သတင်းတို

စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကလေးအပါအဝင် ၃ ဦးဒဏ်ရာရပြီး ၁ ဦးစိုးရိမ်ရ

"စကစ ဘက်ကတော့ ရွာထဲမှာ PDF တွေရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရမ်းသမ်းပစ်တာပါပဲ။ တလုံးက ရွာလမ်းပေါ်ကျပြီး အိမ်အောက်မှာ လေဖြတ်လို့အိပ်နေတဲ့ အဖွားတဦးရယ်၊ လမ်းပေါ်ကလာတဲ့ သားအမိ ၂ ဦးရယ်ကို အစမှန်တာ"

ဆင်မြီးဆွဲမှာ အငြိမ်းစားရဲတဦးနဲ့ နယ်ထိန်းခေါင်းဆောင် ပစ်ခတ်ခံရပြီး အငြိမ်းစားရဲသေဆုံး

"အငြိမ်းစားရဲအရာရှိကတော့ ဆုံးသွားတယ်။ နယ်ထိန်းခေါင်းဆောင်ကတော့ ပြည်ဆေးရုံတင်သွားတယ်။ သေလား၊ မသေလားတော့မသိဘူး။ ဖုန်းဆက်ပြောလို့သိရတာ အသေးစိတ်တော့ မသိရဘူး"

အုတ်တွင်းမှာ အရိပ်ရပင်၂၀၀ ကျော်ကို ပရဟိတအဖွဲ့နဲ့ ဒေသခံတွေ ပူးပေါင်းစိုက်ပျိုး

"သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းဖို့အတွက် ပြည်သူတွေ သစ်တောသစ်ပင်ကို တန်ဖိုးထားစေချင်တယ်။ ကျေးရွာစိမ်းလန်းစိုပြေဖို့ကိုလည်း တစိတ်တပိုင်းအထောက်ကူဖြစ်အောင်စိုက်ပျိုးဖြစ်တာပါ။ နောက်ထပ်လည်း သစ်ပင်တွေ ထပ်မံလှူဒါန်းစိုက်ပျိုးသွားမှာပါ" လို့ Save The Trees အဖွဲ့မှ ကိုကျော်သူရ က ပြောပါတယ်။

ငါန်းဇွန်ပကဖစခန်း စီးနင်းခံရလို့ ရဲဘော် ၁၂ ဦးသေဆုံးပြီး လက်နက်အများအပြား သိမ်းဆည်းခံရ

“စခန်းက ငါန်းဇွန်နဲ့ မြစ်ပဲခြားတာ။ စစ်တပ်က သင်္ဘောကို ခပ်လှမ်းလှမ်းမှာကမ်းကပ်ပြီး တခါတည်း စစ်ကြောင်းထိုး စီးလိုက်ပုံရတယ်။ အဲ့နေရာက ကင်းကိုအပြည့်ဝမချနိုင်ရင် အဆင်မပြေတဲ့နေရာဘဲ။ စကစက ရဲဘော်အကုန်လုံးကို ပစ်သတ်ပြီးမှ တဲပေါ်ကိုတင်ထားတာ။ ခေါင်းပစ်ခံရတဲ့သူတွေက အရှင်မိတာ။ ကျန်တဲ့သူတွေက သူတို့(စကစ) အဝေးက ပစ်ထားတာတွေ”

ရာဇဂြိုလ် တံတားပေါ်က ကား ၁ စီးပြုတ်ကျလို့ လူ ၇ ဦးသေဆုံး

ဇွန် ၂၄ ရက် နေ့လယ် ၁၂ နာရီခန့်မှာ ကလေးမြို့နယ်၊ ရာဇဂြိုလ်ကျေးရွာဘက်မှ တွန်းဇံမြို့နယ်၊ ရှာလ်ထောဇန်ရွာဘက်သို့ မောင်းလာတဲ့ အိမ်စီးကား ၁ စီးဟာ ဘီးချော်ကာ တံတားအောက်ကို ပြုတ်ကျသွားပြီး အသက် ၅၀ အရွယ် ယာဥ်မောင်း ဦးမာန်ခင်း အပါအဝင် ၇ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဆားတောင်မှာ ဖုန်းလာဝယ်တဲ့ PDF ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

“သူတို့ ၂ ယောက်က အရပ်ဝတ်နဲ့ဖုန်းသွားဝယ်တာ။ သူတို့မှာ Gun အစစ်တလက်နဲ့ လက်လုပ်တလက် ပါသွားတယ်။ အလောင်းကိုတော့ ပြန်ရတယ်၊ လက်နက်တွေတော့ ပြန်မရခဲ့ဘူး” လို့ အမေ့သား Local PDF တပ်ဖွဲ့ (စစ်ကိုင်း)ခေါင်းဆောင် ကိုဘိုလေးက မြေလတ်အသံကို ပြောပါတယ်။

NUG ကြားကာလသင်ကြားရေး ဆရာ၊ဆရာမတွေကို YFC အဖွဲ့က ရိက္ခာထောက်ပံ့

မြောင်မြို့နယ်ရှိ ရွာ ၃ ရွာအတွင်း အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ပညာရေးဝန်ကြီးဌာနရဲ့ ကြားကာလ ပညာသင်ကြားရေးမှာ စာသင်ပေးနေတဲ့ ဆရာ/မ ၃၄ ဦးကို ဇွန်လ ၂၃ ရက်မှာ ရိက္ခာထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။

ရေနစ်ပျောက်ဆုံးခဲ့တဲ့ လူငယ် ၃ ဦးထဲက ၂ ဦးကို သေဆုံးလျက်ပြန်တွေ့

"သူတို့က ရပ်ကွက်ကြီး ၆ မှာနေတာ။ အဝတ်အစားဝယ်မယ်ဆိုပြီး ညီအမ ၂ ဦးနဲ့ သူတို့ရဲ့ သူငယ်ချင်းကောင်လေး ၁ ဦးက မြို့ထဲကို စက်ဘီးနဲ့လာကြတာ။ အပြန်ကြတော့ မြို့ရှောင်လမ်းကနေ ပတ်ပြန်ရင်းက ရေတွေ့လို့ ဆင်းကူးကြတာနေမယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

တိုက်ပွဲက အောင်မြင်စွာပြန်လာတဲ့ ရဲဘော်တွေကို ပြည်သူတွေက သပြေခက်နဲ့ ကြိုဆို

“ရန်သူစစ်ကြောင်း ပြန်ဆုတ်ခွာပြီး တာဝန်ကျရာနေရာကနေ ပြန်လာတဲ့ ရဲဘော်တွေကို ပြည်သူတွေက ကြိုဆိုတာပါ၊ ရန်သူ စစ်ကောင်စီတပ်က ကြားဖြတ်တိုက်ခိုက်ခံရတော့ သူတို့မှာ သေဆုံးသူ၊ ဒဏ်ရာရသူတွေရှိလာတော့ ရှေ့ဆက်မသွားတော့ဘဲ ပျူရွာထဲ ပြန်ဝင်သွားတယ်” လို့ ကိုပြည့်ဖြိုးကျော်က မြေလတ်အသံကို ပြောပါတယ်။

ပုသိမ်ကြီးမှာ မိုင်းလာဖြုတ်တဲ့စစ်သားတွေ မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးမှုရှိ ဟုဆို

"ခြေထောက်ပြတ်တဲ့ ၂ ကောင်လုံး ဗိုလ်အဆင့်ရှိတယ်လို့ မြေပြင်ကင်းထောက်တွေက ပို့လာတယ်။ ခြေထောက်ပြတ်တဲ့ကောင်တွေလည်း သေဖို့များတယ်" လို့ နတ်ဆိုး (မြေအောက်တော်လှန်ရေး တပ်ဖွဲ့) တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

ခင်ဦးနယ်မှာ စစ်တပ်ကလက်နက်ကြီးပစ်ပြီး ရွာကိုဝင်လို့ ဒေသခံအမျိုးသမီး ၁ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ

"စစ်ကြောင်းကရွာနားကို ရုတ်တရက်ရောက်လာတော့ ရွာသားတွေလည်း အလျင်အမြန်ပြေးကြတာ။ အဲ့ဒီမှာစစ်တပ်ကပစ်တဲ့ လက်နက်ကြီးထိလို့ အမျိုးသမီးတယောက်သေပြီး ၈ ယောက်ဒဏ်ရာရတယ်။ ဒဏ်ရာရသူတွေရဲ့အခြေအနေကို အသေးစိတ်မသိသေးဘူး"

ဝက်လက်မှာ စစ်တပ်မီးရှို့လို့နေအိမ်ဆုံးရှုံးသွားတဲ့ အိမ်ထောင်စု ၁၀၀ ကို ငွေ ၂၅ သိန်းထောက်ပံ့

ဝက်လက်မြို့နယ်မှာ မေလ ၁၇ ရက်က စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့လို့ အိုးမဲ့၊ အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ဒေသခံဦးရေ ၅၀၀ ကျော်ရှိတဲ့ အိမ်ထောင်စု ၁၀၀ အတွက် တအိမ်ထောင်လျှင် ကျပ် ၂၅,၀၀၀ နှုန်းနဲ့ စုစုပေါင်း ထောက်ပံ့ငွေ ကျပ် ၂၅ သိန်း ကူညီပေးခဲ့တယ်လို့ ဝက်လက်မြို့လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုလွင်မိုးသန့်က မြေလတ်အသံကို ပြောပါတယ်။

ပြည်မှာ ဧရာဝတီမြစ်အတွင်း ကန်တော့ပွဲရေမျှောရာမှ အမျိုးသား ၁ ဦး ရေနစ်ပျောက်ဆုံး

"သိုက်ပွဲမျှောတာတဲ့။ ရေကလည်း တက်ထားတာသိပ်မကြာသေးတာကို သူကလည်းဆင်းတာ။ ရေနည်းနည်းနက်တဲ့အထဲရောက်ပြီး လူပါမြုပ်သွားတာတဲ့။ လေး၊ ငါးခါလောက်ပေါ်လိုက်မြုပ်လိုက် ဖြစ်သေးတယ်လို့ သိရတယ်"

ကြို့ပင်ကောက်မြို့ပေါ်မှာ ဆိုင်ကယ်ခိုးယူခံရမှု မကြာခဏဖြစ်ပွားနေ

"နေဝင်းခြံဝန်းထဲမှာထားတဲ့ ဆိုင်ကယ်တွေအခိုးခံရတာပါ။ ညအချိန်ခြံဝန်း တံခါးတွေ သော့တွေကိုဖျက်ဝင်ပြီးခိုးတာပါ။ ခိုးယူခံရတဲ့ဆိုင်ကယ်တွေက အကုန်လုံးယိုးဒယားဘီးတွေပါ။ ကြို့ပင်ကောက်မြို့ပေါ်မှာ ဆိုင်ကယ်သူခိုးတွေ အတင့်ရဲလွန်းနေပါတယ်။ ဒါကကျနော်တိတိကျကျသိတဲ့ ဆိုင်ကယ်ကိုပြောတာ။ ကြို့ပင်ကောက်မှာ နောက်ထပ်ခြံဝန်းထဲမှာ ရပ်ထားရင်းပျောက်တဲ့ ဆိုင်ကယ်စီးရေ မနည်းတော့ဘူး"

ကနီမြို့နယ်က ကလေးငယ် ၃၀၀ ကျော်ကို သပိတ်အင်အားစုတွေက သံချဆေးတိုက်ကျွေး

“၂၀၂၂ ဒီဇင်ဘာလက ဆေးတိုက်ခဲ့တဲ့ရွာတွေကို အခုပြန်တိုက်တာပါ။ ၆ လတကြိမ် ကျနော်တို့ ပုံမှန်တိုက်မှာပါ။ အခုလိုတိုက်တာကလည်း ကျနော်တို့သပိတ်အဖွဲ့ရဲ့အစီအစဉ်နဲ့ တိုက်တာပါ။ ဘယ်အဖွဲ့က ညွှန်ကြားလို့လုပ်ခိုင်းလို့ လုပ်တာမဟုတ်ပါဘူး”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10