စောကျော်ငြိမ်း

ရဲဘော်သစ်တွေကို လက်နက်တပ်ဆင်ပေးမယ့် ယောမြို့ပါရီကမ်ပိန်း (ရုပ်/သံ)

ယောကာကွယ်ရေးတပ်ဟာ ပြည်သူလူထု အားကိုးအားထားရတဲ့ တပ်ဖွဲ့တခုဖြစ်အောင်ကြိုးစားနေသလို ပြည်သူလူထုအနေနဲ့လည်း စိတ်အားမငယ်ကြဖို့၊ အားတင်းထားကြဖို့နဲ့ YDF ရဲဘော်သစ်တွေရဲ့ ယောမြို့ပါရီကမ်ပိန်းမှာ တတ်အားသမျှပါဝင်ပေးကြဖို့ တိုက်တွန်းကြောင်းကိုလည်း YDF ဦးဆောင်သူ ကိုမြတ်သူ က ပြောပါတယ်။

စစ်ကောင်စီက လေကြောင်းက ၃ ကြိမ်တိုက်ခိုက်လို့ စေတီနဲ့ဘုန်းကြီးကျောင်းဆောင်တွေ ပျက်စီး (ရုပ်/သံ)

ဂျက်ဖိုက်တာနဲ့ မနက် ၁၂ နာရီ ၂၀ မိနစ်ခန့်မှာ ၃ ကြိမ်ပစ်ခတ်ခဲ့ရာ ယာခင်းအနီး တောင်သူတွေမြေပဲနှုတ်တဲ့နေရာ၊ ရွာမြောက်ပိုင်းရှိ ဘုန်းတော်ကြီးကျောင်းဆောင်တချို့နဲ့ စေတီတွေ ကျည်စထိမှန်ပျက်စီးခဲ့ပြီး နွားတကောင်လည်း သေဆုံးခဲ့တယ်လို့ Bo Tiger တပ်ဖွဲ့ ဒုတာဝန်ခံ ဗိုလ်ထက်အောင်က ဆိုပါတယ်။

နတ်တလင်းမှာ စစ်တပ်သတင်းပေး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

"ရွာထဲမှ ရွာသားတွေကိုလည်း မထိခိုက်စေချင်တာကြောင့် ရွာအပြင်ကိုဖမ်းဆီးပြီး ရှင်းခဲ့တာပါ။ ဘယ်ညာ ရင်အုံနှစ်ဘက်ကို သေနတ်နဲ့ ၂ ချက်ပစ်ခဲ့တယ်"

ရေစကြိုမှာ စစ်တပ်ဂိတ်စခန်း လက်နက်ကြီးနဲ့ပစ်ခံရလို့ စစ်သား ၂ ဦးသေဆုံး (ရုပ်/သံ)

ကျောက်လှေခါးဂိတ်စခန်းမှာ စစ်တပ်အင်အား ၃၀ ကျော်ရှိပြီး လမ်းသွားလမ်းလာပြည်သူတွေကို ငွေတောင်းတာ၊ အမျိုးသမီးတွေကို မဖွယ်မရာပြောဆိုတာ၊ အနီးပတ်ဝန်း ကျင်ရှိ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် နေ့လယ် ၁ နာရီခန့်မှာတိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့တာလို့ Southern YSO PDF တာဝန်ခံဗိုလ်အောင်မောင်း ကပြောပါတယ်။

ပုလဲနယ်မှာ လက်နက်နဲ့အတူ အလင်းဝင်လာတဲ့ ပျူစောထီးတဦးကို ကျပ်သိန်း ၂၀ ဆုချီးမြှင့်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ အင်မထီးပျူစောထီးကျေးရွာမှ ပျူစောထီးတဦးက လက်နက်ခဲယမ်းများနဲ့အတူ မတ် ၁၀ ရက် အလင်းဝင်လာတဲ့အတွက် ကျပ်သိန်း ၂၀ ဆုငွေချီးမြှင့်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်းဆီက သိရပါတယ်။

ဝက်လက် စစ်ရှောင်ပြည်သူ ၄၀၀ ခန့် ဆေးဝါးအကူအညီ လိုအပ်နေ (ရုပ်/သံ)

နေရပ်ပြန်နိုင်ခြင်းမရှိသေးတဲ့ ရှိမ်းမကားရွာ၊ သဲဘုတ်ကြီးရွာ၊ ရွာသစ်ရွာ၊ အင်ဒေါင်းရွာ၊ အစရှိတဲ့ ရွာတွေက ပြည်သူတွေကိုမတ် ၈ ရက်က လူနာ ၁၈၀ ကျော်နဲ့ မတ် ၉ ရက်မှာ လူနာ ၂၀၀ ကျော်ကို ၂ ရက် ဆက်တိုက် အခမဲ့ဆေးကုသပေးခဲ့ရာ ဆေးဝါးပြတ်လပ်ခဲ့တာလို့ ထောက်ပို့အဖွဲ့တာဝန်ခံ ကိုနေမင်းခန့် က ဆိုပါတယ်။

ကျည်ဆန်စျေးကြီးမြင့်လို့ စျေးသက်သာတဲ့ကျည်ဆန်သုံး သေနတ်တွေ RBDF တပ်ဖွဲ့ကပြင်ဆင်ထုတ်လုပ် (ရုပ်/သံ)

" ၇.၆၂ ကျည်ဆန်တတောင့်ကို ၁၃၀၀၀ ကျပ်ပေါက်စျေးရှိတယ်။ ၅.၅၆ ကျည်ဆန် တတောင့်က ၆၅၀၀-၇၀၀၀ ပဲရှိတယ်။စျေးနှုန်းက ထက်ဝက်ကွာတယ်။ကျည်ဆန်ဝယ်ရတာလွယ်တော့ ပြောင်းလဲထုတ်ဖြစ်တာပါ"

မွေ့တုံရွာက စစ်ရှောင်အမျိုးသမီးတွေကို NUG ထောက်ပံ့

မွေ့တုံကျေးရွာက မီးဘေးသင့် အမျိုးသမီး ၃၄ ဦးအတွက် ၁ ဦးကို ၆ သောင်းကျပ်နှုန်းကို ပုလဲမြို့နယ် အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာ တာဝန်ခံ၊ ပအဖ ခေါင်းဆောင်နဲ့ လူသားစာနာတာဝန်ခံတို့က တဆင့်ပြန်လည်ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ချောင်းဦးမှာ ကင်းပတ်နေတဲ့စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရလို့ ၄ ဦးသေဆုံး (ရုပ်/သံ)

"ဒီကောင် (စစ်ကောင်စီတပ်သား)တွေ ကင်းပတ်ပြီး အပြန်မှာတိုက်ခိုက်ခဲ့တာပါ။ စလစ်မိုင်း ၃ လုံးတွဲနဲ့ မိုင်းဆွဲခဲ့တယ်။ ၄ ကောင်က နေရာမှာပွဲချင်းပြီးသေတယ်။ ဒဏ်ရာရသူတွေတော့ အတိအကျမသိရသေးဘူး"

ချောင်းဦးမှာ ကင်းပတ်နေတဲ့စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရလို့ ၄ ဦးသေဆုံး

"ဒီကောင် (စစ်ကောင်စီတပ်သား)တွေ ကင်းပတ်ပြီး အပြန်မှာတိုက်ခိုက်ခဲ့တာပါ။ စလစ်မိုင်း ၃ လုံးတွဲနဲ့ မိုင်းဆွဲခဲ့တယ်။ ၄ ကောင်က နေရာမှာပွဲချင်းပြီးသေတယ်။ ဒဏ်ရာရသူတွေတော့ အတိအကျမသိရသေးဘူး"

ဝမ်းတွင်းမှာ တပ်မ ၉၉ တပ်သား ၁ ဦး ပစ်သတ်ခံရ

ဝမ်းတွင်းမြို့နယ်၊ ကျင်းရွာကနေ ပြန်လာတဲ့ တပ်သားသန့်ဇင်ထွေးကို မတ်လ၁၀ရက် ညနေ ၄ နာရီလောက်က ပင်းတလဲ-ဝမ်းတွင်းလမ်းပေါ်က ပြည့်ဝဘုရားအနီးမှာ ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းတွေနဲ့ CDF-KKG ဆီ အလင်းဝင်လာ

အသက် ၂၆ နှစ်အရွယ် ရဲတပ်သား ၁ ဦးက G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၅ ဘောက်၊ ကျည်ဆန် ၃၃၀ ထောင့်၊ လက်ပစ်ဗုံး ၁ လုံးနဲ့အတူ CDF - KKG ဆီ အလင်းဝင်ခဲ့တာဖြစ်ပြီး အမည်ကိုတော့ လုံခြုံရေးအရ ဖော်ပြထားခြင်းမရှိပါဘူး။

ရွာပေါင်းစုံလူထုသပိတ်ရဲ့ ၃ နှစ်ပြည့် သပိတ်လှုပ်ရှားမှု

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတခုမှာ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်တွေဟာ ဒေသခံတွေနဲ့ပူးပေါင်းပြီး မတ် ၉ ရက် ဒီမနက်ပိုင်းမှာ သပိတ်လှုပ်ရှားမှုတခု ပြုလုပ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

တော်လှန်ရေးမှာ ပြည်သူလူထုသွေးအေးမသွားဖို့ The Way နဲ့တော်လှန်ရုပ်ရှင်တွေပြသ

တော်လှန်ရေးကာလ အချိန်ကြာမြင့်လာသလို ပြည်သူတွေစားဝတ်နေရေးကျပ်တည်းလာတာကြောင့် အလုပ်တွေလုပ်ကိုင်နေကြရတဲ့အတွက် သပိတ်စစ်ကြောင်းတွေက အရင်လို အများအပြား မထွက်နိုင်တော့တဲ့အတွက် လူထုကိုဖျော်ဖြေရင်း တော်လှန်ရုပ်ရှင်တွေ ပြသရတာလို့ ဆိုပါတယ်။

စစ်ကောင်စီအောက်မဝင်ချင်လို့ MBT တပ်ဖွဲ့ထဲရောက်လာတဲ့ တပ်သား ၅၀ကို စစ်သင်တန်းစပေး (ရုပ်/သံ)

သင်တန်းသားတွေမှာ ကွန်ပျူတာနည်းပညာ ကျွမ်းကျင်သူတွေ၊ စက်မှုပိုင်း နာလည်းတတ် ကျွမ်းသူတွေ၊ ပန်းရံဆရာ၊ သံထည်ပစ္စည်းထုတ်လုပ်တဲ့ဆရာတွေ၊ ကျောင်းသားလူငယ်တွေ၊ နိုင်ငံရပ်ခြားမသွားရတော့တဲ့သူတွေ စတဲ့အလွှာပေါင်းစုံက လူငယ်တွေ ပါတော်လှန်ရေးတပ်ဖွဲ့ထဲကို ဝင်ရောက်လာကြတယ်လို့ သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10