သတင်း

မြင်းမူ-မြောင်လမ်းပေါ်မှာ PDF ၂၅ ဦးကို သတ်သွားတဲ့စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

" လက်ရှိ စာရင်းအရ ၅ ကောင်သေပြီး ၄ ဦးဒဏ်ရာရ အတည်ပြုနိုင်လိုက်တယ်။ နောက်ထပ်ချတဲ့ အလုံးကတော့ ထိမထိ မသိရသေးဘူး"

ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းရွာ ရဲစခန်းနားက လူနေအိမ်တွေကို စစ်တပ် မီးရှို့

“တလောက Drone အဖွဲ့တွေ Drone နဲ့သွားချတာမှာ တောင်ခင်ရန်း ရဲစခန်းမှူး တဦးသေတယ်လို့ ကြားတယ်။ အဲ့အတွက်ကြောင့် နေအိမ်တွေကို မီးရှို့တာလို့တော့ထင်တယ်။”

ခင်ဦးမြို့လယ်မှာ ဘန်ကာဆောက်ပြီးတပ်စွဲထားတဲ့ စစ်အုပ်စုကို မောင်းသူမဲ့လေယာဉ်ငယ်နဲ့ ဗုံးချတိုက်ခိုက်

“ အရင်တုန်းကတော့ ၇၀၁ နဲ့ ၇၀၂ထိုင်တာ။ တပ်ချိန်းသွားတာ ၂ ပတ်လောက်ရှိသွားပြီ။ ဗုံးသီးက ရှေ့ဘန်ကာထဲကို ကျတယ်။ ၃ယောက်သေဆုံးတာကို မြေပြင်ကင်းထောက်က အတည်ပြုပေးတယ်။ ဒဏ်ရာရကိုတော့ စုံစမ်းနေတုန်းပါ”

ဟုမ္မလင်းက စစ်တပ် တပ်စွဲထားတဲ့ ၃ နေရာ တိုက်ခိုက်ခံရလို့ ၃ ဦးသေပြီး PDF ၁ ဦးသေဆုံး (ရုပ်/သံ)

"ရန်သူ့ဘက်က အနည်းဆုံး ၃ ဦးသေတယ်။ ဒီထက်လည်းများနိုင်တယ်။ ကျနော်တို့ HPDF 124 တပ်ရင်းက ရဲဘော်တဦးကျဆုံးပြီး ရဲဘော်တဦး ထိခိုက်ဒဏ်ရာရတယ်။ ခရိုင်တပ်ရင်းဘက်ကလည်း ရဲဘော်တဦး ထိခိုက်ဒဏ်ရာရတယ်။"

မုန်းဒေသက စစ်ဘေးရှောင်ရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ကလေးပျက်ကျမှုတွေရှိနေ

"ကိုယ်ဝန်ဆောင်မိခင်တွေဆိုတာက ကောင်းမွန်စွာနေထိုင်ပြီး ဆေးဝါးအလုံအလောက်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုရမှ ကလေးတွေကို ကောင်းမွန်စွာ မွေးဖွားနိုင်မှာ။ အခုကျတော့ အသက်လု ပြေးနေရတာနဲ့ ဆေးဝါးအကူအညီကောင်းကောင်း မရတာတွေက ကလေးပျက်ကျတာတွေကို ဖြစ်စေတာ"

ချောက်မြို့လယ်ခေါင်ရှိ မြို့မရဲစခန်း လက်ပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုရှိနိုင်

"ကျနော်တို့ ရဲစခန်းရှေ့တည့်တည့်ကနေပြီးတော့ ဘန်ကာအတွင်းထဲကို လက်ပစ်ဗုံး ၁ လုံးသွင်းတိုက်ခိုက်ခဲ့တာ၊ ဂိတ်တဲစခန်းရှေ့မှာက ဘန်ကာ ၃ ခုရှိတယ်၊ အဲ့ဒီ ၃ ခုကြားထဲမှာ ဗုံးကတည့်တည့်ကျပြီးတော့ ပေါက်ကွဲတာ၊ ဘန်ကာ ၃ ခုထဲမှာက စစ်**တွေပဲ လုံခြုံရေးယူတာ၊ ဗုံးပေါက်ကွဲသွားပြီး ကျနော်တို့ကို သေနတ်နဲ့ပစ်တယ်၊ ကျနော်တို့ကလည်း သေနတ်နဲ့ ၃ ချက်ပစ်ပြီး လွတ်ရာကိုပြန်လည်တိမ်းရှောင်နိုင်ခဲ့တယ်"

တန့်ဆည်နဲ့ရေဦးမှာ စစ်ကောင်စီတပ်က အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်းထိုးနေ၊ အမျိုးသား ၁ဦးပစ်သတ်ခံရပြီး ဒေသခံ ၁ သောင်းကျော် ထွက်ပြေးနေရ

"ဒီစစ်ကြောင်း ၂ကြောင်းက မနေ့က(၂၂ ရက်) စလို့ ပြိုင်တူထွက်လာတာပဲ။ ဒီနေ့မှာစထိုးနေတာ။ ရွာတွေကိုမီးရှို့တာတွေတော့ မတွေ့ရသေးဘူး။ ရေဦးမြောက်ဘက်ခြမ်းနဲ့ တန့်ဆည်တောင်ဘက်ခြမ်းကကျေးရွာပေါင်း ၂၀ လောက် ပြေးနေကြရတယ်"

ခင်ဦးက ပစ်ခတ်ဖမ်းဆီးမှုအတွင်း သေဆုံးခဲ့တဲ့ ၃ နှစ်သားကလေးရဲ့ မိခင်ကို ထောင်ဒဏ် ၇ နှစ်ချ

ဩဂုတ်လ ၁၇ ရက်က မြကန်သာရပ်ကွက်ကို စစ်တပ်က ပစ်ခတ်စီးနင်းဝင်ရောက်စဉ် မသီတာဦးရဲ့ အသက် ၃ နှစ်အရွယ် သားအကြီးဖြစ်သူ ကိုကိုထက် သေနတ်ကျည်ထိမှန်သေဆုံးခဲ့ပြီး အမွှာသားငယ်ဖြစ်သူ ညီညီထက်နဲ့အတူ ဖမ်းဆီးခံခဲ့ရတာဖြစ်ကာ ၁ လကျော်အကြာမှာ အခုလိုထောင်ဒဏ်ချ မှတ်ခဲ့တာပါ။

ပခုက္ကူက ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၂ ဦးကို PDFက သတိပေးပြီးနောက် နုတ်ထွက်

"ပခုက္ကူနယ်မှာ ရပ်/ကျေးအုပ်ကြီးတွေ နုတ်ထွက်တာက ဒါပထမဆုံးလို့ ပြောလို့ရတယ်။ စစ်အာဏာ သိမ်းပြီးချိန်ကစလို့ အခုအချိန်ထိပေါ့။ နုတ်ထွက်တာ ဒီ ၂ ယောက်ပဲရှိသေးတယ်။" လို့ COBRA ONEတာဝန်ခံ ဗိုလ်မြွေဟောက်က ပြောပါတယ်။

ကန့်သက်ရွာဒေသခံ ၁၀၀ကျော်ကို စစ်တပ်ကဖမ်းဆီးထားပြီး ရွာကိုပိတ်ဆို့ထား

"ရွာကို Lockdown ချထားတယ်။ ရွာသားတွေက အပြင်မထွက်ရဘူး။ ထွက်ရင်ပစ်မိန့်ပေးထားတာပေါ့။ အဲဒီအထဲက လူ၁၀၀ ဝန်းကျင်လောက်ကိုမှ ရိုက်နှက်ပြီးတော့မေးတယ်။ သတင်းပေးတယ်ဆိုပြီးတော့။"

မြင်းမူ-မြောင်လမ်းမပေါ်မှာ PDF ၂၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်

မြင်းမူ-မြောင်လမ်းပေါ်မှာ စစ်ကောင်စီတပ်တွေက စစ်ဆေးရင်း ပြည်သူတချို့နဲ့ ကာကွယ်ရေးတပ်ဖွဲ့၀င်တွေကို ဖမ်းကာထိုင်ခိုင်းထားပြီးနောက် ကာကွယ်ရေးအဖွဲ့၀င်တွေကို ပြည်သူတွေရှေ့ လမ်းမပေါ်မှာပဲ ပစ်သတ်လိုက်တာလို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ဒေသခံတဦးက ပြောပါတယ်။

ချင်းတွင်းမြစ်ထဲ စစ်သင်္ဘော ၁၃စီးကို PDFတွေ ၃နေရာခွဲတိုက်ခိုက် (ရုပ်/သံ)

ကနီမြို့ ဆိပ်ကမ်းကနေ မုံရွာမြို့ကိုသွားနေတဲ့ အဲဒီသင်္ဘော ၁၃စီးကို လက်နက်ကြီး၊ လက်နက်ငယ်၊ စနိုက်ဘာတို့နဲ့ ၁နာရီကြာတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း သင်္ဘော ၁စီး လက်နက်ကြီးထိမှန်ခဲ့တာကြောင့် အဲဒီ ၁စီးကိုနောက် ၁စီး နဲ့ ဆွဲခေါ်သွားခဲ့ရတယ်လို့ ပြန်ကြားရေအဖွဲ့ တာဝန်ခံက ဆိုပါတယ်။

ကြို့ပင်ကောက်မှာ ပရိုဘောက်နဲ့ဆိုင်ကယ်တိုက်မိလို့ ဆိုင်ကယ်သမားသေဆုံး

“ဆိုင်ကယ်ကလမ်းဖြတ်ကူးရင်း ကားကလည်းအရှိန်များပြီး ကားရဲ့ရှေ့ပါးခြမ်းနဲ့ တိုက်မိသွားတာ ဆိုင်ကယ်သမား ပွဲချင်းပြီးသေသွားတယ်"

ရွှေဝါရောင်အရေးအခင်းကို မမေ့ဖို့ ဝက်လက်ပြည်သူတွေ ဆန္ဒထုတ်ဖော် (Photo News)

ဆန္ဒပြချိန် ပြည်သူလူထုနဲ့ ကျောင်းသားထုတို့က "ညီညွတ်ရေးတပ်ပေါင်းစုနဲ့ ဘုံရန်သူကိုချေမှုန်းကြ"စတဲ့ စာတန်းတွေကို ကိုင်ဆောင်ပြီး ဟစ်ကြွေးခဲ့ကြတယ်လို့သိရပါတယ်။

စစ်ကိုင်းက ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ ဆရာမကို စစ်တပ်က အကြမ်းဖက်ပုဒ်မနဲ့ အမှုဖွင့်

စက်တင်ဘာ ၂၂ ရက် မနေ့က ဆရာမဒေါ်ထားထားဦး တည်ထောင်ထားတဲ့ကျောင်းတွေကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့ပြီး ဆရာမကိုတော့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ နဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10