သတင်းတို

ကလေးမှာ လက်နက်ကြီးထိလို့ အမျိုးသားတဦးသေဆုံး၊ ၅ ရက်အတွင်း သေဆုံးသူ ၃ ဦးရှိ

“အစောနကပဲ လက်နက်ကြီးကျလို့ သာစည်က တယောက်သေသွားပြီ၊ သူ့အိမ်အရှေ့ဘက်အိမ်ဝန်းက ပိန္နဲပင်ကိုထိတာမှာ လက်နက်ကြီးအစက ရင်ဘတ်ကိုလာမှန်ပြီး ပေါက်ထွက်သွားတာ”

ကနီမြို့ပေါ်မှာ ရဲတပ်ဖွဲ့နဲ့ PDF တိုက်ပွဲဖြစ်လို့ ရဲ ၃ ဦး သေပြီး လက်နက်ပါရရှိခဲ့

" စပစ်တော့ ရဲတကောင်ကလဲကျပြီး ပွဲချင်းပြီးသေသွားတယ်။ သေတဲ့ကောင်ကို ထားခဲ့ပြီးထွက်ပြေးလို့ နောက်က လိုက်ပစ်တာ ၂ ကောင် ကျည်ထိပြီးလဲသွားတယ်။ အဲ့ ၂ ကောင်ကိုတော့ ဆွဲယူသွားတယ် ။ နှစ်ကောင်ကလည်း ဆေးရုံမှာ သေသွားတယ်လို့ အတည်ပြုနိုင်ခဲ့တယ်"

စစ်ကိုင်းမြို့မှာ မိုင်းထိလို့ အမျိုးသား ၁ ဦးဒဏ်ရာရ

"သူက စက်ဘီးနဲ့ပြန်လာချိန် အိတ်အမဲတလုံးလမ်းပေါ်မှာတွေ့လို့ စက်ဘီးရှေ့ဘီးနဲ့ လမ်းဘေးကို ဖယ်လိုက်တဲ့အချိန် ပေါက်ကွဲမှုဖြစ်ပြီး သူ့ကို အစတွေ စင်ကုန်တာ"

ကနီမှာ ဆရာတွေနဲ့ ကျောင်းသားတွေ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြ

"ဒီမနက် ဆန္ဒထုတ်ဖော်တာကတော့ အင်အားကတော့ ၂၀၀ လောက်ရှိပါတယ်။ ကလေးတွေကို သိသင့်တာတွေ သိရအောင်နဲ့ ပညာတတ်မြောက်အောင် သင်တာကလည်း တော်လှန်ရေးဆိုတာသိဖို့ ရည်ရွယ်ချက်နဲ့ပါ”

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ရေးတင်တဲ့ နတ်တလင်းက နိုင်ကျဉ်း ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး ဖမ်းဆီးခံရ

"ကိုသန့်ဇင်ထက်က နတ်တလင်းစစ်ကောင်စီ ထွေအုပ်ရုံးကို ကိစ္စတခုနဲ့သွားရင်း ဖမ်းခံလိုက်တာပါ။ မပြည့်ပြည့်အောင်နဲ့ မဝင်းလေးတို့ကို သူတို့နေအိမ်တွေမှာပဲ ဖမ်းဆီးခဲ့တာပါ။သူတို့ ၃ ဦးကို စစ်ကောင်စီတယ်လီဂရမ်ကနေ ဖမ်းပေးဖို့ ဖော်ပြထားလို့ဖမ်းတာပဲသိရတယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာတော့ မသိရဘူး"

စစ်ကောင်စီတပ်စွဲထားတဲ့ရွာ အလစ်ဝင်တိုက်ခံရလို့ ၃ ဦးသေဆုံးနိုင်

"အပြန်အလှန်ပစ်ခတ်မှုက ၅ မိနစ်လောက်ပဲကြာတယ်။ ပစ်ခတ်မှုဖြစ်တော့ သူတို့ဘက်က ၅ ယောက် ထိတယ်လို့ အတွင်းသတင်းကသိရတယ်။ သေဆုံးတာက ကျနော်တို့နဲ့ ပစ်ခတ်မှုဖြစ်တော့ ကျနော်တို့ ရှေ့မှာတင် ၂ ယောက်လဲသွားတယ်။ ကျနော်တို့ စခန်းပြန်ရောက်တဲ့ အချိန်မှာ နောက်ထပ် သတင်းတခုဝင်လာတယ်။ စုစုပေါင်းသေတာ ၃ ယောက်ဆိုတာ သိရတယ်။"

စလင်းမှာ PDF ရဲဘော်တွေ လုံခြုံရေးယူပြီး လူထုစုပေါင်း ပန်းသပိတ် ပြုလုပ်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ ပြည်သူတွေစုပေါင်းပြီး၊ လမ်းလျှောက်ကာလူထုစုပေါင်း ပန်းသပိတ်ကို မနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့တယ်လို့ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်း၊ စလင်း PDF တပ်ဖွဲ့ထံက သိရပါတယ်

ပုလဲနယ်က ပျူစောထီးရွာ ဒရုန်းနဲ့ ၄ ရက်ဆက် တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

"နဂိုက ပျူတွေပဲရှိနေတဲ့ရွာကို စစ်ကြောင်းကလာပေါင်းပြီး တပ်စွဲနေနေတာ။ ၄ ရက်မှာဗုံး ၁၄ လုံးကျော် ချခဲ့တာ။ သူတို့တွေက ရွာထဲမှာ ဘန်ကာတွေနဲ့ အသေအချာနေတာ"

စစ်ကိုင်းတိုင်းတွင်း မြို့နယ် ၂ ခုက ဒေသခံနဲ့ စစ်ရှောင်တွေကို အာဟာရဒါနကျွေးမွေး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က စစ်ရှောင်တွေနဲ့ မြောင်မြို့နယ်ထဲက ဒေသခံတွေကို ဒီကနေ့ ဇွန်လ ၁၉ ရက်မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေ့နေ့မှာ တော်လှန်ရေးအဖွဲ့ဝင်တွေက အာဟာရဒါန ကျွေးမွေးခဲ့ကြပါတယ်

ယောဒေသ တောပန်းသပိတ်နဲ့ ချောက်မြို့ တော်လှန်ရေးအဖွဲ့များရဲ့ ပန်းသပိတ်

"ပန်းတွေက ကလေးတွေ ချောင်းနားမှာသွားခူးကြတာပါ။ တောအရပ်မှာပေါက်တဲ့ပန်းလေးတွေပါတာများတယ်။ မြို့ကိုလည်းသွားဖို့မလွယ်တော့ ကိုယ့်ဒေသပေါက်တဲ့ပန်းလေးတွေနဲ့ အမေစုမွေးနေ့အမှတ်တရအဖြစ် ပန်းသပိတ်မှာပါဝင်ရင်း လုပ်ဖြစ်ခဲ့တာပါ"

ယင်းမာပင်နဲ့ ကျွန်းလှနယ်က ပန်းသပိတ်နဲ့ အာဏာရှင်ဆန့်ကျင်ရေးသပိတ်

"စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့အနေနဲ့ ဒေသတွင်း သပိတ်စစ်ကြောင်းတွေပူးပေါင်း ဆန္ဒထုတ်ဖော်ခဲ့တာပါ။ အမေစုရဲ့ ၇၈ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အနေနဲ့ ဒေသတွင်းကတော်လှန်ရဲဘော်တွေက အကြိုပန်းသပိတ် လုပ်ခဲ့ပါတယ်"

သဲကုန်းနဲ့ နတ္တလင်း မြို့တို့မှာ ပန်းသပိတ်ပြုလုပ်

"ပြည်သူလူထုအနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ခဲ့တာ သွေးအေးသွားမှာဆိုးတယ်။ ပြည်သူတွေရဲ့နိုင်ငံရေး နိုးကြားတက်ကြွမှုတွေကို အမြဲရှင်သန်နေအောင် လှုံ့ဆော်ချင်တဲ့ရည်ရွယ် ချက်နဲ့ ပန်းသပိတ်ကို ပါဝင်လုပ်ခဲ့ရတာ"

မြိုင်၊ ကန်နီရွာက ပျူစောထီးတပ်ဖွဲ့ကို PDF က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်၊ ၂ ဦးသေဆုံးဟု ဆို

“ပျူရွာက ကြီးတယ်၊ ကျနော်တို့က တမိုင်ခွဲလောက်အကွာကနေ သွားပစ်တာ။ ပျူ ၂ ယောက်သေတယ်လို့ သိရတယ်။ အခုကန်နီမှာက စစ်**အစစ်က ၇ ကောင်ပဲရှိတယ်လို့ကြားတယ်။ ကျန်တာက နယ်ခံပျူတွေပဲ”

စစ်ဆေးရေးတင်းကြပ်နေတဲ့ ရေနံချောင်းမြို့ပေါ်မှာ UG ရဲဘော်တွေ ပန်းသပိတ်ပြုလုပ်

"မွေးနေ့မှစလို့ အမေလည်း အမြန်ဆုံးလွတ်မြောက်နိုင်အောင် တတ်နိုင်တဲ့ဘက်ကနေ ကျနော်တို့ ကြိုးစားပေးပါမယ်လို့ မွေးနေ့မှာကတိပြုရင်း သပိတ်ဆင်နွှဲခဲ့တာ"

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အဖြစ် ရွှေဘိုခရိုင်တပ်ရင်း ၁၅ မှာ ပန်းသပိတ်ကျင်းပ

"အကျဥ်းထောင်ထဲမှာ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမေစု အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကို လေးစားဂုဏ်ပြုပြီး ဒီပွဲကိုလုပ်ခဲ့တာပါ။ အမေစု အမြန်ဆုံးလွတ်မြောက်ပါစေဆိုပြီး သံပြိုင်ဟစ်တယ်၊ ဘုန်းကြီးကျောင်းမှာ၊ ဘုရားမှာလည်း အမေစုလွတ်မြောက်ဖို့ ပန်းကပ်ဆုတောင်းတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10