သတင်းတို

ကမ်းနီရေနံမြေက ရေနံစိမ်းတွေကို စစ်တပ်အရာရှိတဦးအပါအဝင် လူတစုက ခိုးထုတ်နေတယ်လို့ဆို

"ရေနံမြေလုံခြုံရေးအဖွဲ့ဝင်တွေက အထဲက ရေနံစိမ်းတွေကို ခိုးထုတ်ပေးတယ်။ ဗိုလ်ကြီး မင်းဝေနဲ့ ပဏာစားတဲ့သူတွေက ဝယ်ယူတယ်။ ကမ်းနီစခန်းက နယ်ထိန်းက လမ်းကြောင်းကြည့်ပေးတယ်။ အဲ့လိုနည်းနဲ့ နိုင်ငံပိုင်ရေနံစိမ်းတွေကို ခိုးထုတ်နေကြတာ"

အကြမ်းဖက်မှုကို အားပေးနေတဲ့ မြန်မာဝမ်ပေါင်-ယန်စီကုမ္ပဏီကို ဆားလင်းကြီးဒေသခံတွေ ရှုံ့ချဆန္ဒပြ

"ဆန္ဒပြရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ဝမ်ပေါင်နဲ့ယန်စီကို ပြစ်တင်ရှုံ့ချကန့်ကွက်တာပါပဲ။ ဒေသခံတွေရဲ့ လုပ်ငန်းခွင် အခြေအနေအရ ရွာတရွာတည်းပဲ လုပ်ဖြစ်ခဲ့တာ"

စစ်တပ် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ၂ ပွင့်ဗိုလ်အပါ စစ်သား ၃ ဦးသေဆုံး (ရုပ်/သံ)

"ဂိတ် အနီးအနားမှာ ကင်းပုန်းဝတ်တဲ့ပုံစံမျိုး စောင့်နေတဲ့ ** ၂ ကောင်ကို ကျနော်တို့ လက်ဦးမှုယူပြီး မီတာ ၅၀ အကွာကနေ ပစ်သတ်နိုင်ခဲ့တယ်။ ဘန်ကာနားမှာထိုင်နေတဲ့ ၂ ပွင့်ဗိုလ်လည်းမှန်တယ်။ မှန်ပြီးပြီးချင်း ပခုက္ကူသပြေညိုဆေးရုံမှာ တက်ရောက်ကုသတယ်၊ ညက သေသွားတယ်။ ကျနော်တို့ သတ်ချင်နေတဲ့ ပျူကောင် ခြေထောက်မှန်တယ်၊ အဲ့ဒီကောင်ကတော့ မသေဘူး၊ ဆေးကုနေတယ်၊"

ရွှေဘိုက ဆန်ကုန်သည် ၁ ဦးနေအိမ် ဓါးပြတိုက်ခံရပြီး ကျပ်သိန်း ၁၇၀ ကျော်ပါသွား

"အိမ်မှာက သက်ကြီးပိုင်းတွေပဲရှိနေချိန်၊ (ဓားပြ) ၂ ယောက်က အိမ်ထဲဝင်ပြီး အပြင်မှာ တချို့က စောင့်ပြီး ငွေတွေယူသွားတယ်လို့ သိရတယ်။ အနည်းဆုံး လူ ၄ ဦးလောက်ပါတယ်။ သေနတ်တွေလည်းပါတယ်"

အရှေ့ဘုန်းကံရွာတိုက်ပွဲမှာ စစ်အုပ်စုဘက်ဒဏ်ရာရသူ ၃ဦးထဲက ၂ဦးသေဆုံး (ရုပ်/သံ)

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ဦးဒဏ်ရာပြင်းထန်ပြီး ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရကာ ဒဏ်ရာပြင်းထန်သူ ၃ ဦးထဲက ၂ ဦးဟာ သြဂုတ် ၁၇ရက် ညပိုင်းမှာ သေဆုံးခဲ့တယ်လို့ Southen YSO PDF တာဝန်ခံ ဗိုလ်အောင်မောင်းကပြောပါတယ်။

နတ်တလင်းမှာ အုပ်ချုပ်ရေးမှူးတွေက ပြည်သူ့စစ်ဖွဲ့ဖို့ လိုက်လံစည်းရုံးစုဆောင်းနေ

"ပြည်သူ့စစ်ဆိုပြီး တအုပ်စု တရပ်ကွက်ကို ၅ ယောက်ပေးရမယ်။ လစာက တလကို နှစ်သိန်းတသောင်းနဲ့ လက်နက်ပေးမယ် ဂိတ်တွေမှာပဲစောင့်ရမယ်ဆိုတဲ့ မက်လုံးပေးတယ်။ အုပ်စုတိုင်းရပ်ကွက်တိုင်းတော့ ရချင်မှရမယ်။ အုပ်ကြီးတွေကသူတို့နဲ့ နီးစပ်သူတွေကိုတော့ လက်သိပ်ထိုး လိုက်စုနေတယ်"

စစ်ကိုင်းမှာ တပ်မ ၃၃ စစ်ကြောင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရ (ရုပ်/သံ)

"အဲ့ဒီစစ်ကောင်စီစစ်‌ကြောင်းဟာ ပဒူရွာမှာ အထိုင်ချနေတာ။ အင်အားကတော့ ၇၀ လောက်ပါတယ်။ စစ်သားတွေကတော့ တပ်မ ၃၃ ကပါ။ လက်လုပ်အဖူး ၁၂ လုံးလောက်ပစ်ခဲ့တယ်။ ထိခိုက်သေဆုံးမှုကို စုံစမ်းနေတုန်း"

ငါန်းမြှားရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ၁ ဦးသေ ၃ ဦးဒဏ်ရာရ (ရုပ်/သံ)

မြင်းခြံမြို့နယ်၊ အလယ်သောင်ကျေးရွာမှာ စစ်ကောင်စီအင်အား ၁၀၀ ကျော်လောက်က ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်နေတဲ့ သတင်းအရ စစ်ကောင်စီတပ်တွေ အာရုံပြောင်းစေဖို့ ငါန်းမြှားရဲစခန်းကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာလို့ Myingyan District Drone Strike တာဝန်ခံက ပြောပါတယ်။

ဆိပ်ဖြူက ရွာချင်းဆက်လမ်းကို စစ်ကောင်စီဖျက်ဆီး၊ ပြုပြင်ရင် အနီးကျေးရွာကိုမီးရှို့မယ် ခြိမ်းခြောက်

"လမ်းကိုပြန်ပြင်ရင် အနားကရွာတွေကို စစ်တပ်က မီးရှို့မယ်လို့ ခြိမ်းခြောက်သွားတယ်။ လက်ရှိက စစ်ကြောင်းလည်းရှိနေတော့ အဲ့ဒီလမ်းကို ဘယ်သူမှလည်း မသွားသလို ဘယ်သူမှလည်း မပြင်ကြဘူး"

ဖြူးမှာ စစ်ကောင်စီနေရာ ၃ ခု ဒရုန်းနဲ့တိုက်ခိုက်ခံရ ၃ ဦးသေဆုံးတယ်လို့ပြော

"တနေရာကို ဒရုန်းဗုံးသီး တလုံးစီချပြီး တိုက်ခိုက်ခဲ့တယ်။ တံတားနဲ့ရဲစခန်းက နေရာတွေမှာ ထိခိုက်သေဆုံးက အခုထိမသိရသေးဘူး။ ထန်းကုန်းရွာမှာတော့ ထိခိုက်သေဆုံးရှိတယ်"

ကလေးမြို့နယ်က သာစည်ရွာကို စစ်တပ်က မီးရှို့

“သာစည်ရွာက ဂန့်ဂေါ - ကလေးလမ်းမကြီးဘေးမှာရှိတာဆိုတော့ လမ်းရဲ့အရှေ့ဘက် အနောက်ဘက်မှာရှိတဲ့ အိမ်တွေအကုန်လုံးကို မီးရှို့တယ်။ ညအိပ်လိုက် မီးရှို့လိုက်နဲ့လုပ်နေတာ အိမ်ခြေ ၂၀ ကျော်လောက်တော့ မီးထဲပါသွားပြီ။ ကျနော်ထင်တာကတော့ သူတို့က အဲ့ဒီလမ်းပိုင်းကို နယ်မြေစိုးမိုးမှုရချင်လို့ အဲ့လိုလုပ်တာလို့တော့ထင်တယ်”

ရေစကြိုနယ်မှာ ခလရ ၂၅၇ စစ်ကြောင်း ၂ ကြိမ်ကြားဖြတ်တိုက်ခိုက်ခံရ (ရုပ်/သံ)

"တိုက်ခိုက်တာက နာရီဝက်လောက်ကြာတယ်။ သေဆုံးတာကတော့ ၇ ကောင်သေတယ်။ ခလရ ၂၅၇ တပ်က စစ်သားတွေပါ။ တိုက်ခိုက်ပြီးနောက် ခလရ ၂၅၇ တပ်ထဲကနေ ကား ၂ စီးထွက်လာတယ်။ တစီးကတော့ အထောက်ကားဖြစ်ပြီး တစီးကတော့ ဖောကားနဲ့ လူအင်အားချိန်းတယ်။ ဒဏ်ရာရတာဟာတွေ သေတဲ့ဟာတွေ အဲ့ဒီကားနဲ့တင်ပြီး ပြန်ဆုတ်သွားတယ်"

တမူးမြို့က ရပ်ကျေးကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တဦး အသတ်ခံရ

"သူက ဆိုင်ကယ်နဲ့ မင်းသာရွာကိုသွားတာ။ အဲ့ဒီအချိန်မှာ ပစ်ခံရတာလို့ သိရတယ်။ ဘယ်အဖွဲ့က ပစ်သွားလဲဆိုတာတော့ မသိရပါ"လို့ တမူးမြို့ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

မင်းလှမှာ စစ်ကောင်စီအတွက် ဂိတ်ကြေးကောက်ပေးနေတဲ့လင်မယား ရှင်းလင်းခံရ

"အမျိုးသားဖြစ်သူက သစ်တောဂိတ်မှာ စကစ အတွက် ဂိတ်ကြေးကောက်ပေးတဲ့ အလုပ်လုပ်တယ်လို့တော့ သိရတယ်။ မိန်းမလုပ်သူကတော့ စျေးရောင်းတယ်။ ဘာကြောင့် ပစ်သတ်ခံရလဲဆိုတာတော့ မသိရဘူး"

ဘုတလင်မြို့‌က စစ်တပ် တပ်စွဲထားတဲ့ထွေအုပ်ရုံးနဲ့ စုပေါင်းရုံးကို ဒရုန်းနဲ့ဗုံးကြဲ

"ဘုတလင်နယ်မှာရှိတဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးပြီး စစ်ကြောင်းထိုး ဒုက္ခပေးနေတာကြောင့် မြို့ပေါ်မှာရှိတဲ့ သူတို့(စကစ)တပ်စွဲထားတဲ့နေရာကို သွားတိုက်ခိုက်တာပါ။ အဲ့ဒီဒေသတွင်း အဖွဲ့က အကူအညီတောင်း လှမ်းခေါ်တာပေါ့"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10