သတင်းတို

ပြည်မြို့မှာ နေအိမ်အတွင်း အနုကြမ်းစီးပြီး အမျိုးသမီးတဦးကို သတ်သွား

“ကျတော်တို့ရောက်တော့ လူနာကသေနေပြီ၊ နားထင်မှာ ကတ်ကြေးလို ချွန်တဲ့အရာနဲ့ထိုးထားတဲ့ ထိုးသွင်းဒဏ်ရာရယ်၊ လည်ပင်းအညိုမဲတွေရယ် ဒဏ်ရာ ၂ခုရှိတယ်၊ ပြီးတော့ အိမ်အပေါက်ဝနားကနေ နောက်ဖေး ရေချိုးခန်းထိ ဒရွတ်တိုက်ဆွဲသွားတဲ့ သွေးစီးကြောင်းအရာနဲ့ ဆံပင်တွေ တွေ့ရတယ်။”

ဖြူးက ပျူစောထီးဆိုသူ ရှင်းလင်းခံရ

"သူက PDF အသွားအလာတွေ စောင့်ကြည့်ပြီး စကစ ကို သတင်းပေးနေတာရှိတယ်။ သူ့ယောက္ခမကော သူကော ပျုစောထီးသင်တန်း တက်ထားသူဖြစ်တယ်။ အဲ့ဒါကြောင့်နေအိမ်မှာ အဖွဲ့တွေက သွားရှင်းလိုက်တာ"

မုံရွာ PDF တွေကို လူထုဆက်ဆံရေး ကျင့်ဝတ်အပါအဝင် စစ်ရေးမွမ်းမံသင်တန်းတွေ ပို့ချ

"ကျနော်တို့ PDF ဆိုတာ ပြည်သူကမွေးဖွားလာတဲ့ ပြည်သူ့ရဲဘော်တွေပါ။ လက်နက်ခဲယမ်းကအစ ပြည်သူက ဝယ်ပေးထားတာ။ ပြည်သူကို မျက်နှာမမူဘဲ ပြန်နှိပ်စက်တဲ့လုပ်ရပ်မျိုးကတော့ လက်မခံနိုင်ပါဘူး။ ဒါကလည်း အဖွဲ့ငယ်လေးတွေမှာ ဖြစ်နေတာတွေ့ရပါတယ်။"

ကန့်ဘလူနယ်က စစ်ရှောင်စခန်း ၂ ခုကို ကျွန်းလှအဖွဲ့က စားသောက်ကုန်နဲ့ အဝီစိရေတွင်း လှူဒါန်း

“ကျနော်တို့ ၂ ရက်နေ့ကနေ ၇ ရက်နေ့အထိ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အခြေခံစားသောက်ကုန်တွေကို လှူဒါန်းဖြစ်ပါတယ်။ အခုလို လှူဒါန်းရတာကလည်း လက်လှမ်းမီသလောက် ကူညီတဲ့သဘောပါ။ စစ်ရှောင်စခန်းမှာ လိုအပ်နေတဲ့ အခြေခံဆေးဝါးတွေလှူပေးခဲ့တယ်”

ပဒူကျေးရွာကို စစ်တပ်က ၂ လအတွင်း ၈ ကြိမ်မီးရှို့

“ပဒူက တိုက်နယ်အဆင့်မှာပါတော့ အိမ်ခြေကများတယ်။ အခုရွာကို မီးရှို့နေတာလည်း ပဒူရဲစခန်းမှာ ကျန်ခဲ့တဲ့ (စစ်ကောင်စီတပ်သား)တဝက်လောက်က နေအိမ်တွေကို မီးရှို့နေတာ”

ရွေဘိုမှာ စစ်ကူလာတဲ့စစ်သားတွေ မိုင်းဆွဲခံရလို့ သေဆုံးမှုရှိ

"ပန်းရံရွာကနေ စစ်သား ၁၂ ဦး ကားအသေးနဲ့လာတယ်။ ဇီးဖြူကုန်းရွာမြောက်ဖက် မူးဘောင်ပေါ်မှာ ကားကိုထားပြီး ခြေလျင်လျှောက်ပြီး ၆၀ မမ၊ ၄၀ မမရယ် သေနတ်တွေဖောက်လာတာ တည်သီးတော ပျူခေါင်းဆောင်မောင်ဆန်းအထိုင်ချနေကျ လင့်စင်(တဲ)နားလည်းရောက်ရော အသင့်ထောင်ထားတဲ့ မိုင်း ၅ လုံးနဲ့ဆွဲခဲ့တာ"

စစ်အုပ်စုတပ်စွဲထားတဲ့ တိုးလ်ဂိတ်နဲ့ ရဲသင်တန်းကျောင်းဂိတ်ကို ဒရုန်းနဲ့ဗုံးချ၊ ၂ ဦးသေဆုံးဟုဆို

“အဲ့ဒီနေရာ ၂ ခုကို တပွိုင့်ကို ဗုံးသီး ၄ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်။ တိုးလ်ဂိတ်ကိုဗုံးချတာမှာ တပ်မ ၃၃ စစ်သားတွေရှိတဲ့ ဂိတ်ဘန်ကာပေါ်ကိုကျလို့ ၂ ယောက်သေတယ်”

လက်ပံတန်းက စတိုးဆိုင်တခု ဖောက်ထွင်းခံရပြီး ငွေသိန်း ၂၀၀၀ ခန့်နဲ့ ရွှေ ၃ ပိဿာနီးပါး ပါသွား

“ဆိုင်ရှင်တွေက လက်ပံတန်းမှာ အရမ်းချမ်းသာကြတဲ့သူတွေ။ တခြားဟိုတယ်တွေလည်းပိုင်တာရှိတယ် ။ စတိုးဆိုင်က အပေါင်ဆိုင်နဲ့တွဲဖွင့်ထားတာ။ ဆိုင်ရော၊ အိမ်ရောတွဲထားတာပေါ့။ ညသန်းခေါင်ကျော် ဝင်ပြီး ဖောက်ထွင်းသွားတာ ဆိုင်ကလူတွေလည်း တယောက်မှမနိုးဘူး”

နတ်သံကွင်း တိုက်ပွဲကြောင့် ထွက်ပြေးရသူတွေထဲ ဒေသခံပြည်သူ ၄၅၀၀ ​ကျော် နေရပ်မပြန်နိုင်သေး

"တိုက်ပွဲစဖြစ်ကာစက ထွက်ပြေးတဲ့ ပြည်သူတွေက သောင်းကျော်မယ်။ ခုတော့ အခြေအနေလည်း အနည်းငယ်ငြိမ်သက်နေပြီဆိုတော့ အချို့ကျတော့ မြို့ပေါ်ပြန်လာနေကြပြီ။ ရွာတွေဘက်လည်း ပြန်သူတွေရှိနေပြီ။ စဖြစ်တုန်းကတော့ မြို့ပေါ်ကသူတွေတောင် ပြေးကြရတယ်။"

မြေလတ်ပြောက်ကျားအဖွဲ့က ရိက္ခာအတွက် ကိုယ်ထူကိုယ်ထစိုက်ခင်းတွေ စိုက်ပျိုး

“အခုလိုစိုက်ပျိုးထားတာက ၂ လလောက်ရှိပါပြီ၊ အခုလို စိုက်ပျိုးရတာကလည်း ဝမ်းရေးအတွက် တဖက်တလမ်းက အဆင်ပြေအောင်လို့ပါ။ ကန်စွန်းတို့အပြင် အခြားအပင်တွေလည်း စိုက်ပျိုးထားတယ်။ ရေတိုက်စားလိုက်တော့ အကုန်ပျက်စီးကုန်တယ်။ ကျန်ခဲ့တဲ့ အခင်းလေးတွေက ရေလွတ်ရာမှာရှိနေလို့သာ ကျန်ခဲ့တာ။ မဟုတ်ရင် စိုက်ခင်းတွေ အကုန်ပျက်စီးကုန်မှာ”

စခန်းစီးနင်းခံရပြီး အမျိုးသမီးရဲဘော် ၂ ဦးအပါ ၄ ဦးနဲ့ ရွာသား ၂ ဦး အသတ်ခံရ

“မနက် ၅ နာရီ PT ဆင်းရမှာမို့ ၄ နာရီခွဲ ကင်းဖြုတ်လာတဲ့အချိန် ဝင်တာ၊ ၅ နာရီထိုးလို့ ခရာလည်းမှုတ်ရော တန်းဝင်စီး‌တာပဲ၊ ၄၀ မမ မှန်တဲ့ ‌ရဲဘော် ၂ ယောက်ကကျန်ခဲ့တယ်၊ မိန်းကလေးတွေက ပုန်းနေတာကနေ တွေ့ပြီးပါသွားတာ၊ အကုန်လုံးကို တခါထဲသတ်ပြီး မီးရှို့ထားခဲ့တယ်၊ PT ပြေးမယ့်အချိန် ဝင်တာဆိုတော့ ဂန်းအစစ်တွေကလွဲရင် ဘာမှမယူလိုက်နိုင်ဘူး”

ဒီပဲယင်းက စစ်ရှောင်မိသားစုတွေ နေထိုင်စားသောက်ရေး ခက်ခဲနေ

"နေထိုင်ရတာက လယ်တဲအဆင့်ပဲရှိမယ်။ ထန်းလက်မိုးထက်လက်ကာနဲ့ နေရတာ။ အချို့ ဝါးကြမ်းခင်းတောင်မရှိဘဲ မြေပြင်မှာအိပ်ကြရတာ။ တခါတလေ လာလှူတဲ့အလှူရှင်ရှိတတ်ပေမယ့် စစ်ရှောင်ကာလ တလျောက်လုံးနီးပါး ပျိုးနှုတ်ကောက်စိုက်နဲ့ ယာခင်းတွေမှာ နေ့စားလုပ်ကြတယ်။ မိုခါမုန်တိုင်းဝင်တော့ စပါးခင်းယာခင်းတွေပျက်ပြီး တောင်သူလည်းအဆင်မပြေတော့ သူတို့လည်း အလုပ်မရှိတော့ဘူးပေါ့"

ပခုက္ကူက ဆန်သယ်ယူတာကို စစ်တပ်ကဖမ်းဆီးသိမ်းနေလို့ ပေါက်ဒေသခံတွေ စားနပ်ရိက္ခာ ခက်ခဲလာ

"ပေါက်နဲ့ ပခုက္ကူကြားက ဘုရားတောင်မှာ စစ်တပ်ဂိတ်စခန်းရှိတယ်။ ပေါက်တောင်ပိုင်းကပစ္စည်းဆိုရင် သယ်တာလက်မခံဘူး။ ဆန်ဝယ်ရင် ငွေကြိုပေးရတော့ သိမ်းခံရရင် ငွေရောဆန်ပါဆုံးတယ်။ တချို့သူတွေကရွာထဲမှာရှိတဲ့ ဆန်ပဲဝယ်စားရတာလည်းရှိတယ် "

တိုက်ပွဲအပြီး ပျောက်ဆုံးခဲ့တဲ့ PDF ၂ ဦးကို ၂ ရက်အကြာမှာ သေဆုံးလျက်ပြန်တွေ့

"တိုက်ပွဲပြီးလို့ ပြန်ဆုတ်တဲ့အခါမှာ ဒီရဲဘော်နှစ်ယောက်က လူစုကွဲပြီးကျန်ခဲ့တာ။ သူတို့က နယ်ခံတွေလည်း မဟုတ်ကြဘူး။ စကစတွေက ရဲဘော်တွေကိုအရှင်ဖမ်းမိပြီးတော့ သတ်သွားတာ။ သူတို့ရဲ့အလောင်း Body မှာ နှိပ်စက်ထားတဲ့ ဒဏ်ရာတွေတွေ့ရတယ်"

ရေဘေးသင့်တွေကိုထောက်ပံ့ခဲ့တဲ့ ပြည်သူမှပြည်သူ (photo news)

“ရေဘေးကိုလှူတာကတော့ ပထမဆုံးပါပဲ။ မီးဘေးလှူခဲ့တာတွေတော့ ရှိပါတယ်။ မနေ့က သွားရောက်လှူဒါန်းတဲ့ အချိန်မှာတော့ သွားရေးလာရေးက အဆင်ပြေပါတယ်။ နောက်ထပ်လည်း ကျေးရွာ ၁၄ ရွာကိုလှူဒါန်းဖို့ရှိပါတယ်။ သိန်း ၇၀ ကျော်လောက် ကုန်ကျပါတယ်။ လက်ရှိမှာ ရွာသားတွေကတော့ သူတို့ရဲ့နေအိမ်တွေကို ပြန်လည်သန့်ရှင်းပြီး နေနေကြပါတယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10