သတင်းတို

စဥ့်ကူးနယ်ကကျေးရွာတွေကို စစ်တပ်ကရွာလုံးကျွတ်မီးဝင်ရှို့နေ

လက်ရှိမှာ သဲအင်း၊ ဟင်္သာမ၊ ကြက်တူရွေးရွာ၊ မြစ်ကမ်းကြီးရွာတို့ မီးရှို့ခံထားရပြီး ဒေသခံ ၅၀၀၀ ကျော်လည်း ရှောင်တိမ်းနေရကာ ပျူစောထီးနဲ့စစ်တပ်က ကျေးရွာတွေအတွင်း ရှိနေသေးတယ်လို့ ဆိုပါတယ်။

ပေါက်နယ်က ၃ ရက်တာတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၃ ဦးသေပြီး ၁၀ ဦးကျော်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကြောင်း ၃ ကြောင်းကို အောက်တိုဘာ ၁၆ ရက်ကနေ ၁၈ ရက်အထိ ဒရုန်းနဲ့ ဗုံးကြဲတဲ့အပြင် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဒရုန်းနဲ့ဗုံးမကြဲခင် စစ်ကောင်စီစစ်ကြောင်း လာကတည်းက တိုက်ခိုက်မယ့်ကျေးရွာတွေကဒေသခံတွေကို ရွေ့ပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

ရွှေဆိုင်ပိုင်ရှင် အသတ်ခံရမှုသံသယနဲ့ ပေါင်းတည်နယ်ထိန်းရဲမိသားစုကို ဖမ်းဆီးစစ်ဆေးနေ (ရုပ်/သံ)

ဒီအမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံရသူတွေဟာ ပေါင်းတည်မြို့မရဲစခန်းက နယ်ထိန်းတာဝန်ခံ နေမျိုးအောင်နဲ့ မယားညီကိုတော်စပ်သူ ဘိုချဲ၊ မရွှေစင်(နယ်ထိန်း မိန်းမအစ်မ)၊ ယောက္ခမတော်စပ်သူ ကိုချစ်ကို၊ ကိုဝိုင်းချစ်၊ ကိုခိုင်ကိုကိုမောင်နဲ့ သဲကုန်းမြို့နယ်က အမျိုးသား ၂ ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ညောင်လေးပင်မှာ စစ်အုပ်စုပစ်တဲ့ လက်နက်ကြီးကျည်ထိလို့ ပြည်သူ ၂ ဦးဒဏ်ရာရ

အောက်တိုဘာလ ၁၈ ရက် နေ့လယ် ၁၂ နာရီခန့်မှာ ပုဇွန်းမြောင်းကျေးရွာအတွင်း တပ်စွဲထားတဲ့ ခမရ ၂၀ တပ်ရင်းက စစ်ကောင်စီတပ်သားတွေဟာ အနီးကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ ၁ လုံးက ရွာနဲ့ ၂ မိုင်အကွာရှိ မင်္ဂလာကုန်းရွာလမ်းမကို ကျရောက်ပေါက်ကွဲပြီး အထက်ပါ ပြည်သူ ၂ ဦးကို ထိမှန်ခဲ့တာလို့ဆိုပါတယ်။

စဥ့်ကူးမြို့နယ်၊ ဟင်္သာမကျေးရွာကို စစ်တပ်က ရေကြောင်းကနေ စစ်ကြောင်းထိုး

အောက်တိုဘာ ၁၉ ရက် ဒီနေ့မနက် ၅ နာရီလောက်က ဟင်္သာမကျေးရွာရဲ့ မြောက်ဘက် ၂ မိုင်ခန့်အကွာ ရွာသာယာကျေးရွာက ပျူစောထီးနဲ့ စစ်သားတချို့ပါတဲ့ သံခွန်သင်္ဘောဟာ ဟင်္သာမကျေးရွာအနီးကို ရုတ်တရက် ဝင်ရောက်ပစ်ခတ်ခဲ့တာတာကြောင့် ဟင်္သာမကျေးရွာ၊ မြစ်ကမ်းကြီးရွာ၊ ကြက်တူရွေးရွာ၊ စဥ့်အိုးကျွန်းရွာက ဒေသခံတွေ ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

ဆက်ကြေးကောက်ဖို့လာတဲ့ စစ်သားနဲ့ပျူစောထီးတွေ မိုင်းဆွဲခံရလို့ ၂ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူတွေရှိခဲ့တယ်လို့ မြောင်မြို့နယ်တော်လှန်ရေးတပ် - Myaung Revolution Army အဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

နေပြည်တော် ရဲဘက်စခန်းမှ အကျဉ်းသား ၇ ဦး ထွက်ပြေးနေ

"အဲ့ဒီရဲဘက်စခန်းက စည်းကင်းမတင်းကျပ်တော့ နိုင်/ကျဉ်းတွေ ထားတာနည်းတယ်။ မရှိသလောက်ပဲ။ လွတ်ရက်နီးတဲ့သူတွေကို လာထားတာများတယ်။ ခု ပြေးတဲ့လူတွေကလည်း လွတ်ဖို့နှစ်အနည်းငယ်လိုသေးတဲ့လူတွေ"

ဇဗ္ဗူရာဇ်ရွှေဆိုင်ပိုင်ရှင်ကို သတ်ဖြတ်တယ်လို့ သံသယရှိတဲ့ ပေါင်းတည်ရဲတပ်ဖွဲ့ဝင်မိသားစုကို ဖမ်းဆီးစစ်ဆေး

ဒီအမှုနဲ့ပတ်သက်ပြီး အခုဖမ်းဆီးခံရသူတွေဟာ ပေါင်းတည်မြို့မရဲစခန်းက နယ်ထိန်းတာဝန်ခံ နေမျိုးအောင်နဲ့ မယားညီကိုတော်စပ်သူ ဘိုချဲ၊ မရွှေစင် (နယ်ထိန်း မိန်းမအစ်မ)၊ ယောက္ခမတော်စပ်သူ ကိုချစ်ကို၊ ကိုဝိုင်းချစ်၊ ကိုခိုင်ကိုကိုမောင်နဲ့ သဲကုန်းမြို့နယ်က အမျိုးသား ၂ ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျောက်ကြီးမြို့နယ် KNU ထိန်းချုပ်နယ်မြေရှိ ကျေးရွာ ၁၈ ရွာက လယ်ဧက ၂၀၀၀ ကျော် ရေနစ်မြုပ်ပျက်စီး

"ပြီးခဲ့တဲ့ ရေကြီးမှုထဲမှာ လယ်တွေရေမြုပ်ပြီး တဝက်ပြန်ရတာ၊ လုံးလုံးပျက်စီးတာတွေရှိခဲ့တယ်။ ဒေသခံတွေက စစ်ဘေးကြားထဲကနေ စိုက်ပျိုးထားရတာက ခုရေဘေးကြောင့် ပျက်စီးမှုနဲ့ ထပ်ကြုံရတော့ စားဝတ်နေရေးက တော်တော်ခက်ခဲနေကြပြီ"လို့ ကျောက်ကြီးမြို့နယ် ကရင့်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီမှ တာဝန်ရှိသူက ​ပြောပါတယ်။

ရေဦးမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလို့ ကျေးရွာ ၈ ရွာက ဒေသခံတွေ ထွက်ပြေးနေရ

"ကားလမ်းဘေးက ရွာတွေကတော့ ** ကြောင်းနဲ့ မလွတ်တော့ ပြေးကြရတယ်။ တချို့ရွာတွေက စစ်ကြောင်းမဝင်ပေမယ့် လက်နက်ကြီးထုမှာစိုးတော့ ပြေးကြရတယ်"

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့ ၃ ကြိမ်တိုက်ခိုက်ခံရပြီး ၆ ဦးသေ

"စကစ စစ်ကြောင်းကို မိုင်း ၂ ကြိမ်ဆွဲပြီး စနိုက်ပါနဲ့ ၁ ကြိမ်ပစ်ခဲ့တာ။ အဲ့တိုက်ခိုက်မှုတွေမှာ စကစက ဒေသခံတွေကို လူသားဒိုင်းအနေနဲ့ ဖမ်းလာတာလည်းရှိတော့ ဒေသခံအချို့လည်း ထိခိုက်နိုင်ပေမယ့် အတည်မပြုရသေးဘူး။"

ဂန့်ဂေါနယ်အတွင်းမှာ စစ်တပ်ထုတ်ကုန် မြန်မာဘီယာတင်ဆောင်လာတဲ့ ကုန်တင်ယာဉ် ၁ စီးကို ဖမ်းဆီး

“စစ်ကောင်စီထုတ် မြန်မာဘီယာတွေပြန်ပြီးသယ်နေတာ။ သတင်းရထားလို့ ရှောင်တခင်စစ်ဆေးလိုက်တာ။ ထင်တဲ့အတိုင်းပဲ မြန်မာဘီယာတွေ၊ အချိုရည်တွေ ကုန်တင်ကားပေါ်ကနေ ‌တွေ့ခဲ့ရတယ်” လို့ YRA တပ်ဖွဲ့ခေါင်းဆောင် သခင်ဇော်က ပြောပါတယ်။

စလင်းပကဖ က ရဲဘော်တွေနဲ့ပြည်သူတချို့ကို သူနာပြုနဲ့ ဆေးဝါးကျွမ်းကျင်သင်တန်းပေး

"ဆေးကုသဖို့ စိတ်ဝင်စားတဲ့ ရဲဘော်တွေကို ကျွမ်းကျင်အောင် သင်ပေးတာပါ။ စာတွေ့၊ လက်တွေ့ သင်ပေးတယ်။ သင်ထောက်ကူပစ္စည်းနဲ့ဆေးဝါးတွေ လိုအပ်ချက်ရှိနေပါတယ်" လို့ စလင်းပကဖ တာဝန်ခံ M ဖိုးက မြေလတ်အသံကိုပြောပါတယ်။

ကျောက်ကြီးက ကျေးရွာ ၆ ရွာကို စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲလို့ KNLA ၃ ဦး၊ ပြည်သူ ၁ ဦးဒဏ်ရာရ

"တိုက်ပွဲမဖြစ်ဘဲနဲ့ကို လာပစ်သွားတာ။ ဗုံးတွေကျလာတော့ ဒေသခံတွေကလည်း ထွက်ပြေးရတာ ရှိတယ်" လို့ ကျောက်ကြီးမြို့နယ် ကရင့်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ တာဝန်ရှိသူက ပြောပါတယ်။

မုံရွာက အမျိုးသားတဦးကို စစ်ကောင်စီတပ်သားတွေ ပစ်သတ်

အသတ်ခံရသူမှာ အသက် ၃၀ ကျော်အရွယ် ကိုနေမျိုးအောင်ဖြစ်ပြီး ကျေးရွာဘုန်းကြီးကျောင်းကို စက်ဘီးစီးသွားချိန် စစ်ကောင်စီတပ်နဲ့တွေ့ကာ ဖမ်းဆီးခံလိုက်ရပြီးနောက် ဦးခေါင်းကို ပစ်သတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10