သတင်းတို

CHU-PDF ရဲ့ ခေါင်းဆောင်မှုဆိုင်ရာ သင်တန်းဆင်းပွဲ (photo-news)

"ကျနော်တို့ရဲ့အဖွဲ့က ခေါင်းဆောင်ငယ်လေးတွေကို တိုက်ပွဲတွေဖော်ဆောင်တဲ့အခါမှာ တပ်စု၊ တပ်စိတ်တွေကိုဦးဆောင်ပြီးတော့ စီမံခန့်ခွဲပြီးတိုက်ခိုက်နိုင်ဖို့အတွက် ပြုလုပ်ပေးခဲ့တာပါ။ ဒီဟာတွေရဲ့ပညာရပ်တွေကို သင်ကြားပေးခဲ့တာပါ။ ဒီသင်တန်းမှာ အကုန်လုံးက အမျိုးသားတွေဖြစ်ပါတယ်"

ဝက်လက်နယ်မှာ စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိဟုဆို

"ကျနော်တို့ကသတင်းရလို့ ကြိုစောင့်နေတာ။ ဝက်လက်နဲ့သုံးမိုင်ကျော်လောက်ဝေးမယ်။ ရွာနှစ်ရွာကြားမှာ ကျနော်တို့စတိုက်တယ်။ မိနစ် ၂၀ လောက် အပြန်အလှန်ပစ်ခဲ့ကြတယ်။ ပစ်တဲ့အချိန်မှာပဲ ၃ ယောက်လဲကျသွားတာ မြင်လိုက်ရတယ်"

အုတ်တွင်းမှာ ကျောင်းဆရာမ ၂ ဦး ရွှေဆွဲကြိုးလုယက်ခံရစဉ် ဆိုင်ကယ်မှောက်လို့ ၁ ဦးသေဆုံး

"တောင်ငူကနေ ကလေးကျောင်းသုံးပစ္စည်းတွေဝယ်ပြီးပြန်လာတာလို့သိရတယ်။ ဆရာမ ဝတ်ရည်ဝင်းက ရှေ့ကမောင်းပြီး ဆရာမ မဝေဟင်ဝင်းကနောက်ကနေထိုင်စီးတာ။ လုတဲ့သူတွေက သူတို့ဆိုင်ကယ်နားကပ်လာပြီး နောက်ကဆရာမဆွဲကြိုးကိုဖြတ်လုတာ။ ဆွဲကြိုးလုခံရတော့ အမျိုးသမီးတွေဆိုတော့ အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်လဲကျသွားတာ"

ပြစ်မှုကျူးလွန်ထားတဲ့ PDF ခေါင်းဆောင်နဲ့ နောက်လိုက် ၇ ဦး စကစထံ ထွက်ပြေး၊ ကျပ်သိန်းထောင်ချီ ခိုးယူသွား

" E.D.Fက ၄ယောက်က Missionလုပ်မယ်ဆိုပြီးတော့ မနက်ပိုင်းမှာ မြို့မြောက်ဘက် အင်ပင်ဂိတ်အတိုင်း ထွက်ပြေးသွားတာပါဗျ။ D.T.Pက ၃ယောက်ကတော့ ညပိုင်းမှာ ထပ်မံသွားတာ။ သူတို့ အကုန်လုံးက လက်ရှိမှာ တပ်မ (၁၀၁) ဝန်းကျင်မှာ ရှိနေမယ်လို့ ယူဆရပါတယ်"

မင်းလှမှာ ကားနဲ့ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက် ဆိုင်ကယ်သမား ၂ ဦးပွဲချင်းပြီးသေ

"ဆိုင်ကယ်က ကားခေါင်းအောက်ကို (ဆိုင်ကယ်)ရှေ့ဘီးရောက်သွားတာ။ ဆိုင်ကယ်က မလဲဘူး။ လူတွေကသာ နောက်ပြန်ကျတဲ့သဘော။ ၂ ဦးစလုံးက ဆိုင်ကယ်စီးဦးထုပ်မပါဘူး။ ၂ ဦးစလုံးပွဲချင်းပြီးသေတာ အသက် ၃၀အရွယ်ဝန်းကျင်ပဲရှိကြအုံးမယ်။ မင်းလှမြို့နယ်သရက်တောရွာနဲ့ တောင်ပို့ကြီးရွာက တယောက်လို့တော့ သိရတယ်"

ငါန်းဇွန် TGYR - PDF စခန်းမီးရှို့ခံရလို့ စခန်းတခုလုံးပြာကျပြီး သိန်းရာချီဆုံးရှုံး

"ကျနော်တို့ရဲဘော် နှစ်ဆယ်ကျော်က မြောင်ဘက်မှာ စစ်ကြောင်းထွက်နေတာဗျ။ စခန်းမှာက ရဲဘော် ရှစ်ယောက်ကျန်ခဲ့တာ။ ဒီဟာကို အခွင့်ကောင်းယူပြီးတော့ ဝင်ရောက်မီးရှို့ဖျက်ဆီးသွားတာပါ။ ရဲဘော်တွေကတော့ ပစ္စည်းတွေ နိုင်သလောက်ထမ်းပြီး ထွက်ပြေးလွတ် မြောက်ခဲ့တယ်။ ကျန်ခဲ့တဲ့ ခဲယမ်း၊ လက်နက်၊ ကျည်တွေကတော့ အကုန်လုံးဆုံးရှုံးလိုက်ရတယ်။ ကာလပေါက်စျေးနဲ့ပြောရရင် သိန်းတရာ့ငါးဆယ်နီးပါး ဆုံးရှုံးခဲ့ပါတယ်"

ရေစကြို၊ မိဖုရားရွာကို စစ်တပ်က မီးရှို့၊ လက်နက်ကြီးနဲ့ပါပစ်လို့ အမျိုးသမီးတဦးသေဆုံး

“ဒီဘက်ကမ်းကိုရောက်တာနဲ့ သူတို့က တရစပ် လက်နက်ကြီးတွေ၊ စက်လက်နက်တွေနဲ့ ပစ်တယ်။ အခုချိန်ထိ နေအိမ်တွေ ဘယ်လောက်ထိ မီးထဲပါသွားလဲ မသိရသေးပါဘူး။ ရွာသားတွေလည်း ရွာထဲ မဝင်ရဲသေးဘူး၊ သေဆုံးသွားတဲ့သူက ကလေး ၂ ယောက်အမေလို့ သိရတယ်။ အသက် ၁၂ နှစ်အရွယ် မောင်ညီခန့်ဇင်က လက်နက်ကြီးထိမှန်သွားတယ်”

စစ်တပ်က စစ်ကြောင်းထိုးလို့ ရေဦးဒေသခံ ၅ ထောင်နီးပါး တိမ်းရှောင်နေရ၊ စားသောက်ရေး အခက်တွေ့နေ

"စစ်သားတွေက ရေဦးမြောက်ဘက် ချောင်းဦးနဲ့စခန်းသာရွာမှာ ညအိပ် စခန်းချတယ်။ အဲ့နားက ရွာသားတွေလည်း ရှောင်ပြေးနေရတယ်။ စစ်ရှောင်တာ ၅၀၀၀ လောက်ရှိမယ်။ ထမင်းထုပ်တွေ တနိုင်လာပေးတာတော့ ရှိပါတယ်။ စားစရာလည်းမသယ်နိုင်တော့ စစ်ရှောင်ပြည်သူတွေ စားစရာမရှိဖြစ်နေတယ်"

ကညွတ်ကွင်းမှာ အမျိုးသား ၁ ဦး မိမိကိုယ်ကို အဆုံးစီရင်

"သူက အသောက်အစားရှိတတ်တယ်။ အိမ်မှာကလည်း လင်မယား ၂ ယောက်ဘဲရှိတယ်လို့ သိရတယ်။ သားသမီးတွေကျတော့ ထိုင်းဘက်ကမှာ အလုပ်လုပ်သူရှိသလို ရွာမှာလည်း ရှိကြတယ်လို့ သိရတယ်။ အခုလိုဆွဲကြိုးချသွားတာက မိသားစု အိမ်တွင်းရေးကိစ္စလောက်ပါဘဲ"

မိုင်းဆွဲခံရတဲ့စစ်အုပ်စုက ပင်းဇင်းရွာကိုမီးရှို့လို့ နေအိမ် ၁၃ လုံးပျက်ဆီး

“မိုင်းဆွဲတိုက်ခိုက်တဲ့အချိန် စစ်ကောင်စီဘက်က ၇ ယောက်လောက် ဒဏ်ရာရသွားတယ်လို့ ကြားတယ်။ ထိတွေ့ပစ်ခတ်မှုမှာတော့ ၃ ယောက်သေသွားတယ်။ သူတို့လဲ ကျသွားတာကို ကျနော်တို့ လှမ်းမြင်နေရတယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်ကျဆုံးတာတွေမရှိပါဘူး။ သူတို့က ပင်းဇင်းရွာထဲမှာလည်း အကြာကြီးမနေဘူး မီးရှို့ပြီတာနဲ့ ပြန်ထွက်တာပဲ။ ပင်းဇင်းရွာက အခုအကြိမ်နဲ့ဆို မီးရှို့ခံရတာ ၃ ကြိမ်ရှိပါပြီ”

စစ်ကောင်စီတပ်က နေအိမ် ၇ လုံးနဲ့အတူ အသက် ၈၀ အဘွားကိုပါ မီးရှို့သတ်သွား

"စကစတွေက ရွာကအိမ်တွေကိုမီးရှို့တယ်။ ပြီးတော့ အိမ်ထဲမှာပိတ်မိနေတဲ့ အဘွားကိုသတ်ပြီးတော့ အိမ်မီးလောင်နေတဲ့အထဲ ထည့်သွားတာ။ အလောင်းကို အစအနပျောက်အောင်လုပ်တဲ့ သဘောပေါ့။ အဘွားရဲ့မီးရှို့ခံအလောင်းကို မနေ့က ရွာသားတွေ ရွာထဲခဏဝင်ကြည့်တဲ့အခါမှာ တွေ့ခဲ့တာ။ အိမ် ၇ လုံးပြာကျသွားတယ်"

ခလရ ၂၅၆ ကထွက်လာတဲ့ကားတွေ ၃ ကြိမ်တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိနိုင်

"ဖောကား ၂ စီးက တပ်ထဲကထွက်လာတာကို ပထမတကြိမ်က အောင်မိုး လမ်းဆုံနားကနေ မိုင်းဆွဲလိုက်တာ၊ ၁၅ မိနစ်လောက်ကြာတော့ ခလရ ၂၅၆ တပ်ထဲကနေ စစ်ကူတစီးထွက်လာလို့ မြေဖြူရွာနဲ့ ရွာငယ်ရွာကြားကနေ ပဒေသာမိုင်းနဲ့ထပ်ဆွဲတာ၊ ၂ ကြိမ်ပေါင်း ၃ ဦးလောက် ဒဏ်ရာရပြီး(၃ ကြိမ်ပေါင်း) ၈ ဦးလောက် ထိခိုက်ဒဏ်ရာရသွားတာလို့ ပြောပါတယ်"

ဆားလင်းကြီးက စစ်ဘေးနဲ့ မီးဘေးသင့်ကျေးရွာကို S&C က ရိက္ခာထောက်ပံ့

အိမ်ထောင်စု ၁၂၈ စုကို တအိမ်ထောင်လျှင် ဆန် ၄ ပြည်၊ ဆီ ၁ ပုလင်း၊ ဆား ၁ ထုပ်ဆီ ထောက်ပံ့ခဲ့တာ

စစ်တပ်က အရပ်သားကားတွေနဲ့ သွားလာနေလို့ PDF က သပိတ်ကျင်း - ဗန်းမော်လမ်းပိုင်းကို ညပိုင်းအသုံးပြုခွင့်ပိတ်

"ဒီလိုကန့်သတ်တာတွေကို ဒေသခံပြည်သူတွေ အနေနဲ့လိုက်နာမှုအားနည်းတယ်။ လိုက်နာမှု အားနည်းတော့ ကျနော်တို့တွေအနေနဲ့က လုပ်ငန်းဖော်ဆောင်ရာမှာ နှောင့်နှေးကြန့်ကြာမှုအပြင် ပြည်သူတွေနစ်နာမှု မဖြစ်စေဖို့ လက်လွှတ်လိုက်ရတဲ့အလုပ်တွေ။ ငွေကြေး၊ အချိန်တွေပေးဆပ်ထားပြီးလုပ်ရတော့ ကျနော်တို့အတွက် နစ်နာစေတာပေါ့"

ရွာမီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရလို့ ထိခိုက်သေဆုံးသူများဟုဆို

“မိုင်းဆွဲလိုက်တော့အလယ်ကားကို ထိသွားတယ်။ ထိခိုက်ဒဏ်ရာရသူတွေလည်း များနိုင်တယ်။ အတိအကျတော့ပြောလို့မရသေးပါဘူး။ မိုင်းဆွဲပြီတော့ သူတို့ဘက်ကလည်းလက်နက်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေက အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ အခုဆို မန်ကျည်းစုရွာနဲ့ ထိန်ပန်းရွာက ဒေသခံတွေ ထွက်ပြေးနေရတယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10