အဆရ ၁၂ က တပ်သားတဦး လက်နက်တွေနဲ့အတူ အလင်းဝင်
“တပ်သားကတော့ ဧရာဝတီတိုင်း၊ ဟင်္သာတဘက်ကပါ။ အင်မထီးကျေးရွာမှာ တာဝန်ကျနေတာ။ အင်မထီးကျေးရွာ အရှေ့ဘက်မှာ ကျနော်တို့ရဲဘော်တွေ ကင်းချထားတာတွေရှိတယ်။ အဲဒီရဲဘော်တွေဆီ အလံဖြူထောင်ပြီးတော့ ‘ကျနော်အင်မထီးကျေးရွာထဲက ထွက်လာတာပါ၊ ပြည်သူနဲ့ ပူးပေါင်းချင်လို့ပါ’ ပြောပြီး အလင်းဝင်လာတာ”