သတင်းတို

အရာတော်က PDFတပ်ရင်းတခုစီးနင်းခံရပြီး အမျိုးသမီးရဲဘော် ၁ ဦးအပါအဝင် ၃ ဦးတိုက်ပွဲကျ

“ဝင်လာတာ ဘယ်သူလဲ‌မေးတာ ပြန်မဖြေလို့ ရဲဘော်တွေဘက်က စပစ်တာကနေ အပြန်အလှန်ပစ်ခတ်ရင်း ရုန်းရင်းဆန်ခတ်အခြေအနေကနေ အပစ်ခံလိုက်ရတာပါ"

ချင်းတွင်းမြစ်မှာ စစ်ကောင်စီမော်တော်တွေ ၁ ရက်တည်း ၂ ကြိမ် တိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကောင်စီတပ်ဖွဲ့ဘက်က ၆၀ မမ လက်နက်ကြီး၊ စက်သေနတ် အပါအဝင် လက်နက်ငယ်တွေနဲ့လည်း ပြန်လည်ပစ်ခတ်ခဲ့သလို ကာကွယ်ရေးတပ်ဖွဲ့က RPG နဲ့ ပစ်ခတ်လိုက်လို့ စစ်ကောင်စီမော်တော်ယာဉ် ဒုတိယမြောက် မော်တော်ကိုထိမှန်ကာ ဘန်ကာတွေ ပြိုလဲပျက်ဆီးပြီး ထိခိုက်သေဆုံးတာတွေလည်း ရှိတယ်လို့ဆိုပါတယ်။

နတ်တလင်းနဲ့ကြို့ပင်ကောက်မှာ စစ်ကောင်စီစစ်ကြောင်းတွေကို PDFတိုက်ခိုက်

“ စစ်ကြောင်းကို စနိုက်ပါနဲ့ စောင့်ပစ်တာ တချက်ပဲပစ်လိုက်ရတာ။ နေရာတင်လဲပြီးသေသွားလို့ တောင်ညိုစက်လှေဆိပ်ကို ပြန်ထမ်းသွားတယ် “

ထိန်ကန်ရွာရှိ စစ်အုပ်စုကို ကာကွယ်ရေးတပ်ဖွဲ့က ဗုံးသီး ၅ လုံးနဲ့တိုက်ခိုက် (ရုပ်/သံ)

“သူတို့ဘက်က တော်တော်ကို လက်နက်ကြီးတွေ နဲ့ တအားပြန်ပစ်တာ၊ ကျနော်တို့ Drone နဲ့ ကြည့်တာ သူတို့ဘက်က ထိခိုက်မှုတွေရှိတယ်၊ မျက်မြင်ကိုယ်တွေ့ပါ ”

စဉ့်ကူးမြို့နယ်မှာ ပျူစောထီးတွေက ကျေးရွာတွေကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်

"အဲဒီနားက ရွာတွေက တမိုင်လောက်တောင် မဝေးကြဘူး။ နီးတယ်လေ။ ကြားထဲမှာလည်း ကိုင်းပင်တွေရှိတော့ အကာကွယ်လိုဖြစ်နေတာ။ အဲ့ဒီနေရာတွေကနေ ဗုံးလိုက်ချတာဖြစ်နိုင်တယ်"

ညောင်လေးပင်မှာ စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ဒေသခံ ၃ ဦးဒဏ်ရာရ

"ရွာထဲကျတဲ့အလုံးက လူတွေထိပြီး နွားတွေပါ ထိတာရှိတယ်။ တယောက်တော့ အခြေနေစိုးရိမ်ရတယ်"

PDF ၂ ဦးနဲ့ အမျိုးသား ၆ ဦးကို စစ်ကောင်စီတပ်က ရက်ရက်စက်စက် သတ်ဖြတ်သွား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီတပ်က PDF ၂ ဦးနဲ့ အသက်မပြည့်သေးတဲ့ အမျိုးသား ၃ ဦးအပါအဝင် ၈ ဦးကို အောက်တိုဘာ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ သတ်ဖြတ်ခဲ့ကြတယ်လို့ ​ဒေသခံတွေက ပြောပါတယ်။

ခင်ဦးနယ်က PDF နေထိုင်တဲ့နေရာတွေစီးနင်းခံရပေမယ့် လူ၊ပစ္စည်း ဆုံးရှုံးမှုမရှိဟုဆို

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ရွာသစ်ကျေးရွာမှာရှိတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ နေထိုင်တဲ့နေရာတွေ အောက်တိုဘာ ၁၅ ရက် မနက် ၇ နာရီလောက်မှာ စစ်ကောင်စီတပ်ရဲ့ ဝင်ရောက်စီးနင်းတာ ခံခဲ့ရတယ်လို့ KDK – Khin U Dog Killers တပ်ဖွဲ့ဆီက သိရပါတယ်။

အမြန်လမ်းမှာ ယာဥ်တိုက်မှုဖြစ်လို့ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

"သိရသလောက်က ကုန်စိမ်းတင်ယာဥ်က ခေါင်းပိုင်းကြေနေတယ်။ ရှေ့က ကားတစီးစီးကို ဝင်တိုက်မိထားတဲ့ ပုံဘဲ။ အနားမှာ တိုက်ထားတာလည်း ဘာမှမတွေ့ရဘူး။ အတိုက်ခံရတဲ့ ကားကိုတော့ မတွေ့ရဘူး"လို့ ဒေသခံတဦးကပြောပါတယ်။

နွားထိုးကြီးနဲ့ငါန်းဇွန်မှာ စစ်ကောင်စီတပ်တွေ မိုင်းဆွဲခံရ

"ကားပေါ်မှာဘဲ စကစ ၂ ကောင်ပွဲချင်းပြီးသေတယ်။ ကားဘေးမှန်တွေလည်း ပေါက်ထွက် ပျက်စီးသွားတယ်။ ကားတွေ မီးလောင်ပျက်စီးတာမျိုးမဖြစ်ခဲ့ဘူး။ တပ်တွင်းဖရဲသီးရဲ့ သတင်းပေးပို့ချက်အရ အတည်ပြုခဲ့တာ" လို့ Myingyan Black Tiger (MBT)ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

နွားထိုးကြီးက စစ်အုပ်စုတပ်စွဲတဲ့ နေရာ ၂ ခု ဗုံးကြဲခံရ

"စကစတွေက ဒီရွာတွေထဲမှာ သီးသန့်စခန်းချပြီး နေတာမဟုတ်ဘူး။ အခိုင်အမာ ကောင်းကောင်းလုပ်ပြီးတော့ ပြည်သူတွေရဲ့ ခြံဝန်းထဲမှာနေကြတာ။ အဲ့ဒါကို ဒရုန်းနဲ့ကြည့်ပြီး တိုက်ခိုက်တာ”

လက်ပံတန်းမှာ ကလေးချင်းရန်ဖြစ်ရာက လူကြီးချင်းလူသတ်မှုဖြစ်ပွား

“ ဂိုက်နဲ့ ထိုးတာလို့ပြောတယ်၊ ဘယ်ကိုထိုးမိတယ်လို့တော့ မသိဘူး။ ပွဲချင်းပြီးသေတာ ရွာသားတွေလည်း ရှုပ်ရှုပ်ယှက်ယှက် မပါချင်တော့ အနားသိပ်မကပ်ကြဘူး”

ဝေါမှာ ရေကင်းစောင့်တဲ့ စစ်ကောင်စီအဖွဲ့ စနိုက်ပါနဲ့ပစ်ခံရပြီး ၂ ဦးသေ

"ဒီဘက်က အဖွဲ့တွေက လှေနဲ့သွားပြီး စနိုက်ပါပစ်နိုင်တဲ့ အကွာအဝေးအရောက်မှာ ပစ်ခတ်ခဲ့တာ။ ပုံမှန်ဆို အင်အား ၁၀ ဦးလောက်ရှိတာ။ မျက်မြင်ကို ၂ ယောက်လဲကျသွားတာ"

ပွင့်ဖြူမြို့မရဲစခန်း၊ EPC ရုံးနဲ့ အခွန်ရုံးတွေကို PDF က တပြိုင်နက်တိုက်ခိုက်

“အခွန်ရုံးမိုင်းထောင်တာကို မြို့နယ်မှူးက ရဲ**တွေ ခေါ် ပြီးသွားကြည့်တဲ့အချိန်မှာ မိုင်းခွဲလိုက်တာနဲ့ တိုက်ဆိုင်သွားပြီးတော့ မြို့နယ်မှူးနဲ့ ရဲတွေထိခိုက်ဒဏ်ရာရပြီး အခွန်ရုံးပျက်စီးဆုံးရှုံးမှုရှိတယ်”

စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ ဒေသခံ ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရ

ရွှေဘိုမြို့နယ်ကနေ ဝက်လက်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးဖို့ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ အောက်တိုဘာ ၁၅ ရက် မနေ့က ရွှေဘိုမြို့မုဒ်ပေါက်ကနေပြီး ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ယင်းမာကျေးရွာထဲကို လက်နက်ကြီးကျည်ကျရောက်ခဲ့ပြီး အသက် ၁၈ နှစ်အရွယ် ကိုစိုးညီဝင်းကို ကျည်ထိမှန်ခဲ့ပြီး သေဆုံးသွားတာ ဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10