သတင်းတို

ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး စိုပြေလင်း မိန်းမမှုနဲ့ စစ်ခုံရုံးဖွဲ့စစ်ဆေးခံနေရ

“ကောင်မလေး ကိုယ်ဝန်ရှိသွားတာကို သူ့မိဘတွေမေးမြန်းတော့မှ သူ(ဗိုလ်မှူး စိုပြေလင်း)နဲ့ဖြစ်တယ်ဆိုတာ သိပြီးပြသနာတက်ကြတာ။ ဖြစ်ကာစက မတိုင်ဖို့ ညှိနှိုင်းသေးတယ်။ ပြည် ဒကစ ကလည်း ကြားထဲက ဝင်ညှိပေးသေးတယ်။ ကောင်မလေးကို တာဝန်မယူနိုင်တာမျိုးနဲ့ ဘလိုညှိမရလဲတော့မသိဘူး။ နောက်ဆုံးကောင်မလေးမိဘတွေက တိုင်လိုက်တာ”

မိုင်းဆွဲခံရတဲ့စစ်အုပ်စုက စာရေးရွာကိုလက်နက်ကြီးနဲ့ပစ်လို့ ရွာလုံးကျွတ်ထွက်ပြေးနေရ

“ကျနော်တို့ကတော့ ခုဝေးသထပ်ဝေးတဲ့နေရာ ပြေးနေရတယ်၊ လူကြီးတွေကိုတော့ လှည်းပေါ်တင်ပြီး သွားနေကြတယ်၊ လူငယ်တွေကတော့ လမ်းလျှောက်လိုက်တဲ့သူတွေက လိုက်ကြတယ်၊ သူတို့(စစ်ကောင်စီ)ဘက်က ၁၅ မိနစ်လောက်နားပြီး တခါပြန်ပစ်တယ်၊ ခုလည်း လက်နက်ကြီးတွေ ဆက်တိုက်ပစ်လို့ တနေရာထပ်ရွေ့နေရတယ်”

ကပစ ၂၁ က တပ်ကြပ်ကြီးတဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

“သူက ဆိပ်ဖြူမှာနေပြီး ကပစ ၂၁ ကလာတဲ့ ကားတွေကို ဈေးဝယ်ပြီး တင်ပေးရတဲ့တာဝန်နဲ့ နေပြည်တော်ကို လျှို့ဝှက်အရေးကြီးစာရွက်စာတမ်းတွေ ပို့ဆောင်ရတဲ့ တာဝန်ယူပေးရတယ်လို့ သိရတယ်၊ ဦးခေါင်းကို ၂ ချက်ပစ်ခတ်ရှင်းလင်းခဲ့တာ”

သာယာဝတီထောင်မှာ အကျဉ်းသားတွေဆီက အမျိုးမျိုး ငွေတောင်းနေ

"အကြောင်းအမျိုးမျိုးနဲ့တောင်းနေတာ။ အကျဥ်းသားတွေမသက်သာဘူး။ ကိုယ်နေတဲ့အဆောင်မှာပြင်ရင် အဲ့အဆောင်ထဲက အကျဥ်းသားတွေအားလုံးပေးရတာ။ ကိုယ့်အဆောင်ကိုယ်ပြင်ဆိုတဲ့သဘောမျိုး။ နောက်ဆုံးထောင်ပိုင်လေးရဲ့အိမ်က အိမ်သာနဲ့ရေစင်ပြင်တာလည်း ပေးရတာပဲ။ အဲဒါကျတော့ တထောင်လုံးပေးရတယ်။ "

ဖုတ်ကုန်းကျေးရွာ စခန်းစီးနင်းခံရလို့ ပကဖ တပ်ဖွဲ့ဝင်တချို့ သေဆုံးပြီး လက်နက်တွေပါသွား

"ဖြစ်တဲ့အချိန်က မနက်အစောပိုင်း၊ ကင်းစောင့်တဲ့ရဲဘော်တွေ အိပ်ပျော်သွားတယ်နဲ့တူတယ်။ စကစနဲ့ပျူတွေက အလစ်ဝင်စီးပြီးတိုက်သွားတာ။ စခန်းစီးခံလိုက်ရတယ်ပေါ့။ ပစ်ခတ်မှုဖြစ်တော့ စကစဘက်က ရဲဘော်တချို့ကို နေရာမှာဘဲ ပစ်သတ်သွားတယ်။ လက်နက်တွေလဲ စကစဘက်က သိမ်းမိသွားတယ်။"

စစ်ရှောင်တွေကျန်ခဲ့တဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို တိုက်ပွဲတဖက်နဲ့ PDFက စောင့်ရှောက်ပေးထား

"အရေအတွက်ကတော့များတယ် တအိမ်ဆို ဝက်ချည်းပဲ အကောင် ၂၀လောက်ရှိတယ်။ ရဲဘော်လေးတွေ ဒီလိုပဲ မျှပြီးစောင့်ရှောက်ပေးနေရတယ်။ ကျွဲနွားအရမ်းများတဲ့သူတွေကတော့ လာယူသွားကြပြီ။ တချို့တဝက်ကတော့ စောင့်ရှောက်ပေးနေရဆဲပဲ"

တက်မရေနံမှော် ပိတ်သိမ်းခံရလို့ အလုပ်သမားနဲ့ဒေသခံ ၁ သိန်းကျော် အလုပ်လက်မဲ့ဖြစ်

"ခုလတ်တလောက ကိုယ့်ရပ်ရွာ ကိုယ်ပြန်ပြီး နေရတယ်။ ဒီဘက်ခြမ်းမှာ အလုပ်အကိုင်အခွင့်အလမ်းက ရှားပါးတယ်။ တနေကုန်လုပ်လို့ ၅၀၀၀ တောင် မရချင်ဘူး။ မှော်ထဲမှာက လုပ်သားတယောက်ကို တရက်ကို အနည်းဆုံး ၁၅၀၀၀ လောက်ရတယ်ဆိုတော့ မိသားစုအတွက်က အဆင်ပြေကြတယ်။ ခုက မှော်ထဲက အကုန်ပြန်ကြရတာဆိုတော့ အလုပ်လက်မဲ့တွေ ဖြစ်ကုန်တာများတယ်"

ဇွန်လရဲ့ ပထမဆုံး အခမဲ့ဆေးကုသမှုအဖြစ် ကနီနယ်စစ်ရှောင်တွေကို ဆေးကုသပေး

“ဆေးဝါးအခက်အခဲကြောင့် ဒီလထဲမှာ စစ်ဘေးရှောင်တွေကို Mobile ကုပေးတာ ပထမအကြိမ်ပါ။ မနေ့က သွားကုပေးလိုက်တာ ညနေ ၄ နာရီလောက်မှပြီးတယ်။ စစ်ရှောင်နေရတဲ့ သူတွေထဲမှာ ဖျားတဲ့သူတွေ ၊ သွေးတိုးတက်တဲ့သူတွေ ၊ နှာစေး ၊ ချောင်းဆိုး ၊ ဒူးနာ ၊ ခါးနာ အစရှိတာတွေကို အခမဲ့ ကုသပေးခဲ့တယ်။ ရွာသား ၈ ယောက်ကိုလည်း အကျိတ်တွေ ခွဲစိတ်ပေးခဲ့တယ်”

ခမရ - ၁၅ ထဲကို စစ်ကောင်စီအရာရှိတွေ ရောက်နေချိန် ဗုံးကြဲလို့ သေဆုံးမှုရှိဟုဆို

"ဒုချုပ်-စိုးဝင်း ပါတယ်လို့ကြားတယ်။ သံမဏိစက်ရုံ စစ်ဆေးဖို့လာတာ။ ရဟတ်ယာဥ်နှစ်စင်းနဲ့ လာပြီးတော့ ခမရ ၁၅ ထဲ အရင်ဆင်းတယ်။ အဲ့အချိန်မှာ ကျနော်တို့ကဒရုန်းနဲ့ဗုံး ၄ လုံးချခဲ့တာပါ။ စစ်သား ၇ ဦးသေတယ်။ ၈ ဦးဒဏ်ရာရတယ်”

ကန့်ဘလူမြို့မှာ မေလအတွင်း စစ်ရှောင် ၈ ဦးမြွေကိုက်ခံရ၊ တနှစ်ကျော်အတွင်း ၆၉ ဦးအထိရှိလာ

"ဒီလထဲမှာတင်ပဲ ၈ ဦး မြွေကိုက်ခံရတာပါ။ အားလုံးကျန်းမာရေးကောင်းမွန်ပါတယ်။ သူတို့ကို BPI နဲ့ အိန္ဒိယ မြွေဆိပ်ဖြေဆေးထိုးပြီးကုသပေးခဲ့ပါတယ်။ စုစုပေါင်း တနှစ်ကျော်အတွင်းမြွေကိုက်ခံရသူ ၆၉ ဦးရှိပါပြီ "

Young Force UG ဆီ တပ်သား ၁ဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာ၊ စုစုပေါင်း ၁၁ဦးထိရှိလာ

လွန်ခဲ့တဲ့ ၂ပတ် မေလ ၁၈ရက် ကတည်းက တပ်မ ၁၀၁ ကနေ MA 1 ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၁၀၀ နဲ့အတူ အလင်းဝင်လာလို့ သိန်း ၁၀၀ ကျော် ချီးမြင့်ခဲ့ပြီးဖြစ်ပေမယ့် လုံခြုံရေးအရ ဒီနေ့မှ ထုတ်ပြန်ခဲ့တာလို့ Young Force (UG) တာဝန်ခံက ပြောပါတယ်။

ခံဝန်ထိုးပြီးနေတဲ့ ပဲခူးတိုင်း လဝကဝန်ကြီး ၅၀၅ ၂မှုနဲ့ ပြန်ဖမ်းခံရ

"ဘယ်နေ့ကဖမ်းတယ်ဆိုတာမသိရဘူး။ မေလ ၂၁ ရက်က ပေါင်းတည်မှာ သူ့ယောက္ခမဆုံးလို့ ပြန်လာတာကိုတွေ့တယ်။ သူကအရင်တခါအဖမ်းခံပြီး ပြန်လွတ်ကတည်းက ရန်ကုန်မှာနေတာဆိုတော့ အဆက်အစပ်မရှိဘူး။ ခုဖမ်းတာကလည်း ပြည်ဒကစက ဖမ်းတာလို့သိရတယ်။"

ရေကြောင်းဖြတ်သန်းခွန်ထဲက သိန်း ၃၀၀ ကျော်ကို စစ်ဘေးရှောင်တွေအတွက် လှူတန်း

“ဒေသဖြတ်သန်းခွင့် ကောက်ခံမှုကနေ ရရှိတဲ့ငွေနဲ့ ဒီအလှူကိုလုပ်တာပါ၊ သွားလှူချိန်မှာလည်း စစ်ကြောင်းက အကုန်ဖျက်စီးသွားတော့ နေစရာအိုးအိမ်မရှိ၊ ငို‌ယိုနေကြတာတွေပဲ မြင်ခဲ့ရတယ်၊ လက်နက်ကြီးထိမှန်ထားတဲ့ ကလေးသူငယ်နဲ့ အမျိုးသမီးတွေလည်း ရှိသေးတယ်"

ဖဲဝိုင်းလိုင်းကြေးမရလို့ အုပ်ချုပ်ရေးမှူးက သေနတ်နဲ့ပစ်ခတ် ၁ ဦးသေဆုံး၊ ငွေ သိန်း ၇၀ ပေးပြီး ခြိမ်းခြောက်ကျေအေးခိုင်း

“အုပ်ကြီး သန်းဝင်းက သေနတ်ကိုင်ခွင့်ရထားတာ။ ဖဲဝိုင်းလုပ်ရင် လိုင်းကြေးလာလာကောက်တယ်။ အရင်ကတော့ပေးနေကျ။ ခဏခဏတောင်းတော့ လူပါးဝလို့ဆိုပြီး ခုတခေါက်မပေးဘူး ပြောတော့ ပြသနာတက်ကြပြီး အုပ်ကြီးက သေနတ်နဲ့ပစ်တာ”

ကန့်ဘလူနယ်မှာ ပိန္နဲသီးခူးသွားရင်း မိုင်းနင်းမိလို့ ၉ နှစ်အရွယ် ကလေး ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ

“ပိန္နဲပင်က ရွာပြင်ဘက်မှာရှိတယ်။ အဲဒီအပင်နားမှာ တဲရှိတယ်။ ပျူစောထီးတွေက မိုင်းကို တဲဘေးမှာ ထောင်ထားတယ်။ အဲဒါ အသက်အငယ်ဆုံးကလေးက နင်းမိပြီး အကုန်ထိကုန်တာ။ ဗူတီကိုတော့ မနေ့က သဂြိုလ်ပေးလိုက်ပြီ၊ ဦးမောင်ငွေက အဆုတ်ကိုထိသွားတယ်။ စိုးရိမ်ရတယ်။ ထွန်စည်သူအောင်က မျက်လုံးကိုထိသွားတယ်။ ဘာမှကောင်းကောင်းမမြင်ရတော့ဘူးလို့ ပြောတယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10