သတင်းတို

မိုးရာသီကြောင့် ပျက်စီးနေတဲ့လမ်းတွေကို ကာကွယ်ရေးအဖွဲ့နဲ့ ဒေသခံတွေကပြန်လည်ပြုပြင်

“သူတို့အဆင်ပြေရင် ကျနော်တို့အတွက်လည်း အဆင်ပြေတာနဲ့တူတူပါပဲ။ ကျနော်တို့ မူဝါဒက တိုက်စရာရှိရင်တိုက်၊ တိုက်စရာမရှိရင် လေ့ကျင့်၊ လေ့ကျင့်စရာမရှိရင် ပြည်သူ့အကျိုးပြုလုပ်ငန်း လုပ်တာပေါ့။ အခုကတော့ သုံးမျိုးစလုံး လုပ်နေပါတယ် ”

မြောင်မှာ စစ်သင်္ဘောကို လုံခြုံရေးယူဖို့သွားတဲ့ စစ်ကြောင်း တိုက်ခိုက်ခံရ

"စကစသေဆုံးမှုက အတိအကျ မသိနိုင်ဘူးဗျ။ များတော့ များမယ်။ ရဲစခန်းအထဲထိ ဝင်မရတော့သေဆုံးမှု မသိနိုင်ပါဘူး။ ကျွန်တော်တို့ဘက်က အော်တိုမောင်းပြန် ၁၅ လက် လောက်နဲ့ တရစပ် ဝင်ပစ်တာပါ။ ကိုးလုံးနဲ့ ၄၀ တွေရောပါတယ်"

ရွှေဘိုနယ်၊ မုံ့စီရွာ နေအိမ် ၅ လုံးကို စစ်တပ်ကမီးရှို့

"ပစ္စည်းလိုချင်လို့ ဝင်သယ်တာ။ တရွာလုံးကအိမ်တွေမှာ စားစရာသောက်စရာကစပြီး အားသွင်းကြိုးပါမကျန် တော်တော်ပါသွားတယ်လို့ သိရတယ်။ ပစ္စည်းလာသယ်ကြတာ "

စစ်ကောင်စီတပ်က နတ်သံကွင်းမြို့ စာသင်ကျောင်းတချို့မှာတပ်စွဲဖို့ ဆရာနဲ့ကျောင်းသားတွေကို ရွှေ့ပြောင်းခိုင်း

“အခုက အမှတ် ၃ အ.လ.က ကျောင်းကို နေရာယူပြီး တပ်စွဲမယ်။ အဲ့ဒီကျောင်းက ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားတွေကို တခြားကျောင်းမှာ စုပြီး တက်ခိုင်းမှာ။ ပြီးရင် သူတို့နေရာယူမယ့်ကျောင်းမှာ လက်နက်ခဲယမ်းတွေထားမယ်၊ အဲ့လိုပါ”

ခမ်းပါတ်မှာ တိုက်ပွဲပြန်ဖြစ်ပြီး စစ်သား ၅ ဦးသေဆုံးဟုဆို၊ လေကြောင်းနဲ့ ၂ ရက် ဆက်တိုက်ပစ်ခတ်နေ

“ လေကြောင်းနဲ့ စစ်ကူလာတယ်၊ ပစ်လည်းပစ်တယ်။ မနေ့ကလည်း ပစ်တယ်၊ ဒီနေ့လည်း ပစ်တယ်၊ အခြေအနေ ဘယ်လိုဖြစ်မလဲ မသိရသေးဘူး ပစ်နေတုန်းပဲ။ စစ်**က အဓိက လေကြောင်းပဲ အားကိုးတာ၊ လေကြောင်းမရှိရင် သူတို့အပြင်မထွက်ရဲဘူး”

သပိတ်ကျင်းမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ

"နောက်ဆုံးကားကို မိုင်းဆွဲတာပါ။ ထိချက်ကပြင်းတယ်။ မိုင်းထိတဲ့ကားကတော့ မိုင်းခွဲခံရတဲ့နေရာမှာပဲ ကျန်ခဲ့ပြီး ကျန် ၃ စီးကတော့ အထက် (မြစ်ကြီးနားဘက်)ကို ဆက်တက်သွားတယ်။ ရမ်းသမ်း ပြန်ပစ်တာတော့ရှိပေမယ့် ကျနော်တို့ရဲဘော်တွေတော့ ထိခိုက်မှုမရှိဘူး"

၆ ကြိမ်မြောက် ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ကနီနယ်ထဲက စစ်ဘေးရှောင် ၆၀ ကျော်ကို အခမဲ့ဆေးကုပေး

“ကျနော်တို့ သွားရောက်ကုသပေးတဲ့နေရာက လမ်းခရီးလည်းမကောင်းသလို လုံခြုံရေးလည်း စိုးရိမ်ရတယ်။ သူတို့တွေကို လိုအပ်တဲ့ ကျန်းမာရေးတွေကုသမှုပေးခဲ့တယ်။ အကျိတ်တွေ၊ အဖုတွေကို ခွဲပေးခဲ့တယ်”

ပုလဲမှာ စစ်ကောင်စီစစ်ကြောင်းမိုင်းဆွဲခံရလို့ ၄ ဦးသေဆုံးဟုဆို

"စစ်ကြောင်းမှာ ရှေ့ပြေး၄ကောင်ကို ဆွဲလိုက်တာ။ နေရာမှာတင် ပွဲချင်းပြီးသေတယ်။ ဒဏ်ရာရသူတွေလည်းရှိတယ်။ သေတဲ့ကောင်တွေကိုတော့ ထမ်းစင်နဲ့ သယ်သွားကြတယ်"

ကျောက်ကြီးမြို့နယ်က စစ်ရှောင် ၁၀၀၀၀ ကျော်အတွက် ရိက္ခာနဲ့ဆေးဝါးတွေ လိုအပ်နေ

"စစ်ရှောင်တွေက ပြေးနေရတာလည်း ကြာပြီ၊ အလုပ်အကိုင်လည်း မလုပ်နိုင်ဆိုတော့ ရိက္ခာလိုသလို ရာသီရောဂါတွေလည်း ဖြစ်နေတော့ ဆေးဝါးလိုအပ်ချက်လည်း ရှိနေတယ်။ ပြီးတော့ မိုးတွင်းဆိုတော့ အမိုးအကာ မလုံလောက်တာလည်းရှိတယ်"

နွေဦးတော်လှန်ရေးကာလအတွင်း တနိုင်ငံလုံး ကျဆုံးဗကသ ရဲဘော် ၁၇ ဦးအထိ ရှိလာ

“ဗကသကို အဓိကပစ်မှတ်ထားပြီး တိုက်ခိုက်သွားတဲ့ လုပ်ရပ်ပဲလို့ ကျနော်တို့ မြင်ပါတယ်။ ဖက်ဆစ်တပ်က သူတို့လုပ်နေကျ ဖက်ဆစ်လုပ်ရပ်မျိုးတွေကို လုပ်သွားတဲ့အပေါ်မှာတော့ ကျနော်တို့အနေနဲ့များများစားစား ပြောစရာမရှိပါဘူး။ သေချာတာက တော်လှန်ရေးသမားကို သတ်ဖြတ်ရုံနဲ့ တော်လှန်ရေးက ရပ်တန့်မှာ မဟုတ်ဘူး”

စစ်ကိုင်း လူမှုဖူလုံရေးရုံးရှေ့ မိုင်းပေါက်ပြီး ဝန်ထမ်း ၂ ဦးဒဏ်ရာရ

"ဆိုင်ကယ်မှာပဲ မိုင်းထောင်ထားတာလား။ လာပစ်ချသွားတာလားတော့ မသိရဘူး။ ထိခိုက်သူတွေတော့ရှိတယ်။ တယောက်ကတော့ စိုးရိမ်ရလို့ ခွဲစိတ်ခန်းဝင်ရတယ်လို့တော့ သိရတယ်"

စစ်သင်္ဘောလုံခြုံရေးယူပြီးပြန်လာတဲ့ စစ်သားတွေမိုင်းဆွဲခံရလို့ ၂ ဦး ဒဏ်ရာပြင်းထန်ဟုဆို

"ပခုက္ကူကနေ စစ်သင်္ဘောတက်လာတာကို ကာတဲ့အဖွဲ့ပေါ့ဗျာ။ ဆင်ချောင်းကနေတဆင့် ကမ်းပါးဘေးကို သွားကာကြတာ။ ကျနော်တို့က သူတို့အပြန်ကိုစောင့်ပြီးတော့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ စစ်** ၂ ကောင်ဒဏ်ရာရတာ ပြင်းထန်တယ်"

ညောင်ကန်မှာ ဗကသခေါင်းဆောင် ၃ ဦးကိုသတ်ပြီးနောက် ရွာသား ၈ ဦးကိုဖမ်းပြီး နေအိမ်တွေကိုမီးရှို့သွား

“ရွာထဲက ဗကသ အဖွဲ့ဝင် ၃ယောက်ကိုလည်း သတ်သွားတယ်။ နောက်ထပ် ရွာသား ၈ ယောက်ဝန်းကျင်လောက်လည်း အဖမ်းခံရတယ်လို့ ကြားရတယ်”

စစ်ကောင်စီ ခြေလျင်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရလို့ ၄ဦး သေဆုံးနိုင်

"မနေ့က လက်နက်ကြီးနဲ့ ထုလိုက်တာမှာ ၄ ယောက်ကတော့ တုံးလုံးလဲသွားတယ်။ ၄ ယောက်လုံးသေဖို့များနိုင်တယ်။ ၄၀ မမနဲ့ ပစ်လိုက်တာဆိုတော့ ပြင်းအားကလည်း တော်တော်ပြင်းတယ်။ သူတို့ ၄ ယောက်နားမှာကျတယ်။ ကျနော်တို့ဘက်ကတော့ ရဲဘော်တဦး ကျည်ဆံရှပ်ထိတာ မစိုးရိမ်ရပါဘူး။ ကြားဖြတ်တိုက်ခိုက်ခဲ့တာ ၂၅ မိနစ်လောက်ကြာတယ်"

ပေါက်မြို့နယ်က ကိုယ်ထူကိုယ်ထစာသင်ကျောင်းတခုမှာ ဝါဆိုသင်္ကန်းကပ်လှူ

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ကျေးရွာတရွာက ကိုယ်ထူကိုယ်ထစာသင်ကျောင်းမှာ ဇူလိုင် ၂၈ ရက် မနေ့ နေ့လယ် ၁ နာရီအချိန်ခန့်က ဝါဆိုသင်္ကန်းကပ်လှူကြတယ်လို့ ဦးဆောင်သူပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ရဲ့ ပြန်ကြာရေးတာဝန်ခံကပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10