သတင်းတို

Bagan Ogre Force ရဲ့ လက်နက်တဲဆောင် စီးနင်းခံရလို့ PDF ၁ ဦးအပါ ၇ ဦးသေဆုံးပြီး လက်နက်တွေဆုံးရှုံး

"ကျနော်တို့ တဲမှာက အစောင့်၂ယောက်ထားတာ။ ၁ ယောက်ကအဖမ်းခံရလို့ အသတ်ခံလိုက်ရပြီ။ ကျန်တယောက်ကတော့ ထွက်ပြေး လွတ်မြောက်လာခဲ့တယ်။ အဲအနားက လယ်တဲတွေက ၆ ယောက်ကိုလည်းပစ်သတ်ခဲ့တယ်"လို့ Bagan Ogre Force မှ ပြန်ကြားရေးတာဝန်ခံ ဇီးကွက်က မြေလတ်အသံကိုပြောပါတယ်။

ပဲခူးရိုးမအနောက်ခြမ်းကို စစ်တပ်က ပစ္စည်းသယ်ယူခွင့် ကန့်သတ်၊ ဒေသခံပြည်သူတွေ ဒုက္ခရောက်

"ပေါက်ခေါင်းကနေ ရိုးမပတ်လမ်းကိုထွက်မယ့်ကားတွေကို အုတ်ပုံဂိတ်ကနေ စစ်ဆေးတယ်။ ကားတစီးကို ဆန် ၃ အိတ်ပဲ တင်ဆောင်ခွင့်ပြုပြီး ၃ အိတ်ထက်ကျော်လို့ မရဘူး" လို့ ပေါက်ခေါင်းဒေသခံတဦးက ပြောပါတယ်။

ထိတွေမှုဖြစ်ပြီးနောက် စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်နေလို့ ရင်းကဲကျေးရွာကနေအိမ်တွေ မီးလောင်

“သူတို့ကို တိုက်ခိုက်တဲ့အရှိန် ရပ်တန့်သွားအောင်၊ နှေးသွားအောင် ကျေးရွာကို သတ်သတ်မီး ရှို့တဲ့သဘောပါ။ အခု လက်ရှိအချိန်ထိ မီးလောင်နေတုန်းလို့ သိရတယ်၊ ဒေသခံကာကွယ်ရေးအဖွဲ့တွေ ဝိုင်းဝန်းငြိမ်းသတ်နေဆဲမို့ လက်ရှိချိန်ထိတော့ သတင်းအတိကျရဖို့ စုံစမ်းနေတုန်းပါ” လို့ ယော အလင်းတန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

မင်းဘူး-အမ်းလမ်းမှာ စစ်ကောင်စီကားတစီး တိမ်းမှောက်လို့ ၄ ဦးသေဆုံး

"ကားက ရှေ့ဘီးပေါက်သလားမသိဘူး။ ကားလမ်းဘေး ချောက်ထဲကျသွားတာ။ အလောင်းက ၄ လောင်း မြေပေါ်ပုံထားတာတွေ့တယ်။ တွဲခေါ်ပြီး စစ်ကားပေါ်တင်သွားရတာလည်း အများကြီးပဲ။ နာရေးကားတွေနဲ့လည်းတင်သွားတယ်" လို့ မင်းဘူးဒေသခံအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

PDF တွေစိုက်ပျိုးထားတဲ့ သီးနှံတွေကို ရိက္ခာခက်ခဲနေတဲ့စစ်ရှောင်တွေထံ ထောက်ပံ့

"စိုက်ခင်းစိုက်တာ ၂ လလောက်ပဲရှိသေးတယ်။ ရဲဘော်တွေ ရိက္ခာအဆင်ပြေဖို့စိုက်ကြတာပါ။ အနီးနားမှာ စစ်ရှောင်များတော့ စားဖို့ခက်ခဲကြတယ်။ အဲ့ဒါနဲ့ စစ်ရှောင်တွေစားဖို့တတ်နိုင်တဲ့ဘက်က ကူညီပေးတာပါ" လို့ယာယီ ဒု-တပ်ရင်းမှူက ပြောပါတယ်။

ရွှေကျင်က စစ်ကောင်စီရဲ့ ဖမ်းဆီးခံ အုပ်ချုပ်ရေးမှူးလင်မယား ပြန်လွတ်

"သူတို့လင်မယားကို ဖမ်းသွားပြီးတော့ စစ်တာပေါ့။ KNU၊ PDF တွေ ဘာလုပ်နေလဲ သိသလောက် ရေးပေးဆိုပြီး စာရွက်အလွတ်မှာ ရေးခိုင်းတယ်တဲ့။ ရိုက်နှက်ထုထောင်းတာတွေတော့ မရှိဘူး။ မနေ့က ပြန်လွတ်လာတယ်"

မကွေးအခြေစိုက် PDF ၂ ဖွဲ့ကို Earthquake အဖွဲ့က ဖောက်ခွဲရေးပစ္စည်းတွေထောက်ပံ့

"ကျနော်တို့တပ်ဖွဲ့တွေ ဆက်လက်ရပ်တည်နိုင်အောင်ဆိုပြီးတော့ ထောက်ပံ့တာပါ။ ပွဲတွေသွားရင်လည်း အလက်တွေငှားပေးတယ်။ သူတို့အဖွဲ့က ပွဲတွေကဖို့လည်း စီစဉ်ပေးတယ်ဗျ။ နောက်ပွဲတွေကို လုပ်နိုင်ဖို့အတွက် ထောက်ပံ့ပေးတာ"

ပဲခူးမြို့မှာ ဓါတ်ဆီ ၅ဂါလံထက်ပိုပြီး အရောင်းအဝယ် မလုပ်ဖို့ စစ်ကောင်စီပိတ်ပင်

“ဓာတ်ဆီတွေကို ပုံးကြီးတွေနဲ့ ဝယ်ရင်မရောင်းပေးတော့ဘူး။ အဲ့လိုမရောင်းတော့လို့ဆိုပြီး နည်းနည်းစီစုထားရင်း သူတို့သတ်မှတ်ထားတဲ့ ပမာဏထက်ပိုရင် အရေးယူခံရဦးမှာ။ ပဲခူးမှာရှိတဲ့ ဓာတ်ဆီဆိုင်ကြီးတွေကို အဲ့လိုလုပ်ဖို့ စကစကညွှန်ကြားထားတယ်လို့ ကျနော်တို့ကြားတယ်။”

မြို့ပေါ်လာရှောင်နေတဲ့ ကြံခိုင်ရေးပါတီဝင် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

"သူတို့ရွာက တရွာလုံးနီးပါး ရွာမှာမနေကြဘူး။ စစ်တပ် စစ်ကြောင်းဝင်တာရှိသလို PDF အဖွဲ့တွေလည်း ဝင်တာတွေရှိတာကြောင့် ရွာကနေ အဆင်ပြေရာပြောင်းနေကြတာ။ ခုအသတ်ခံရတဲ့ အုပ်ကြီးကလည်း သူလည်း အသတ်ခံရမှာကြောက်လို့ မြိုပေါ်လာနေကာမှ ပစ်သတ်ခံရတယ်"

ဝက်လက်မှ ထွက်လာတဲ့စစ်ကြောင်းက ဒေသခံ ၂ ဦးကိုသတ်ပြီး ရထားလမ်းတလျှောက်က ရွာတွေကို မီးရှို့

"ဖမ်းဆီးခံရတာတော့ မရှိဘူး။ စစ်ကြောင်းက ထန်းကြီး(ရွာ)ရောက်ကတည်းက ရွာထဲက လူတွေက ရှောင်နေကြပြီ။ အရှေ့ရွာတော့ မီးရှို့တယ်။ အပျက်အစီးမသိရသေးဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။

လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးရှေ့ ဗုံးခွဲခံရ

"ဗုံးက ၃ လုံးခွဲတာမှာ ၂ လုံးက မပေါက်ဘူး။ ၁ လုံးပဲပေါက်တာ။ သယ်လာတဲ့အချိန်လမ်းမှာလည်း အစိုဓါတ်နဲ့ထိပြီး ရေငွေ့ရိုက်ခံရတာရယ် တပ်ဆင်ပြီးတဲ့အချိန်မှာ မိုးမိတာရယ်ကြောင့် Error တက်သွားတာ။ မိုးတွေရွာလာလို့ မခွဲချင်ပဲခွဲလိုက်ရတာ။ ပြည်သူတွေမပျော်ရတော့ဘူးပေါ့" လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LPN-PDF အဖွဲ့တာဝန်ခံက ပြောပါတယ်။

ကလေးမြို့အမြောက်တပ်က လက်နက်ကြီးနဲ့ပစ်လို့ မိဘ ၂ ဦးသေ၊ ၃ နှစ်အရွယ် ကလေး ၁ ဦးကျန်

“ရွာအဝင်နားက တမိသားစုလုံးထိတယ်။ အိမ်ထောင်ဦးစီးက ဗိုက်အူတွေထွက်ပြီး ညတွင်းချင်းပဲ လင်မယား ၂ ယောက်လုံး ဆုံးသွားပြီ။ သားလေးတယောက်တည်း ကျန်ခဲ့တော့တာ။ ကလေးက အဆင်ပြေပြီ၊ မစိုးရိမ်ရတော့ဘူး” လို့ ကလေးဒေသခံတဦးက ပြောပါတယ်။

ရာသီတုပ်ကွေးအဖြစ်များနေလို့ ခင်ဦးနယ်ကစစ်ရှောင်တွေ ဆေးဝါးလိုအပ်နေ

"အခုအချိန် နှာစေး၊ ချောင်းဆိုးတာလောက်တော့ ဖြစ်နေကြတာမို့ ဆေးဝါးအခက်အခဲတွေကတော့ လိုအပ်နေပါတယ်။ ကျ‌နော်တို့ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ကနေပြီး ၁၅ ရက်တခါ စစ်ရှောင်စခန်းတွေကိုလိုက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေလည်းပေးနေပါတယ်" လို့ ဗိုလ်လင်းရောင်က ပြောပါတယ်။

ပခုက္ကူက နယ်မြေရဲစခန်းရှိ လုံခြုံရေးရဲတဦး ပစ်ခတ်တိုက်ခိုက်ခံရလို့ သေဆုံး

"ရဲစခန်းရှေ့မှာ ဘန်ကာ ၄ ခုရှိတာ၊ ဘန်ကာတခုကို ရဲတယောက်ဆီ အသင့်စောင့်နေတာကို ဒုတိယမြောက် ဘန်ကာထဲကရဲကို အလစ်အငိုက်ပစ်ခတ်ခဲ့တာပါ။ ပွဲချင်းပြီးသေသွားတယ်။"လို့ သတင်းနဲ့ ပြန်ကြာရေးတာဝန်ခံ ရဲဘော်ဒိုင်းနမိုက်က ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10