ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီကား မိုင်းထိပြီးပစ်ခတ်ခံရလို့ ထိခိုက်သေဆုံးသူရှိ
"အာရာဖတ် ၂ စီး၊ ကန်တာ ၁ စီးနဲ့ထွက်လာတာ မိုင်းကွင်းထဲရောက်လာတော့ မိုင်းဆွဲလိုက်တာ ကား ၁ စီးကထိပြီး ရပ်သွားတယ်။ သူတို့ဘက်ကလည်း ပြန်ပစ်တာရှိတော့ နာရီဝက်လောက် တိုက်ပွဲဖြစ်သွားတယ်" လို့ နယ်စည်းမခြားရွှေဘိုသား အဖွဲ့တာဝန်ခံ ဗိုလ်မိုက်ခဲက ပြောပါတယ်။