သတင်းတို

မန္တလေး-ရန်ကုန်မီးရထားလမ်းပိုင်းမှာ မိုင်းကွဲလို့ ကုန်တင်ရထားတွဲဆိုင်းတွေ ပျက်စီးတိမ်းမှောက်

"ဖြစ်တာက သပိတ်လှန်ဘုန်းကြီးကျောင်းအနော​က်ဘက် ကျောက်တံခါးနဲ့ ဖြူးမြို့နယ်ကို ခြားထားတဲ့ တံတားနားမှာဖြစ်တာ။ စက်ခေါင်းနဲ့ ရှေ့တတွဲက လွတ်သွားပေမယ့် နောက်တွဲတွေက ထိသွားတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ခင်ဦးမှာ စစ်တပ်က စီးနင်းပစ်ခတ်လို့ ၃ နှစ်အရွယ်ကလေးငယ်အပါ ၂ ဦးသေဆုံး

"မြို့ပေါ်မှာ တိုက်ပွဲဖြစ်နေသလိုကို တဖက်သတ်ထဲပစ်ဝင်တာ။ သေတဲ့ကလေးက အမွှာမှာ အကြီးကောင်လေး၊ အငယ်ကောင်လေးနဲ့ အမေ ဒေါ်သီတာဦးကို စစ်တပ်က ဖမ်းသွားတယ်။ အကြီးကောင်လေးရဲ့ အလောင်းကိုပါ စစ်တပ်ကယူသွားတယ်"လို့ Khin Oo Support Organization တာဝန်ခံ ဗိုလ်လင်းရောင်က ပြောပါတယ်။

ပခုက္ကူ တပ်မ ၁၀၁ ကိုသွားမယ့် စစ်အုပ်စု တိုက်ခိုက်ခံရလို့ စစ်သား ၃ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ (ရုပ်/သံ)

"မနက်ပိုင်း ၈ နာရီ ၄၀ မိနစ်လောက်မှာ အုန်းတောရွာကို ဝင်တယ်၊ နေ့လယ် ၁၀ နာရီလောက်မှာ အုန်းတောရွာအပြင်ဘက်ထွက်လာတဲ့အချိန် ကျနော်တို့က အသင့်စောင့်ပြီး ဝိုင်းပစ်ကြတယ်၊ စစ်ကောင်စီဘက်က စစ်** ၃ ကောင်လဲကျသွားတယ်၊ နေ့လယ် ၁၁ နာရီ ၄၀ မိနစ်မှာ နောက်ထပ်တပွဲဖြစ်တယ်၊ ၅ မိနစ်လောက်ပဲ ကြာတယ်၊ ၁ ကောင်တော့လဲကျသွားတယ်၊ ၃ ကောင်သေပြီး ပေါက်ဆေးရုံမှာ ၁ ကောင်ကုသနေတယ်" လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ပကဖ တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

ယင်းမာပင်မှာ ကျဆုံးရဲဘော်တွေအတွက် NUG က ထောက်ပံ့ငွေနဲ့ ဂုဏ်ပြုလွှာပေးအပ်

"တိုက်ပွဲတွေမှာကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ မိသားစုတွေရှိတဲ့ နေအိမ်အရောက် လိုက်လံပေးအပ်ခဲ့တာပါ။ ကာကွယ်ရေးဝန်ကြီးဌာနကိုတင်ကတည်းက နေအိမ်အရောက် သွားရောက်ပေးအပ်မယ်ဆိုလို့ ကျနော်တို့ တပ်ရင်းကို ရောက်လာလို့ နေအိမ်အရောက် သွားရောက်ပေးအပ်ခဲ့တာပါ"လို့ ဒုတပ်ရင်းမှူး ကိုမင်းက ပြောပါတယ်။

စစ်ကိုင်းမြို့နယ် စမွန်းရွာက လူနေအိမ်တွေကို စစ်တပ်က မီးရှို့

“သူတို့(စစ်ကောင်စီတပ်) ခက်ခရွာထဲ ရှိနေတဲ့အချိန် ကာကွယ်ရေးအဖွဲ့တွေက Drone တွေနဲ့ သွားပစ်တယ်။ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ အဲလိုအပစ်ခံရတော့ စမွန်းရွာထဲကိုဝင်ပြီး မီးရှို့တော့တာဘဲ။ အခုချိန်ထိ မီးလောင်နေ တုန်းဆိုတော့ ကျနော်တို့လည်း မီးထဲနေအိမ်ဘယ်လောက်ပါသွားလဲ မသိရသေးပါဘူး” လို့ Wetlet Informational Network အဖွဲ့ တာဝန်ခံတဦးက ပြောပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ပေါက်ခေါင်းက ရပ်/ကျေးအုပ်ချုပ်ရေးမှူး ခြင်းခတ်နေချိန် ပစ်သတ်ခံရ

“အုပ်ကြီးက ခြင်းခတ်နေတာ အရင်ဆုံးလူစုခွဲတဲ့အနေနဲ့ မြေကြီးကို တချက်ပစ်ချိန်မှာ အုပ်ကြီးကကြောင်ပြီး ကြည့်နေတုန်း ရှင်းလိုက်တာ ပွဲချင်းပြီးပဲ” လို့ PPDF ရဲ့ သတင်းထောက်လှမ်းရေးတာဝန်ခံက ပြောပါတယ်။

အရာတော်က ဓားစာခံအဖြစ်ဖမ်းဆီးခံထားရသူတချို့ ပြန်မလွတ်သေး

"ကလေးနဲ့အမျိုးသမီးကြီးကိုတော့ ပြန်လွှတ်လိုက်တယ်လို့ ကြားတယ်။ အမျိုးသားတွေက ဘယ်ရွာတွေက ဖမ်းလာလဲ မသိဘူး။ ၁၄ ရက်နေ့ တိုက်ပွဲဖြစ်တော့လည်း ဓားစာခံတချို့ပါတယ်" လို့ ကိုနတ်ဆိုးက ပြောပါတယ်။

အင်းတော်မှာ PDF နဲ့ ဆက်စပ်ဆိုသူ ၂ ဦး ထောင်တကျွန်းချ၊ တသက်တကျွန်းကျသူ ၇ ဦးအထိရှိလာ

"အင်းတော်မှာက ဖမ်းဆီးခံရသူတွေများတော့ ဒီ ၂ ယောက်က ဘယ်နေ့၊ ဘယ်နေရာမှာ အဖမ်းခံရတယ်ဆိုတာ ကို မသိရဘူး။ စကစ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေက တသက် တကျွန်းချဆိုပြီး တင်မှသိရတာ"လို့ Inwdaw Revolution - IRမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီလက်နက်ကြီးကျည်ကြောင့် ကျောင်းသား ၂ ဦး အပါ ၄ ဦးသေဆုံး

"စကစ ဘက်ကတော့ ခုရက်ပိုင်းမှာ လက်နက်ကြီးတွေကို အလွန်အကျွံသုံးပြီး နေ့တိုင်းပစ်ခတ်နေတာရှိတယ်။ KNU တပ်မဟာ ၃ နယ်မြေထဲက ရွာတွေကိုပစ်နေတာ။ စစ်ကြောင်းမဝင်ခင် ကြိုတင်ပစ်ခတ်တဲ့ သဘောလဲပါတယ်။ အကြောင်းမဲ့ပစ်နေတာကများတယ်။"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဝက်လက်က လယ်ကိုင်းရွာကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ ဒေသခံ ၃ ဦး ဒဏ်ရာရ

ဒီနေ့သြဂုတ်လ ၁၇ ရက် နေ့လယ် ၁၂နာရီခွဲလောက်က လယ်ကိုင်းရွာစာသင်ကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ၄၀ မမ ဗုံးနှစ်လုံးချခဲ့ရာမှာ စာသင်ကျောင်းထဲကို မကျဘဲ စာသင်ကျောင်းအနောက်ဘက်က နေအိမ်ပေါ်ကိုကျပြီး နေအိမ်ခေါင်မိုးတွေပျက်စီးကာ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အုတ်ဖို ခမရ ၆ တပ်မှာ တပ်သားက သေနတ်ကျည်ရှင်းစဉ် မှားယွင်းပစ်ခတ်မိလို့  ဗိုလ်ကြီးတဦး ကျည်ထိမှန်သေဆုံး

"တပ်ခွဲမှူးက တပ်သားကိုသေနတ်တွေ ကျည်ရှင်းခိုင်းတာ။ ကျည်ရှင်းပြီးချထားတဲ့ သေနတ်နဲ့ ကျည်ရှိနေတဲ့ သေနတ်မှားပြီးတော့ ကျည်မရှိဘူးအထင်နဲ့ စမ်းသပ်ပစ်တဲ့အချိန်မှာ တပ်ခွဲမှူးကို ပစ်မိသွားတာ။ တပ်ခွဲမှူးရဲ့ လည်ပင်းကိုမှန်တာပါ။ ခုတော့ တပ်သားလည်းအချုပ်ထဲမှာပါ။ စစ်ဆေးနေတုန်းပါ" လို့ ခမရ ၆ နဲ့ နီးစပ်တဲ့ တပ်တွင်းသတင်းရင်းမြစ်က မြေလတ်အသံကို ပြောပါတယ်။

မုံရွာမြို့ပေါ်မှာ မှန်လုံကားနဲ့ ဆိုင်ကယ် တိုက်မိလို့ ဆိုင်ကယ်မောင်းသူ လူငယ်သေဆုံး

“ကျနော်တို့တွေ့တဲ့အချိန်က ဆိုင်ကယ်နဲ့ လူဘဲတွေ့တယ်။ တိုက်သွားတဲ့ကားက မိ၊ မမိဆိုတာတော့ မသိရဘူး။အဲဒီကောင်လေးက မုံရွာမြို့ပေါ်ကဘဲဖြစ်ဖို့များတယ် ။ဘယ်သူဘယ်ဝါလဲဆိုတာတော့ တိတိကျကျမသိရဘူး ။ ယာဉ်တိုက်မှုဖြစ်ပြီးတော့ သူ့ရဲ့မိသားစုဝင်တွေလည်းရောက်လာတယ်”လို့ ဆိုပါတယ်။

မြင်းမူနဲ့ ချောင်းဦးမှာ စစ်အုပ်စုတိုက်ခိုက်ခံရပြီး စစ်သား ၅ ဦးသေဆုံး (ရုပ်/သံ)

မြင်းမူမြို့နယ်, ဝမ်းပြည့်ကျေးရွာနဲ့ အလကပ္ပကျေးရွာကြားရှိ ရေဦးဆီဆိုင်ဟောင်းနားမှာ ခရီးသွားပြည်သူတွေဆီက ပိုက်ဆံကောက်နေတဲ့စစ်သားတွေကို သြဂုတ်လ ၁၅ ရက်မနက် ၁၁ နာရီလောက်မှာ ဒရုန်းနဲ့ ဗုံးသီး ၃ လုံးချ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုတော့ မသိရဘူးလို့ ဆိုပါတယ်။

အကျဉ်းသားတွေကို ၁၂ ဘီးကားနဲ့ထောင်ပြောင်းဖို့လာတဲ့လမ်းမှာ မိုင်း ၂ ကြိမ်ဆွဲခံရလို့ နိုင်/ကျဉ်း ၁ ဦး သေဆုံး

"ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရသေးဘူး။ နိုင်ငံရေးအမှုနဲ့ နှစ်ကြီးကျခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပါတယ်။ သံခြေချင်းတွေ ၂ ယောက်တတွဲခတ်ထားပြီး ခေါ်လာတာဆိုတော့ တယောက်ထိရင် နောက်တယောက်ပါ ထိတာပေါ့။ ဒေါက်တာဇော်ထွယ်အောင်ကတော့ ဆုံးသွားတယ်။" လို့ မုံရွာသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၀င် ကိုအောင်နေမျိုးက မြေလတ်အသံကို ပြောပါတယ်။

ရွှေဘိုမှာ မိုင်းထိလို့ ကလေး  ၁ ဦးအပါအဝင်  ၃ ဦးဒဏ်ရာရ

"သူတို့က ရွှေဘိုမြို့မှာ သွားနေပြီး ရွာကို လာလိုက်ပြန်လိုက်ရှိတယ်။ အဲ့လမ်းမှာ မိုင်းရှိနေလို့ ဒေသခံတွေကို မသွားလာဖို့ ကာကွယ်ရေးအဖွဲ့က သတိပေးထားတယ်။ သူတို့က မသိဘဲလာတာ၊ မိုင်းကလည်း error တက်ပြီး ကွဲတာနဲ့တိုက်ဆိုင်ပြီး ထိသွားတာ။ ပြီးတော့ မနေ့က ၆ ရပ်ကွက်နားမှာလည်း ကလေးတယောက်မိုင်းထိတယ်လို့ သိရတယ်" လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10