သတင်းတို

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ အမျိုးသမီး ၂ ဦးဒဏ်ရာရ

"သူတို့ပစ်တဲ့ လက်နက်ကြီးတွေထဲက တလုံးက ရွာထဲကျပြီး လူထိတယ်။ ကျန်တာက ရွာပြင်ကျတယ်။ ခုလိုပဲ စကစတပ်ဘက်က ရွာတွေကို ပစ်နေကျ"

မတ္တရာမှာ စစ်တပ်က စစ်ကြောင်းထိုးပြီး အမျိုးသမီးတဦးကိုပါဖမ်း

အောက်တိုဘာလ ၅ ရက်ဒီမနက် ၄ နာရီလောက်မှာ မန္တလေးနန်းတွင်းကနေ စစ်ကောင်စီတပ်တွေက ကြက်ပြင်ကျေးရွာကို ကား ၃ စီးနဲ့ ဝင်ရောက်လာပြီး ရွာအနောက်ဘက်ရှိ နေအိမ် ၂ လုံးကိုမီးရှို့ကာ အသက် ၃၀ အရွယ် မဇင်မာဝင်း ကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

ဘာသာရေး အထင်ကရနေရာတခုဖြစ်တဲ့ ပဲခူးဒေးစွန်ပါရှိ ဘုရားစေတီတွေကို စစ်ကောင်စီက ဖျက်ဆီးပြီး ဘုန်းကြီးတွေကို နှင်ထုတ်

"PDF တွေရှိနေတယ်ဆိုပြီးပြောပြီး ခေါ်လာတာမဟုတ်ဘူး။ သာသနာ့နယ်မြေမှာ ဝါးရုံတွေရှင်းရမယ် ဆိုပြီး ခေါ်လာတာ။ ဒီရောက်မှ ဘုရားတွေ၊ ဘုန်းကြီးကျောင်းတွေကို ဖျက်ခိုင်းတာ" လို့ ဖျက်ဆီးရာမှာ ပါ၀င်ခဲ့သူနဲ့ နီးစပ်သူက မြေလတ်အသံကို ပြောပါတယ်။

ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီကား မိုင်းထိပြီးပစ်ခတ်ခံရလို့ ထိခိုက်သေဆုံးသူရှိ

"အာရာဖတ် ၂ စီး၊ ကန်တာ ၁ စီးနဲ့ထွက်လာတာ မိုင်းကွင်းထဲရောက်လာတော့ မိုင်းဆွဲလိုက်တာ ကား ၁ စီးကထိပြီး ရပ်သွားတယ်။ သူတို့ဘက်ကလည်း ပြန်ပစ်တာရှိတော့ နာရီဝက်လောက် တိုက်ပွဲဖြစ်သွားတယ်" လို့ နယ်စည်းမခြားရွှေဘိုသား အဖွဲ့တာဝန်ခံ ဗိုလ်မိုက်ခဲက ပြောပါတယ်။

မြိုင်နဲ့ပေါက်မြို့နယ်တွေထဲမှာ စစ်ကောင်စီက စာသင်ကျောင်းနဲ့ နေအိမ်တွေကိုမီးရှို့၊  ဒေသခံတွေကိုလည်း ဖမ်းထား

ဝက်ကျရွာထဲကို စစ်ကောင်စီတပ်က အခုလိုဝင်ရောက်မွှေနှောက်တာဟာ ၄ ကြိမ်ထက်မနည်း ရှိပြီဖြစ်ကြောင်း နဲ့ ဒေသခံတွေဟာလည်း ထွက်ပြေးတိမ်းရှောင်နေတာ ဒီနေ့နဲ့ဆို ၁၀ ရက်လောက်ကြာလာလို့ အိမ်ကယူဆောင်လာတဲ့ စားသောက်စရာတွေလည်းပြတ်လပ်ကာ စားသောက်ဖို့ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ ဝက်ကျဒေသခံက ဆက်ပြောပါတယ်။

စလင်းမြို့ပေါ်မှာ ကင်းပတ်ပြီးပြန်လာတဲ့ ရဲတွေကို PDF က တိုက်ခိုက်

အောက်တိုဘာလ ၅ ရက် ဒီကနေ့မနက်အစော ၁ နာရီခွဲဝန်းကျင်မှာ ဆိုင်ကယ် ၃ စီးနဲ့ ရဲ ၆ ဦးဟာ ကင်းပတ်ပြီး ရဲစခန်းကိုပြန်လာချိန် မြင်တင်ရပ်ကွက်ရှိ ဆင်ကိုးကောင်ဘုရားအနီးမှာ တိုက်ခိုက်ခဲ့တာ လို့ ဆိုပါတယ်။

လက်နက်ကိုင် ပျူစောထီးအဖွဲ့ကား ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

"သူတို့မနက်အစောကြီး မြင်းခြံသွားတာသိရတယ်။ ပြန်လာတာလည်း သတင်းရလို့ စောင့်ဆိုင်းပစ်ခတ်တာ။ ရဲဘော်တယောက်ကို ကျည်အတောင့် ၃၀ စီလောက်ကုန်အောင် ပစ်ခတ်ခဲ့ရတယ်"လို့ မြင်းခြံမြို့နယ် ပကဖတာဝန်ရှိသူက ပြောပါတယ်။

မြိုင်မှာ PDF က မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကောင်စီ ၄ ဦးသေ (ရုပ်/သံ)

အင်အား ၂၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်သားတွေဟာ ကိုင်းတောမရွာကနေ ဆုံကုန်းရွာဘက် ခြေလျင်လာ တာကို ၂ ရွာ ကြားကနေ မနက် ၁၁ နာရီလောက်မှာ ရှေ့ထွက် မိုင်း ၁၆ လုံးအပြင် လက်နက်ငယ်တွေနဲ့ပါ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကိုင်းမြို့ ဂုံးကျော်တံတားပေါ်မှာ အမျိုးသား ၁ ဦး သေနတ်နဲ့ပစ်ခံရလို့ သေဆုံး

"သူက နေအိမ်ကနေ ကွမ်းဝယ်ဖို့ဆိုပြီး ဆိုင်ကယ်နဲ့ထွက်သွားတာ။ မြင်လိုက်တဲ့သူတွေက ကားပေါ်ကနေ သေနတ်နဲ့ပစ်သွားတယ်လို့တော့ ပြောကြတယ်။" လို့ ဒေသခံတဦးက ပြောပါတယ်။

မုံရွာမှာ အုပ်ချုပ်ရေးမှူးနဲ့ ရဲတဦးကားနဲ့အပြန် ပစ်ခတ်ခံရလို့ သေဆုံး

" ဒီမနက် ၉နာရီလောက်မှာ သူ့ကိုလမ်းကနေစောင့်ပြီး ပစ်ခတ်ရှင်းလင်းခဲ့တာပါ"

မုံရွာစီးပွားရေးတက္ကသိုလ်အနီးက စစ်တပ်ဂိတ်တိုက်ခိုက်ခံရလို့ ၄ ဦးသေ ၂ ဦး ဒဏ်ရာရ (ရုပ်/သံံ)

"စစ်ကောင်စီ ၄ ဦးသုတ်သင်နိုင်ခဲ့တယ်။ ၂ ဦးကတော့ထိခိုက်ဒဏ်ရာရရှိတယ်ဆိုပြီး သတင်းရထားတယ်။"

အရာတော်မှာ ပျူစောထီးတဦးရဲ့ နာရေးကျင်းပနေတာကို  PDF က တိုက်ခိုက်

ပူးပေါင်းအဖွဲ့က ငွေတွင်းကျေးရွာက ပျူစောထီးစခန်း၊ နာရေးအိမ်နဲ့ လုပ်တိုင်ကုန်း(သင်္ချိုင်းကုန်း)တို့ကို ဒရုန်းအကြီးစား ၄ စီးနဲ့ ဗုံးသီး ၁၀ လုံး၊ Shar Htoo War နည်းပညာ ဒရုန်းလေယာဉ်ငယ်နဲ့ ဗုံးသီး ၅ လုံး စုစုပေါင်း ၁၅ လုံးနဲ့ တိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ကြီးငယ်တွေနဲ့လည်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ရေစကြိုနယ်ထဲမှာ စစ်တပ်စစ်ကြောင်းကို PDF ပူးပေါင်းအဖွဲ့ကတိုက်ခိုက်၊ စစ်သား ၁၈ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရဟုဆို

"ဒီကောင်တွေသေတာက ၁၅ ကောင်သေတယ်။ ဆေးရုံရောက်မှ နောက်ထပ် ၃ ကောင်သေတော့ ၁၈ ကောင်သေတယ်။ ၁၀ ကောင်ဒဏ်ရာရတယ်။ လူနာတင်ကားနဲ့ ၅ ခေါက် လာသယ်ရတယ်။"

ပဲခူးမြို့ရှောင်လမ်းရှိ စစ်ကောင်စီထောက်ပို့တပ် တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရသူများရှိ

"၄၀ မမနဲ့သွားပစ်ကြတာ။ အဲ့ဂိတ်မှာက စစ်ကောင်စီတပ်သားတွေက လူဦးရေက ပုံမှန်တော့မရှိဘူး။ ၅ ဦးရှိရင်လည်းရှိတယ်။ အဲ့ထက်ပိုရှိရင်လည်းရှိတယ်။ ပစ်ခတ်မှုကတော့ သိပ်မကြာလိုက်ပါဘူး"

ကျဆုံးရဲဘော်ရဲ့ ကျန်ရစ်သူ ချို့တဲ့မိသားစုဝင် ၅ ဦးကို ထောက်ပံ့ဖို့ အကူအညီလိုအပ်နေ

"ရဲဘော်ရဲ့မိသားစုကို မထောက်ပံ့နိုင်သေးပါဘူး။ သူတို့က လက်လုပ်လက်စားတွေဆိုတော့ ချို့တဲ့ကြတယ်။ ထောက်ပံ့ပေးဖို့ အကူအညီလိုအပ်နေတာပါ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10