သတင်းတို

စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်လို့ ၅ နှစ်အရွယ် ကလေး ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

“နေအိမ်တအိမ်တည်း ၃ ယောက်ထိတယ်။ ဆေးကုသွားရင်း ကလေး ၁ ဦးကလမ်းမှာ ဆုံးသွားတယ်။ လူကြီး ၂ ဦးကတော့ ဆေးကုသမှုခံယူနေတယ်”

ကျောင်းသားပြည်သူ ၅၀၀ ကျော်က ခေတ်အဆက်ဆက်အာဇာနည်များကို ဂုဏ်ပြု

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက ကျေးရွာတရွာမှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ ကျောင်းသားပြည်သူ ၅၀၀ ကျော်ပူးပေါင်းကာ လွတ်လပ်ရေးတိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြတဲ့ အာဇာနည်တွေအပါအဝင် နွေဦးတော်လှန်ရေးကာလ ကျဆုံးခဲ့တဲ့ အာဇာနည်တွေကို ၇၆ ကြိမ်မြောက် အာဇာနည်နေ့မှာ ဂုဏ်ပြုခဲ့ကြပါတယ်။

စစ်ကိုင်းမှာ အာဇာနည်ခေါင်းဆောင်တွေအပါ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးရဲဘော်တွေကို ဂုဏ်ပြု

"ဒေသခံတွေက ပြုလုပ်တာပါ။ ဒေသခံကာကွယ်ရေးရဲဘော်တွေက လုံခြုံရေးပေးထားပါတယ်"

ကလေးခရိုင်အမှတ် (၁၁) တပ်ရင်း (မင်းကင်း)က အာဇာနည်နေ့အခမ်းအနား ကျင်းပ

"ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံအားအလေးပြုခြင်း၊ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲရသော အာဇာနည်သူရဲကောင်းများအား အလေးပြုခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ သစ္စာဓိဌာန်အားရွတ်ဆိုကြခြင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများအား အောက်မေ့သတိရသောအားဖြင့် တမိနစ်ငြိမ်သက်ကာ ဆုတောင်းမေတ္တာပို့သခြင်း" တို့ကိုပြုလုပ်ခဲ့ကြတယ်

စစ်တပ်ထောက်ပို့လမ်းကြောင်းကို မိုင်းထောင်ချိန် ပစ်ခတ်မှုဖြစ်ပြီး ရဲတွေဘက်က ၂ဦးသေ ၁ဦးဒဏ်ရာရ

"အဓိက ရန်ကုန်-နေပြည်တော် စကစ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ဖို့ မစ်ရှင်လုပ်နေချိန် လှည့်ကင်းနဲ့ဆုံပြီး ပစ်ခတ်မှုဖြစ်တယ်။ ဖြစ်နေတဲ့အချိန်မှာပဲ တံတားနဲ့ ရထားလမ်းကို ဖောက်ခွဲနိုင်ခဲ့တယ်။ ကြေညာချက်ထုတ်ပြန်ထားတဲ့အတိုင်းပဲ နယ်မြေစိုးမိုးရေးလုပ်ငန်းစဥ်တွေထဲက ခုမစ်ရှင်က တခုပါ။"

ပေါင်းတည်မှာ အမျိုးသား ၁ ဦး ကြိုးဆွဲချသေဆုံ၊ ၃ ရက်အတွင်း သေဆုံးသူ ၂ ဦးရှိ

“သူက အရက်ကိုအမြဲတစေသောက်တတ်တယ်။ သူ့သားကလည်းအဝေးမှာ အလုပ်သွားလုပ်နေတာ အခြား လူမူရေးကိစ္စတွေလည်းရှိတယ်လို့ပြောတယ်” လို့ ကျေးရွာ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ချင်းနဲ့ မကွေးနယ်စပ်က ၃ရက်တာတိုက်ပွဲမှာ PDF ၆ဦးသေဆုံးပြီး စစ်သား ၈၀ဝန်းကျင်သေဆုံးဟုဆို ( ရုပ်/သံ)

"ဇူလိုင်လ ၁၆ ရက် လောင်းရှည်က ထွက်လာတဲ့ ယာဉ်တန်းကို ဆောမြို့နယ် မဆွာတီနဲ့ လွဲလည်းကျင်းကြားမှာ မနက် ၉ နာရီမှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ၁၇ ရက်နေ့မှာ ဆောမြို့နယ် ရင်းကဲရွာအနီး ယွန်းချောင်းဘက်မှာ မနက် ၄ နာရီကျော်ကစလို့ တိုက်ပွဲဖြစ်ခဲ့တာ။" လို့ Laung She Region People's Defence Force တာဝန်ခံက ပြောပါတယ်။

မတ္တရာမှာ စစ်ကောင်စီက အမျိုးသား ၄ ဦးကိုသတ်ပြီး မြစ်ထဲပစ်ချခဲ့

“ရွာသားတွေကို ဖမ်းသွားပြီးတော့သူတို့က တုတ်အထူကြီးတွေ နဲ့ ရိုက်တယ်။ သစ်သားတုတ်တွေ နဲ့ရိုက်တော့ ရေရှည်အရိုက်ခံရတော့ မလွယ်ဘူးလေ။ ကျန်ခဲ့တဲ့ ၂ ယောက်ကိုလည်း လက်ပြန်ကြိုးတုတ်ပြီး ဆိုင်ကယ်တွေနဲ့ ဆွဲခေါ်သွားခဲ့တယ်” လို့ Wetlet Informational Network တာဝန်ရှိသူက ပြောပါတယ်။

ရေစကြိုမှာ အာဇာနည်နေ့ကျင်းပစဉ် လူထုကတောင်းဆိုလို့ အာဏာရှင်ဆန္ဒပြပွဲပါ ကျင်းပပေးခဲ့ရ

"အစကတော့ အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားပဲ လုပ်မလို့။ ပြည်သူတွေက ဆန္ဒပြပွဲပါ လုပ်ပေးပါလို့ တောင်းဆိုလို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲပါ ထည့်လုပ်ဖြစ်တာ။ ဒါကို ကြည့်ခြင်းအားဖြင့် စကစကို ပြည်သူတွေက ဘယ်လောက်ထိမုန်းနေလဲဆိုတာ သိသာပါတယ်"

ရွာအဝင်လမ်းမှာ မိုင်းထိလို့ ဒေသခံ ၂ဦးသေဆုံး

"ရွာမှာက စစ်တပ်ဘက်က တပ်စွဲထားလို့ ပြေးနေကြရတာ။ ခုက စစ်တပ်မရှိတော့ဘူးဆိုလို့ ရွာအခြေအနေကို သွားကြည့်ရာမှာ မိုင်းထိသွားတာ။ နှစ်ယောက်စလုံးက နေရာမှာပဲ ဆုံးသွားကြတယ်။"

ကလေးခရိုင်အမှတ် ၆ တပ်ရင်းမှာ အာဇာနည်နေ့ အခမ်းအနားကျင်းပ

ဒီနေ့ ဇူလိုင် ၁၉ ရက်မှာ ကျရောက်တဲ့ ၇၆ ကြိမ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ကလေးခရိုင် PDF အမှတ် ၆ တပ်ရင်း၊ တပ်ခွဲ ၃ ခုစလုံးရှိ ရဲဘော်တွေက အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ပဲခူးရိုးမမှာ ရိက္ခာဖြတ်ထားခံရတဲ့ ပြည်သူတွေကို PDF တွေက ဆန်ထောက်ပံ့

"စစ်ရှောင်ပြည်သူတွေမှာ စားဖို့ကို မရှိလို့ ကူညီပေးရတာပါ။ ဆန်အိတ်တွေများတော့ စစ်တပ်ကို ရှောင်သယ်ရတယ်။ စကစဘက်က ဖြတ်လေးဖြတ်လုပ်တဲ့သဘောပါ။ ဆန်အိတ်တွေကို ရဲဘော်တွေကိုယ်တိုင်ထမ်းပိုးပြီး ပို့ပေးခဲ့ပါတယ်"

ဆိပ်ဖြူ - ဆောကားလမ်းမမှာ စစ်ကားတစီး မိုင်းဆွဲခံရပြီး ၇ ဦး သေဆုံးဟုဆို

"ကား ၂ စီးသွားတဲ့အချိန် စကစ ၇ ကောင်စီးလာတဲ့ နောက်ကကားကိုဆွဲလိုက်တာ။ ကားတခုလုံး ပျက်စီးပြီးတော့ ၇ ကောင်လည်း ပွဲချင်းပြီးသေတာ။ ရှေ့ကကားမှာတော့ ၄ ကောင်ပါတယ်။ အဲ့ကားကိုတော့ မဆွဲလိုက်ဘူး"

မုံရွာမြို့လယ်နာရီစင်မှာ ၁၉ ဇူလိုင်မမေ့နိုင်စာတန်းချိတ်ဆွဲ၊ ကားတာယာကွင်း မီးရှို့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်ကောင်စီရဲ့ လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ကြားက မြို့လယ်ကောင်က နာရီစင်မှာ “၁၉ ဇူလိုင် မမေ့နိုင်” ဆိုတဲ့ စာတန်းကိုချိတ်ဆွဲခဲ့ပြီး ကားတာယာတွေကို မီးရှို့ခဲ့တယ်လို့ မုံရွာလူငယ်အစည်းအရုံးက ပြောပါတယ်။

ကနီမှာ အာဇာနည်နေ့အထိမ်းအမှတ် ကလေးငယ်တွေကို သံချဆေးတိုက်ကျွေး

"မနေ့ကနဲ့ဒီနေ့မှာ ကျနော်တို့ Team က ကျန်းမာရေး CDM ဆရာ၊ ဆရာမတွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး သံချဆေးတိုက်ကျွေးခဲ့တာပါ။ တိုက်ကျွေးရတဲ့နေရာက ခရီးကဝေးတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10