ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီက လုံခြုံရေးအပြည့်နဲ့ လူဦးရေစာရင်းကောက်နေ
"ရွာထဲမှာ လက်နက်တကားကားနဲ့ တအိမ်တက်ဆင်း လာပြီးမေးတာ။ပြီးတော့မှ မှတ်ပုံတင်နဲ့အိမ်ထောင်စုဇယားကိုယူပြီး စကစကသတ်မှတ်တဲ့ ဘုန်းကြီးကျောင်း စုရပ်ကိုသွားပြီးမှ သူတို့မေးသမျှ ဖြေရတာ။ အိမ်မှာ ဘယ်နှစ်ဦးနေလဲ၊ ဘာလုပ်လဲ၊ ဘယ်သွားလဲ အကုန်မေးတာ။ ဘာကြောင့်ကောက်ခံတယ်ဆိုတာကိုတော့ ပြောတာမရှိဘူး"