သတင်းတို

ကြို့ပင်ကောက်မြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဘန်နာချိတ်ဆွဲ

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ် တနေရာမှာ ဩဂုတ် ၂၀ ရက် မနေ့နေ့လယ်က "တပ်ပေါင်းစုနဲ့အတူချီတက် စစ်သုံးစစ်ကို အမြစ်ဖြတ်” စာတန်းပါဘန်နာကိုချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ထီးချိုင့်တိုက်ပွဲမှာ ဒဏ်ရာရသူတွေကို စစ်ကောင်စီက သင်္ဘောနဲ့သယ်၊ ဒေသခံတချို့ ဓားစာခံအဖြစ်အဖမ်းခံရ

"အဖမ်းခံထားရတဲ့သူတွေနဲ့ ဒဏ်ရာရ ၂၀ ကျော်လောက်ကို သင်္ဘောပေါ်တင်လာပြီး အခု ညနေ ၄ နာရီကျော်လောက်မှာ ထီးချိုင့်ဆိပ်ကမ်းကို ကပ်ထားတယ်။ ခါတိုင်းကတော့ တကောင်းမြို့နယ်ထဲက ကြာညှပ်ဘက်က ဆေးရုံကို သယ်တာများတယ်။ အခုတော့ အောက်ဆက် မစုန်သေးဘူး"

အရာတော်မှာ စစ်ကောင်စီတပ်က အမျိုးသမီးတွေအပါအ၀င် PDF အယောင်ဆောင်ပြီး စစ်ကြောင်းထိုးနေ

"စစ်တပ်က PDF တွေရဲ့ အ၀တ်တွေ၀တ်ပြီး ရွာထဲ၀င်တာ။ ပြီးရင် ဆက်ကြေးကောက်တယ်။ ဖမ်းတယ်။ ပြီးရင် PDF တွေလုပ်ပါတယ်ဆိုပြီး အယောင်ဆောင်ပြီး စစ်ကြောင်းထိုးတာတွေ လုပ်တယ်။ PDF တပ်ဖွဲ့တွေရဲ့ စခန်းကိုစီးပြီဆိုရင် ယူနီဖောင်းတွေအရင်ယူတာ။ အဲဒီကနေရကြတယ် ထင်တယ်။ သူတို့ထဲမှာ မိန်းမတွေလည်းပါတယ်" လို့ အရာတော်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်စခန်းတိုက်ခိုက်ခံရပြီး အရာခံဗိုလ်တဦးသေ၊ PDF တိုက်ခိုက်တာမဟုတ်ဘဲ စစ်သားအချင်းချင်း ပစ်တာလို့ သတင်းဖြန့်

“စခန်းဝန်းထဲက အိပ်ဆောင်ထဲထိ ဝင်နိုင်ပြီးတော့ သူ့ကို(အရာခံဗိုလ်) အိပ်ဆောင်ထဲတင် ပစ်လိုက် တာ။ ပစ်တဲ့ချိန်မှာ သူကကုတင်ပေါ်မှာ အိပ်နေတာ။ အိပ်နေတုန်းပစ်ရတာဆိုတော့ ပြန်ထမလာတော့ ဘဲ သေတာကိုအတည်ပြုနိုင်တယ်။ ပစ်တုန်းကတော့ အရာခံဗိုလ်မှန်းမသိသေးဘူး၊ နောက်မှ စစ်သား တွေကပဲ ထုတ်ပြောနေလို့ တဆင့်တဆင့်နဲ့ သတင်းပြန်သိရတာ”လို့ CDF - Asho မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက မြေလတ်အသံကို ပြောပါတယ်။

ရေတာရှည်က အုပ်ချုပ်ရေးမှူးရဲ့ ယောက္ခမ ပစ်ခတ်ခံရပြီး သေဆုံး

"သွားတာက တင်မောင်နိုင်ကို ဖမ်းဖို့သွားတာ။ သူကထွက်ပြေးချိန်မှာ သူယောက္ခထီးက ဓားထဆွဲတော့ ပစ်ခတ်ခဲ့တယ်။ နောက်မှာ ဒလန်စာရင်းပြန်ကြည့်တော့ သူတို့လည်းပါတယ်။ အုပ်ကြီးကော သူမိန်းမကော သူယောက္ခထီးကော ဒလန်တွေပါ။ ကျန်တဲ့သူကိုတော့ ဘာမှ မလုပ်ခဲ့ဘူး"လို့ ရေတာရှည် ပကဖ တာဝန်ရှိသူ က ပြောပါတယ်။

စစ်အုပ်စုပစ်တဲ့ လက်နက်ကြီးကျည်က ကြံ့ခိုင်ရေးထောက်ခံသူ နေအိမ်တွေကို ထိမှန်ပျက်စီး

"လာပစ်တာက စကစ အဖွဲ့က ၃ ဦးလောက်ဘဲ လက်နက်ကြီးထမ်းလာပြီး ဒိုးတန်းဘက်ကို ပစ်ခဲ့တာ။ စစ်တောင်းမြစ် ဟိုဘက်ကမ်းကနေ ဒီဘက်ကမ်းကို လှမ်းပစ်တာ။ တပ်ထောက်ခံသူ ကြံ့ဖွတ်အိမ်ထိတော့ ဆဲတာ မိုးမွှန်နေတာဘဲလို့ ပြန်သိရတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ခင်ဦးမှာ တိုက်ခိုက်ခံရပြီး စစ်သား ၁ ဦးသေဆုံး

“ပထမ ကန့်ဘလူက ထွက်လာတာက အင်အား ၁၀၀ ကျော်ကိုတော့ ကြားကနေ လက်နက်ငယ်နဲ့ ဖြတ်တိုက်မလို့စီစဥ်တာ၊ မဒေါင်းလှပျူနဲ့ပေါင်းလာတော့ အင်အား ၂၀၀ ကျော်ဆိုတော့ အင်အားချင်းမမျှလို့ တဖက်ပွင့် ၂ လုံးနဲ့ ဆွဲခဲ့တာ။ ဒရုန်းကင်မရာမှာ ၁ ဦးလဲကျနေပြီး ၂ ဦးက ထိခိုက်သွားတယ်"

နေပြည်တော်နယ်မြေအနီးမှာ စစ်ကောင်စီတပ်နဲ့ PDF ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်သား ၄ ဦးဒဏ်ရာရ

"ဒေသခံတွေဆီကနေ ဆက်ကြေးကောက်ဖို့ ထွက်လာချိန်မှာ တိုက်ခိုက်ခဲ့တာပါ။ ဒီကောင်တွေ ဆိုင်ကယ်တွေထားခဲ့ပြီး ကာပစ် ပစ်ပြီး ထွက်ပြေးသွားတယ်။ ထိတွေ့မှုဖြစ်တဲ့နေရာကို နယ်မြေရှင်းလင်းရေး လုပ်ပြီးမှ ပြန်တာပါ"

ရွှေဘိုမှာ စစ်တပ်က စာသင်ကျောင်းကို မီးရှို့ပြီး PDF အယောင်ဆောင်ကာ စစ်ဆေးဖမ်းဆီးတာတွေ လုပ်နေ

"မနေ့က ဖမ်းမိတဲ့အဝတ်တွေဝတ်ပြီး ရွှေဘိုအထွက်ကတံတားမှာ ဒေသခံတွေကို စစ်ဆေးနေတာလို့ သိရတယ်။ ရွာထဲက ဒေသခံတွေလည်း ထွက်ပြေးရင် ပစ်သတ်မယ်လို့ ခြိမ်းခြောက်ထားလို့ ဒေသခံတွေရွာထဲမှာ ရှိနေတယ်"

စစ်တပ်အထိုင်ချထားတဲ့ ရှိမ်းမကားရဲစခန်း တိုက်ခိုက်ခံရလို့ ၃ ဦးသေ ၈ ဦးဒဏ်ရာရ (ရုပ်/သံ)

"ကျနော်တို့ မပစ်ခင် မနက်စောစောက စခန်းထဲက ၁၇ ယောက်လောက်ထွက်ပြီး လက်နက်ကြီးနဲ့ ရွာသားတွေဘက်ကို ပစ်တာ။ မိန်းမသားတဦး လက်နက်ကြီးကျည်ကျပြီး ထိခိုက်ဒဏ်ရာရတယ်။ အဲ့ဒါနဲ့ ကျနော်တို့လည်း အဖွဲ့ ၆ ဖွဲ့ ဖွဲ့ပြီးတော့ လက်နက်ကြီးနဲ့ပစ်တယ်၊ ဒရုန်းနဲ့ ဗုံးကြဲချတယ်။"

ရွှေကျင် - ကျောက်ကြီးလမ်းပိုင်းကို စစ်ကောင်စီဖျက်ဆီးထားလို့ ဒေသခံတွေသွားလာရေးအခက်တွေ့

"ခုလမ်းက အရင် အင်္ဂလိပ်ခေတ်ကတည်းက လမ်းတွေ။ ခုက သူတို့ဂိတ်တွေကို ဝင်တိုက်ခံရမှာစိုးလို့ ဖျက်လိုက်တာနဲ့ တူတယ်။ ခုလောလောဆယ်တော့ ပြည်သူတွေဒုက္ခရောက်ရတာပေါ့။ သွားလာရ အဆင်မပြေတော့ဘူး။ သူတို့ဖျက်ထားတာဆိုတော့ ဘယ်သူမှလည်း မပြင်ရဲဘူး"

ABSDF တပ်ရင်း ၁၂ က စိုက်ပျိုးထားတဲ့နှမ်းတွေကိုရိတ်သိမ်း၊ မိသားစုဝင် နှမ်းခင်းတွေကိုလည်း ကူရိတ်ပေး

“ရရှိလာတဲ့ဆီကို တပ်တွင်းစားသုံးဆီအတွက် အဓိကအသုံးပြုသွားမှာပါ ။ တပ်ဖွဲ့ဝင်ထဲက မိသားစု ဝင်တွေစိုက်ပျိုးထားတဲ့ နှမ်းခင်းတွေကိုလည်း ကျနော်တို့ရဲဘော်တွေက ကူညီရိတ်သိမ်းပေးတာတွေလည်း လုပ်ခဲ့ပါတယ် "

သာစည်ရွာမှာ စစ်ကောင်စီကတပ်စွဲပြီး ၆ ရက်ဆက်တိုက်မီးရှို့ ပြည်သူ ၁ ဦးလည်း အသတ်ခံရ

“၆ရက်မြောက် မီးရှို့ခံနေရတယ်၊ ရွာထဲမှာ စစ်**တွေ အများကြီး နေရာယူထားကြပြီးပြီ၊ မနေ့က အသတ်ခံရတဲ့ ပြည်သူတယောက်တွေ့တာ၊ မီးလောင်အိမ်မှာပဲ သင်္ဂြိုဟ်ပေးလိုက်ကြတယ်၊ ဘယ်သူဆိုတာ မသိရသေးဘူး၊ ခုရွာကို ကပ်လို့မရတော့ဘူး။"

ဆိပ်ဖြူ လဝကရုံးက အစောင့်ရဲတွေ တိုက်ခိုက်ခံရလို့  ၂ ဦး ဒဏ်ရာပြင်းထန်

"Game ဆော့ရင်း ကင်းယူနေတဲ့ ရဲတွေအနားကို တလုံး၊ သဲအိတ်တွေကြားထဲ တည့်တည့်ကို တလုံးပစ်ထည့်လိုက်တာ။ ရဲတွေက ရုံးဖွင့်ရက်ဆို ၆ ယောက်၊ ရုံးပိတ်ရက်ဆို ၄ယောက် နေတာ။ ဒဏ်ရာရတာကို အတွင်းမှာသတင်းပြန်ပေးတဲ့ ရဲဖရဲသီးဆီက သိရတာဗျ"

ထီးချိုင့်တိုက်ပွဲ စစ်ကောင်စီတပ်အထိနာလို့ လေယာဥ်တွေနဲ့ ၄ ကြိမ်ဗုံးကြဲတိုက်ခိုက်

"ဗုံးကြဲတာက တိုက်ပွဲဖြစ်တဲ့နေရာ တောထဲကို ဗုံးကြဲတာဆိုတော့ လူနေအိမ်တွေမရှိဘူး။ အထိအခိုက်လည်း မရှိခဲ့ဘူးပေါ့။ စကစတွေက တိုက်ပွဲမှာ အကျအဆုံးများလို့ ဗုံးကြဲတာထင်တယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10