဲ့အခါ ၄ ပေအကွာလောက်မှာ ‌ဗုံးကွဲတာ အတော်ပြင်းတယ်။ အသေဆုံးတွေရှိနိုင်တယ်။ အခြေအနေတော့ မသိရသေးဘူး" လို့ OPRF - PLA တပ်ဖွဲ့၀င်တဦးက မြေလတ်အသံကို ပြောပါတယ်။

မြိုင်မြို့အနီး ထန်းဘုန်းတောရွာက နေအိမ် အလုံး ၃၀ ကျော်ကို စစ်တပ်က မီးရှို့

“ထန်းဘုန်းတောရွာကိုဝင်တဲ့အချိန် ကာကွယ်ရေးအဖွဲ့တွေနဲ့ ပစ်ခတ်ဖြစ်မှုတွေ ဖြစ်သေးတယ်။ သူတို့ဘက်က ထိခိုက်သေဆုံးတာတွေလည်း ရှိတယ်လို့ကြားတယ်။ သူတို့တွေ ထန်းဘုန်းတောရွာ ကိုမီးရှို့ ပြီး ကန်နီထဲကို ပြန်ဝင်တဲ့အချိန် အဲဒီရွာက ရွာသားတွေ သပြေခက်တွေနဲ့ ကြိုဆိုကြတယ်လို့ ကျနော်တို့ သတင်းရတယ်” လို့ မြိုင် - နွေဦးတော်လှန်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ပကဖ ၁ ဦး စစ်ကောင်စီနဲ့ ပူးပေါင်းသွားပြီး ဖော်ကောင်လုပ်နေလို့ တော်လှန်ရေးအဖွဲ့တွေအမြန် ပြောင်းရွှေ့ဖို့လို (ရုပ်/သံ)

"ပြောင်းရွှေ့တဲ့အခါမှာ စခန်းတွေကိုမဖျက်ဆီးဖို့နဲ့ စစ်ကောင်စီစစ်ကြောင်းလာတဲ့အခါ မှာလည်း အသင့်အနေအထားဖြစ်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားစေချင်ပါတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10