သတင်းတို

ကလေးခရိုင်မှာ ၂သောင်းတန် အသုံးပြုခွင့်မပေးဘူးလို့ ပကဖ သတိပေး

“ကျနော်တို့ သက်ဆိုင်ရာ တာဝန်ယူထားရတဲ့ ခရိုင်အလိုက် တားမြစ်တာပါ၊ အခြားခရိုင်တွေလည်း သက်ဆိုင်ရာအလိုက် မြေပြင်အထိ ကြပ်မတ်ဆောင်ရွက်လာလိမ့်မယ်လို့ ထင်ပါတယ်၊ တယောက်တည်း ၃ ကြိမ်အထိ တွေ့လာရရင်တော့ တရားဥပဒေကြောင်းအရ ဆောင်ရွက်ခံရမှာဖြစ်တယ်။”

ဆားတောင်ရဲစခန်းကို ဗုံးကြဲတိုက်ခိုက်တဲ့ဒရုန်း ၂ စီး မိုးလေပြင်းထန်လို့ ပြုတ်ကျပျက်စီး

‘’ပထမတစီးကဗုံးချပြီးပြန်လာတာ အနီးရောက်ကာနီးမှ လေတိုက်ပြီး မန်ကျည်းပင်ပေါ်သွားတင်တာ။ တစီးကကလည်းဗုံးချပြီးအပြန်မှာ မိုးကလည်းမိထားတော့ ထိန်းမရဘဲ ပြုတ်ကျတာ၊ အပြင်ပန်းမြင်ရတာ ခြေထောက်ကျိုးတယ်။ မော်တာပိုင်း ထိခိုက်သွားတယ်။ အသေးစိတ်ကို စစ်ဆေးနေတုန်းပဲ''

မြင်းခြံမှာ တူရီး ၂ ဦး နေအိမ်ကနေခေါ်ဆောင်ပြီး အသတ်ခံရ

"သူတို့က စစ်တပ်ကလာရင် အိမ်မှာ ဧည့်ခံကျွေးမွေးတာ။ စစ်တပ်အလိုကျ လိုက်လုပ်ပေးတာတွေက အတင်းလုပ်ခိုင်းလို့ မဟုတ်ဘဲ လိုလိုလားလား လုပ်ပေးကြတဲ့သူတွေ။ သတင်းပေး လုပ်နေတယ်လို့လည်း သိရတယ်။ ဒါကြောင့် ဖမ်းဆီးသတ်ဖြတ်ခံရတာ ဖြစ်နိုင်တယ်"

စစ်သားနဲ့ပျူ တပ်စွဲထားတဲ့ကင်းစခန်း တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံးဟုဆို

“ကျနော်တို့က သူတို့ကင်းစခန်းကို ပြောက်ကျားနည်းနဲ့ ဗျူဟာဆွဲပြီးကပ်တယ်၊ ကျနော်တို့ အခုလိုဝင်တိုက်တာ သတင်းလည်းမပေါက်တဲ့အတွက် အခွင့်အရေးလည်းရသွားတာပေါ့၊ လက်ဦးမှုလည်း ရသွားတယ်”

ဒီပဲယင်းက စစ်ကောင်စီဂိတ်ကိုဝင်တိုက်၊ စစ်ကောင်စီ ၆ ဦးသေပြီး သေနတ် ၅ လက်နဲ့ပစ္စည်းများသိမ်းဆည်းရမိ

“၆ ယောက်စလုံးမှောက်သွားလို့ ပစ္စည်းတွေသိမ်းနိုင်ခဲ့တာပါ။ တရုပ်ယွမ်ငွေတွေ ထိုင်းဘတ်ငွေတွေလည်းပါတယ်။ တိုက်ခိုက်မှုကြာမြင့်ချိန် ၄၅ မိနစ်လောက်ပဲကြာတယ်။"

မင်းတုန်းက စစ်ကောင်စီအတွက် အရေးပါတဲ့ဂိတ် ၂ခု ဝင်ပစ်ခံရ

“စစ်ကြောင်း ၂ကြောင်းသွားပြီး တပြိုင်တည်း ၄၀ မမတွေ၊ မောင်းပြန်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ သူတို့ဘက်ကလည်း ရမ်းသမ်းပစ်ခတ်တာတွေရှိတယ်။ သိရသလောက်တော့ သူတို့ဘက်က ထိခိုက်ဒဏ်ရာတော့များတယ်။”

ဗန်းမော်ဘက်သွားတဲ့ စစ်သင်္ဘော ၉ စီး သပိတ်ကျင်းမှာ ဆိုက်ကပ်နေချိန် ထပ်မံတိုက်ခိုက်ခံရလို့ ၄ ဦး သေဆုံး

"ဖရဲသီးပြောပြချက်အရ အရာရှိတဦးက ဝမ်းဗိုက်ပေါက်ပြီး သေတယ်။ တပ်သား ၃ယောက်ကတော့ ဆေးရုံမှာ သေတယ်"

မြိုင်မှာ PDF နဲ့ ပျူစောထီး ထိတွေ့မှုဖြစ်၊ နေအိမ် ၃ လုံးကို ပျူစောထီးတွေမီးရှို့ခဲ့

“အပြန်အလှန်ပစ်ခတ်မှုက ၁၅ မိနစ်လောက်ပဲ ကြာလိုက်တယ်။ ပစ်ခတ်မှုဖြစ်ပြီးတော့ ရွာထဲကိုဝင်ပြီး မီးရှို့တော့တာပဲ။ လက်ထုပ်တောရွာက အခုလို မီးရှို့ခံရတာ ပထမအကြိမ်ပါပဲ၊ ဖမ်းဆီးခံရတဲ့ ပြည်သူတွေတော့ မရှိပါဘူး”

ပေါက်မြို့နယ်က ရွာတွေမှာ တပ်စွဲနေတဲ့ စစ်အုပ်စု ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

"ကျနော်တို့ ပေါက်မြို့နယ်၊ ယာကြီးပြင်ပျူရွာကို ဒရုန်းနဲ့ ဗုံးသီး ၆၈ လုံးဖြုတ်ချတဲ့အပြင် ရှော့တိုက်ဒုံးနဲ့က ၁၈ လုံးပစ်တယ်။ ၂၇ ရက်က ပြင်ထောင်ပျူရွာကို ဗုံးသီး ၁၉ လုံးဖြုတ်ချပြီး ရှော့တိုက်ဒုံး ၁၈ လုံးပစ်တယ်။ ၂၈ ရက်က တပ်ကုန်း ရွာသစ်ရွာ ကိုင်းလယ်ရဲစခန်းကို ဗုံးသီး ၉၈ လုံးဖြုတ်ချတယ်။ ရှော့တိုက်ဒုံးက ၂၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်"

ခင်ဦးနယ်က ဒေသခံ ၄ ဦးကို စစ်တပ်ကသတ်ပြီး PDF တွေလို့ သတင်းလွှင့်

ဇူလိုင်လ ၃၁ ရက်ဒီနေ့မှာ စစ်ကောင်စီတပ်တွေက ခင်ဦးမြို့နယ်၊ မဒေါင်းလှ (ပျူစောထီး)ရွာက ထွက်လာပြီး မဒေါင်းကြီးရွာနဲ့ ရွှေကာရွာတို့ကို ပစ်ခတ်ဝင်ရောက်ခဲ့ရာမှာ ရွှေကာရွာသား မောင်ချစ်၊ မောင်ခိုင်၊ မောင်ချစ်မိုး နဲ့ မောင်ဖိုးထောင် တို့ကို ဖမ်းဆီးသွားပြီးသတ်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီ ထောက်ပို့သင်္ဘောတွေ ချင်းတွင်းမြစ်ကြောင်းတလျှောက်မှာ တိုက်ခိုက်ခံရ (ရုပ်/သံ)

"ကျနော်တို့ မုံရွာမြို့နယ်၊ အမြင့်ရွာအထက်နားမှာ နေ့လယ် ၂ နာရီ မိနစ်ကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲချိန် မိနစ် ၂၀ ကြာတယ်၊ စစ်သင်္ဘောက ၇ စီးလာတာ၊ နောက်ဆုံးအစီးကို ရှေ့ပွိုင့်ပြောင်း ၁၂ လုံးကို ၃ ပွိုင့်ခွဲပြီးတိုက်ခဲ့တာ၊ ပြီးတော့ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ကြတယ်၊ ထိခိုက်ပျက်ဆီးမှုကတော့ စုံစမ်းဆဲပါ" လို့ Chindwin Fighter Group (C.F.G) တာဝန်ခံက ပြောပါတယ်။

ဝက်လက်နယ်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ ကျေးရွာတွေအနီး စပါးစိုက်ပျိုးနိုင်ခြင်းမရှိ

ဝက်လက်မြို့အနီးနဲ့ ဟန်လင်း၊ စိုင်နံကြီး၊ စိုင်နံလေး၊ ရသာကြီးနဲ့ ပဒူကျေးရွာဝန်းကျင်တွေက လယ်ကွင်းတွေမှာဖြစ်ပြီး အဲဒီရွာတွေက ဒေသခံတွေဟာ တိမ်းရှောင်နေရတာအပြင် ဝင်ရောက်လုပ်ကိုင်သူတွေကို စစ်တပ်နဲ့ပျူစောထီးတွေက သေနတ်နဲ့ပစ်ခတ်တာတွေကြောင့် စပါးစိုက်ပျိုးနိုင်ခြင်းမရှိတာလို့ ဆိုပါတယ်။

ကျွန်းလှမြို့နယ်က ပျူစောထီး မိသားစု ၂ စု PDF ထံခိုလှုံလာ

"လက်ရှိမှာ သူတို့မိသားစုတွေ လုံခြုံရေးအတွက်တော့ စိတ်ချရတဲ့နေရာကို ရောက်ပါပြီ၊ ကျွန်းလှမြို့နယ်ထဲက NUG စိုးမိုးနယ်မြေတခုမှာ ထားပေးထားပါတယ်"လို့ Infinity Group တာဝန်ရှိသူက ပြောပါတယ်။

96 Soldiers LPDF ကို မြို့နယ်အတွင်းနေထိုင်ခွင့် မပြုကြောင်း NUG လက်အောက်ခံ မြို့နယ်ပကဖက စာထုတ်

"ဒီကနေ့အချိန်ထိ တိတိကျကျဖြေရှင်းပေးတာ မရှိသေးဘူးဗျ။ ကျနော်က အောက်ခြေမှာညှိနှိုင်းဆောင်ရွက်ဖို့ ကြိုးစားနေပါတယ်။ ပကဖကတော့ တခြားအဖွဲ့တွေလာနေတုန်းက ပြဿနာတွေဖြစ်လို့ ကျနော်တို့ အဖွဲ့ကိုလည်း ပြဿနာဖြစ်မှာစိုးလို့ နေထိုင်ခွင့်မပြုဆိုတဲ့ အကြောင်းရင်းပဲပြောတယ်" လို့ 96 Soldiers (LPDF) ခေါင်းဆောင် ကိုဇေယျာလွင်က ဆိုပါတယ်။

ပုလဲနယ်ကို စစ်ကြောင်းဝင်လို့ ရွာ ၁၀ ရွာက ဒေသခံ ၆ ထောင်ကျော် တိမ်းရှောင်ရ

"ဒီစစ်ကြောင်းက ရွာကအိမ်တွေ မီးရှို့သွားတာတော့ မရှိသေးပါဘူး။ ပျူရွာအတွက် ရိက္ခာရှာပေးဖို့လာတာ ဖြစ်ဖို့များတယ်။ နယ်မြေရှင်းလင်းရေးလုပ်တာတော့ မဟုတ်ဘူး။ အခုထိ မီးရှို့တာ၊ ဖမ်းဆီးတာ မရှိသေးပါဘူး"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10