ဒဏ်ရာနဲ့ တရက်ကြာပျောက်နေတဲ့ အသေခံတပ်ကြပ်ကြီးကို ပြန်လည်ကယ်ထုတ်နိုင်ခဲ့ (ရုပ်/သံ)
"မနေ့က တိုက်ပွဲမှာ ပျောက်သွားတာ။ ဒီနေ့ မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားပြီး ရဲဘော်ကို ပြန်လည်ကယ်ထုတ်နိုင်လိုက်တယ်။ ရဲဘော်က ကျည်မှန်ထားတယ်။ ရန်သူမသိနိုင်တဲ့ နေရာတခုမှာ ပုန်းအောင်းနေတာ။ ရန်သူ့ရဲ့လမ်းကြောင်းကို ကျနော်တို့ ဖြတ်တိုက်တော့ တပ်ကြပ်ကြီးကို တွေ့ရပြီး ပြန်လည်ကယ်ထုတ်နိုင်ခဲ့တယ်။"