သတင်း

ကန့်ဘလူ စစ်ရှောင် တသောင်းကျော်အတွက် အမိုးအကာ၊ စားသော​က်ကုန်နဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်

"အချို့က မီးရှို့ခံရလို့ နေအိမ်မရှိတော့တာ။ စစ်ကြောင်းကလည်း ရွာတွေဘက်ကို ပြန်ပြန်ဝင်နေတာဆိုတော့ မပြန်နိုင်ကြသေးဘူး။ ခုက မိုးလည်းရွာလာပြီဆိုတော့ သူတို့အတွက်က လိုအပ်ချက်တွေရှိလာတယ်။ ဖြစ်သလို တောတောင်ထဲနေရတာနဲ့ သူများအိမ်တွေနားမှာ ကပ်နေရတာတွေရှိနေတာ။ စားရေးအတွက်က ထွက်ပြေးတုန်းက ပါလာတဲ့ဟာလေးနဲ့ မျှစားနေရတယ်။ ပြီးတော့ သူတို့နေတဲ့ နေရာနားက ပြည်သူအချို့က ကူညီနေပေမယ့် ရေရှည်ကျတော့ အဆင်ပြေမှာ မဟုတ်ဘူး။"

ပေါင်းတည်မှာ ရာအိမ်မှူးတဦး သေနတ်နဲ့ပစ်သတ်ခံရ

"သေနတ်နဲ့ပစ်တာကတော့ အချက်ရေက များသွားတယ်။ သူ(ကိုသန်းနိုင်)က သူ့ကို ပစ်မယ်မှန်းသိလို့ ထင်တယ်၊ ထွက်ပြေးတာမှာ လိုက်ပစ်ရတာ အတို ၂ လက်၊ အရှည် ၁လက်နဲ့ကို ပစ်လိုက်ရတာ။ ကိစ္စပြီးတော့ အေးအေး ဆေးဆေးပဲပြန်လာခဲ့တယ်"

တံတားလာပြင်တဲ့ စစ်ကောင်စီအဖွဲ့ ဒုတိယအကြိမ် ဒရုန်းနဲ့ ထပ်မံ တိုက်ခိုက်ခံရပြီး ၂ ဦးဒဏ်ရာရ

"မနေ့က တံတားပြင်နေတဲ့ အဖွဲ့တွေ ဒရုန်းနဲ့တိုက်ခိုက်ခံရတယ်လို့ သိရတယ်။ ဗုံးသီး ၂ လုံးကျလို့ ဝန်ထမ်း ၁ ဦးနဲ့ တံတားလုပ်သား ၁ ဦးဒဏ်ရာရသွားတယ်လို့တော့ သိရတယ်"

ပေါင်းတည်က ဖမ်းဆီးခံထားရသူတဦးကို ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်

"စစ်ဆေးနေတုန်းကတော့ သူ့ဖုန်းထဲကသံသယဖြစ်စရာမတွေ့ဘူး။ မတွေ့လို့ တညပဲထုပြီး ချုပ်ထားလိုက်တာ မနေ့ (မေ ၂၁) ကမှ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်လိုက်တယ်။ လက်ရှိတော့ပေါင်းတည်ရဲစခန်းအချုပ်ထဲမှာပဲ ရှိသေးတယ်။ ထောင်ကိုမရွှေ့သေးဘူး"

PDFနဲ့ ပစ်ခတ်မှုဖြစ်ပြီးနောက် ပဒူကျေးရွာကို စစ်တပ်က လေကြောင်းနဲ့တိုက်ခိုက်

"ရွာထဲကို လေယာဉ်နဲ့လာကြဲသွားတာ။ ထိခိုက်ပျက်ဆီးမှုတွေတော့ ရှိလိမ့်မယ်။ ဘယ်လောက်ထိ ဘာတွေပျက်ဆီးသွားလဲ ဆိုတာတော့ အတိအကျမသိနိုင်သေးဘူး။ ရွာထဲလည်း ဘယ်သူမှ ဝင်လို့မရသေးဘူး။ ထိတွေ့ပစ်ခတ်မှုတွေကလည်း မငြိမ်သေးတော့လေ"

ဆားတောင်မြို့မရဲစခန်း စီးနင်းခံရလို့ စစ်အုပ်စုဘက်က အရာရှိတဦးအပါအဝင် ၁၂ ဦးသေဆုံးဟုဆို (ရုပ်/သံ)

"ည ၆ နာရီ စတိုက်ပြီး တိုက်ခိုက်ချိန်က ၂ နာရီခွဲလောက်ကြာခဲ့ပါတယ်။ စခန်းထဲဝင်ကပ်ဖို့ စဲစဲမှာ ဂျက်ဖိုက်တာလာလို့ ဆုတ်ခွာခဲ့ရတယ်။ ကျနော်တို့ဘက် ထိခိုက်မှုမရှိဘူး"

ကန်ဘလူမှာ ၂ ရက်အတွင်း စစ်ရှောင် ၃ ဦးမြွေကိုက်ခံရ၊ မေလအတွင်း မြွေကိုက်ခံရသူ ၆ ဦးထိရှိလာ

"အခုလအတွင်းကတော့ မြွေကိုက်ခံရသူ ၆ ဦးရှိပါပြီ။ အခု ၂ ရက်အတွင်း မြွေကိုက်ခံရတဲ့ အသက် ၅၆ နှစ်အရွယ် အမျိုးသမီးနဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသားတို့ဟာ စိတ်ချရတဲ့အနေအထားမှာ ရှိနေပါပြီ။ ၃၂ နှစ်အရွယ် အမျိုးသားကိုတော့​ ကျန်းမာရေးကိုစောင့်ကြည့်နေပါတယ်"

PDF ၁၀ ဖွဲ့ကျော် ပေါင်းတိုက်တဲ့ ပဒူရွာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံး (ရုပ်/သံ)

“စစ်တပ်ဘက်က ၂ ရက်ပေါင်း ၃၀ ဝန်းကျင်သေတယ်ဗျ။ မိုင်းဆွဲတာ ၅ ယောက်လောက်သေတယ်။ ကျနော်တို့ဘက်က မိုင်းအရင်ဆွဲပြီးမှ တိုက်ပွဲစတာ။ ကျနော်တို့ဘက်က လူအင်အားသာပေမယ့် ရန်သူဘက်က ပစ်ကူတွေကြောင့် ပြန်ဆုတ်ခဲ့ရတာ"

သုံးဆယ်က စစ်ကောင်စီခန့် ရာအိမ်မှူးလင်မယား ရှင်းလင်းခံရ

"သူတို့ကတော့ NLD ထောက်ခံသူတွေကို PDF လို့ စွပ်စွဲပြီး ရဲခေါ်ဖမ်းဆီး စစ်ဆေးခိုင်းတာ၊ သန်းထွန်းအောင်က ကျေးရွာ မြစိမ်းရောင် (မြစိမ်းရောင်ချေးငွေအသင်း) ဥက္ကဌဆိုတော့ သူ့မိန်းမကလည်း သူနဲ့အမြင်မကြည်သူရှိရင် ချေးငွေ မချေးပေးတာတွေလုပ်တယ်။ စကစ အားကိုးနဲ့ ရွာသားတွေအပေါ် နိုင်ထက်စီးနင်းလု​ပ်တာတွေရှိတယ်။ သူတို့ကိုရှင်းချိန် ပြန်ခုခံတာတွေမရှိဘူးလို့ သိရတယ်"

မြင်းခြံထောင်က နိုင်ကျဉ်း ၃ ဦးကို စစ်တပ်ကအင်အားသုံးခေါ်ထုတ်သွား၊ အဆက်အသွယ်ပြတ်နေပြီး အသက်အန္တရာယ်စိုးရိမ်နေရ

“ကိုကျော်မင်းနိုင်နဲ့ကိုသက်မောင်မောင်က ဖောက်ခွဲ ၅ နဲ့ ထောင်ကျနေတာ။ ကိုစိုင်းလည်းနိုင်ငံရေးပုဒ်မပဲ။ ခုလိုအဖြစ်က အရင်ကမရှိဖူးဘူး၊ တော်တော်များများကတော့ လန့်နေကြတယ်"

ပဲခူးကို မင်းအောင်လှိုင်လာမယ်လို့ သတင်းထွက်၊ လမ်းဘေးဈေးဆိုင်အချို့ ပိတ်ခိုင်းပြီး မြို့ကိုသန့်ရှင်းရေးလုပ်

"မအလ လာမယ်လို့တော့ သိရတယ်။ လုံခြုံရေးတွေကတော့ ပြီးခဲ့တဲ့ ၂ ရက်လောက်ကတည်းက ချထားတယ်။ ဒီနေ့တော့ အများဆုံးပဲ။ ဆိုင်ကယ်တွေကိုတော့ အစစ်ဆေးများတယ် ဖမ်းဆီးတာတွေလည်းရှိတယ်။ ပဲခူးခန်းမမှာလည်း ပြင်ဆင်ထားပြီး စကစနဲ့ဌာနဆိုင်ရာက အကြီးပိုင်းတွေ ရောက်နေတာလည်းရှိတယ်။ နေရာစုံမှာတော့ အင်အားတော်တော်များတယ်"

ပုလဲနယ်မှာ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့လမ်းတံတားတွေကို တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းပြုပြင်

"မိုးတအားများတော့လမ်းတွေ ရေတိုက်စားပြီးပျက်စီးကုန်တာ။ လမ်းပျက်တာရွာ ၂၀ ကျော်ရှိတယ်။ ပြည်သူတွေသွားလာတာ အဆင်ပြေဖို့လုပ်ကြတာပါ။ လိုအပ်တဲ့ပစ္စည်းတွေကိုပြည်သူတွေလှူတဲ့ငွေနဲ့ ဝယ်ပြီးတော့ပြုပြင်ခဲ့တာဖြစ်တယ်"

နေပြည်တော်-မကွေးလမ်းမှာ ဟိုက်ဂျက်နဲ့ မန္တလာမင်းကား ခေါင်းချင်းဆိုင်တိုက်လို့ ၅ ဦးသေဆုံး

မေလ ၂၁ ရက်ဒီကနေ့မနက် ၁၀ နာရီခန့်မှာ နေပြည်တော်ဘက်ကနေ မကွေးဘက်ကိုမောင်းနှင်လာတဲ့ ဟိုက်ဂျက်ယာဥ်နဲ့ မျက်နှာချင်းဆိုင်ယာဥ်ကြောကနေလာတဲ့ မန္တလာမင်းခရီးသည်တင်ယာဥ်တို့ ခေါင်းချင်းဆိုင်တိုက်မိတာလို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

PDF ရဲဘော်သေဆုံးခြင်း ၁ လပြည့် ဆွမ်းကျွေး ပရိတ်တရားတော်နာပြုလုပ်

“မနေ့ကဆိုရင် ရဲဘော် စောလေး ကျဆုံးခဲ့တာ တလပြည့်ခဲ့တာ၊ တလပြည့်ပေမဲ့ သူ့ကို ကျနော်တို့မမေ့ဘူး၊ သူ့အတွက် ဂလဲ့စားချေဖို့ အဆင်သင့်ရှိနေတာကို သိလည်းသိစေချင်တယ်၊ ဘဝကူသွားတဲ့ ကျနော်တို့ရဲဘော်အတွက် ကောင်းမှုကုသိုလ်တွေ လုပ်ပေးခဲ့တာ” လို့ Myingyan Black Tiger – MBT မှ ဗိုလ်မိုက်ခဲက ပြောပါတယ်။

ပခုက္ကူမှာ ခရီးသည်တင်ယာဉ် မိုင်းထိလို့  ၁ ဦးဒဏ်ရာရ

"ကားက ပခုက္ကူမှာခရီးသည်ချပြီး ကံမဘက်ကိုဆက်မောင်းလာတဲ့အချိန် ဂိတ်ဆုံးခါနီးဆိုတော့ ယာဥ်မောင်း၊ ယာဥ်နောက်လိုက်အပါမှ လူ ၆ ယောက်လောက်ဘဲ ပါလာတယ်။ မိုင်းထိလို့ လူနဲ့ကားထိခိုက်မှုရှိတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10