သတင်း

ပျူစောထီးခေါင်းဆောင်ရဲ့ သားဖြစ်သူ ပျူစောထီးသင်တန်းဆင်းလာပြီးနောက် ရွာတွေကိုမီးရှို့လုယက်

ရွာသာယာကျေးရွာဟာ ပျူစောထီးအများအပြားတပ်စွဲနေထိုင်တာဖြစ်ပြီး အဲဒီကျေးရွာရဲ့ ပျူစောထီးခေါင်းဆောင်ဦးအောင်မင်းရဲ့ သားဖြစ်သူဟာ ပျူစောထီးခေါင်းဆောင်သင်တန်းကနေ ဆင်းလာပြီးနောက် ကျေးရွာတွေကို ယခုလို လိုက်လံမီးရှို့တာနဲ့ လုယက်တာတွေလုပ်ဆောင်နေတာလို့ သိရပါတယ်။

ပဲခူးမြို့ အထက ၄ မှာ အလယ်တန်းကျောင်းသားချင်း အုပ်စုဖွဲ့ထိုးကြိတ်မှုဖြစ်

"ဒဏ်ရာတွေကများတော့ အရှင်းတော့မပျောက်သေးဘူး။ ထိုးကြိတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျောင်းဘက်ကတော့ ထိုးတဲ့ကလေးတွေကို ကျောင်းတပတ်အနားပေးထားတယ်လို့ဘဲ သိရတယ်။ ခံရတဲ့ကလေးကတော့ တော်တော်ခံလိုက်ရတယ်။"လို့ ဒေသခံတဦးကပြောပါတယ်။

ဆန်ရှားပြီး ဈေးကြီးတာကြောင့် နတ်တလင်းကစစ်ရှောင်တွေ စပါးထောင်းပြီး စားနေရ

“ဆန်ကို လိုသလောက်ဝယ်မရသလို ဈေးလည်းကြီးတော့ စပါးတတင်းကို နှစ်သောင်းနဲ့ဝယ်ပြီး ထောင်းစား နေရတယ်။ လက်ထောင်းမောင်းဆုံတွေနဲ့ ထောင်းစားနေရတာ ရှေးခေတ်ကလိုပေါ့။ ဆန်တပြည်ရဖို့ မိနစ် ၂၀ ကျော်ကြာတယ်” လို့ စစ်ရှောင်တဦးက ပြောပါတယ်။

တံတားဦးလေတပ်စခန်းကို ၁၀၇ မမ ရှော့ဒုံး ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်

စစ်ကောင်စီရဲ့ တံတားဦးလေတပ်စခန်းကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ စီမံမှုနဲ့ မြို့ပြအထူးစစ်ဆင်ရေး (U.S.O)အပါအဝင် မဟာမိတ်ဖြစ်တဲ့ Security and Special Task Force ( SSTF - MDY ) အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒုရဲအုပ်ပစ်သတ်ခံရလို့ လိုက်လာတဲ့ ရဲတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၁၀ ဦးထပ်မံသေဆုံး(ရုပ်/သံ)

လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ စောင့်ဆိုင်းနေရာကို ရောက်ရှိလာတဲ့ ALPHARD နဲ့ PRADO ကား ၂ စီးကို မီတာ ၂၀ အကွာခန့်ကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ဘက်က ၁ ဦးသာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဗိုလ်နတ်ဆိုး ကပြောပါတယ်။

နေပြည်တော်မှာ တပ်မတော်နေ့အခမ်းအနားအတွက် ပြင်ဆင်မှုတွေ မလုပ်နိုင်သေး

“ ခါတိုင်းနှစ်တွေ ဒီချိန်ဆို တော်လှန်ရေးပုလိပ်(စစ်ရေးပြ)အတွက် ရွာတော်၊တည်းခိုရေး ၃ မှာ အကုန်စုပြီး လေ့ကျင့်နေကြပြီ။ ဒီနှစ်တော့ ဘယ်တပ်မှလည်းခုထိ မရောက်လာသေးဘူး။ ပုလိပ်(Parade)နဲ့ ပတ်သက်တာ ဘာမှမကြားဘူး။ နောက်ကျတာလား၊ဘာလား။ လုပ်ဖြစ်၊မလုပ်ဖြစ်လည်း မသိကြဘူး”

ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးကို စစ်ကောင်စီဥက္ကဌရုံးဝန်ကြီးဌာန ၄ ဒု-ဝန်ကြီးအဖြစ်ခန့်အပ်

စစ်ကောင်စီဥက္ကဌရုံးဝန်ကြီးဌာန ၄ မှာ ကာကွယ်ရေးဦးစီးချုပ်(ရေ)ရာထူးကနေ အခုလထဲ အနားပေးခံလိုက်ရတဲ့ ဗိုလ်ချုပ်ကြီးမိုးအောင်ကို ဝန်ကြီးအဖြစ်ခန့်အပ်လိုက်ပြီ သူ့ရဲ့အောက်မှာ ဒု-ဝန်ကြီးအဖြစ် ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးကို ခန့်လိုက်တာပါ။

ပဲနွယ်ကုန်းမှာ အမျိုးသား ၁ဦး မိုင်းနင်းမိလို့ ခြေထောက်တဖက်ဖြတ်လိုက်ရ

မိုင်းနင်းမိလို့ ကိုအောင်ကိုကိုမှာ ဘယ်ဘက်ခြေသလုံးထိခိုက်မှုများတာကြောင့် ဖြတ်လိုက်ရပြီး ဒူးခေါင်းနဲ့ ညာဘက်ခြေထောက်မှာ အစမှန်ဒဏ်ရာ(စိုးရိမ်ရ)ရသွားတာကြောင့် ဒေသခံတွေက ကျောက်တံခါးဆေးရုံကို ပို့ထားရတယ်လို့ ဆိုပါတယ်။

ခင်ပွန်းကိုသတ်ကာ ဇနီးကို ဓားစာခံလုပ်ပြီး စစ်တပ်က မတ္တရာနယ်မှာ စစ်ကြောင်းထိုး

အဖမ်းခံရတဲ့ လင်မယား ၂ ဦးဟာ မတ္တရာမြို့နယ်အရှေ့ဘက် ဆင်ရွာကဖြစ်ပြီး သူတို့ ၂ ဦးကို ဇန်နဝါရီ ၂၂ ရက် မနေ့က ပြင်ဦးလွင်မြို့အဝင် ဝက်ဝံဂိတ်မှာ စစ်ကောင်စီက ဖမ်းဆီးကာ အမျိုးသားကိုသတ်ပြီး အမျိုးသမီးကို ဓားစာခံအဖြစ်ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ ဒေသခံတဦးက ဆိုပါတယ်။

ကပစ ၂၂ ကိုလာတဲ့ စစ်တပ်ဖောကား ၂စီး မိုင်းဆွဲခံရလို့ ၃ ဦးသေဆုံး

ဆိပ်ဖြူကနေထွက်လာတဲ အဲ့ဒီကား ၂စီးကို ဇန်နဝါရီ ၂၁ ရက် ညနေ ၃ နာရီခန့်မှာ ဆော-ဆိပ်ဖြူ လမ်းပိုင်း ကူရှည်ကျေးရွာအနောက်ဘက် သပိတ်တပင်လမ်းခွဲအရောက်မှာ ၅ ဂါလံပုံးဝါ လက်လုပ်မိုင်း ၄ လုံးနဲ့ တိုက်ခိုက်ခဲ့ရာ ၂ စီးမြောက်ကားကို ထိမှန်တယ်လို့ ဆိုပါတယ်။

ပြည်မြို့မှာ ရာအိမ်မှူး ၁ ဦး ဓားခုတ်ခံရပြီး သေဆုံး

ဇန်နဝါရီလ ၂၂ ရက် မနေ့ည ၈ နာရီခွဲခန့်မှာ အသက် ၇၀အရွယ် အောင်ရတနာရပ်ကွက် ရာအိမ်မှူး ဦးကျင်ပွားဟာ သူရဲ့နေအိမ်ရှေ့မှာရှိနေချိန် တရပ်ကွက်တည်းနေ အသက် ၂၅ နှစ်အရွယ် သက်လူ ဆိုသူက ဓားနဲ့လာခုတ်သွားတာလို့ ဆိုပါတယ်။

ဆားလင်းကြီးတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်သား ၁၇လောင်းကို PDF တွေ မြေမြှုပ်ပေးခဲ့ရ

တိုက်ခိုက်ချိန် ၄ နာရီခန့်ရှိခဲ့ပြီး စစ်ကောင်စီအဖွဲ့ဝင် ၁၇ ဦးကျော်သေဆုံးပြီး ဒဏ်ရာရရှိသူတွေလည်းရှိကာ တိုက်ပွဲအပြီး MA 3 သေနတ်တလက်၊ RPG ကျည် ၄ ဖူး၊ ၆၀ မမ ၄ ဖူး၊ ၄၀ မမ ဗုံးသီး ၁၅ လုံးအပြင် ၅.၅၆ ကျည်‌တောင့် ၂၀၀၀ နဲ့ အခြား လက်နက်ခဲယမ်းပစ္စည်းစုံတို့ကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

မုံရွာမှာ လက်ဘက်ရည်ဆိုင်ထိုင်နေတဲ့ ဒု-ရဲအုပ် ဆိုင်တွင်းဝင်ပစ်ခံရပြီး သေဆုံး

“ လင်မယားလို့ထင်တာပဲ လက်ဘက်ရည်လာသောက်တာ။ မိန်းမတော့ ကိုယ်ဝန်ဆောင်နဲ့လို့ကြားတယ် ။ သူ့ကိုနောက်ကနေလိုက်ပြီးတော့ သူထိုင်နေတဲ့ဆိုင်ထဲမှာ ဝင်ပြီးရင်ဘတ်တွေကို ပစ်ခတ်ခဲ့တာ။ သူ့မိန်းမကိုတော့ မပစ်ခဲ့ဘူး၊ ကိုယ်ဝန်ဆောင်ထားတာမလို့ သက်ညှာပေးလိုက်တယ်”

အိမ်စီးကားနဲ့လာတဲ့မြင်းခြံကရဲတွေ ဝိုင်းပစ်ခံရလို့ ဒုရဲအုပ်အပါ ၆ဦးသေပြီး သေနတ် ၃ လက်ရ

“ပေ ၁၅၀လောက်ကနေ လက်အမူရာနဲ့ရော ပါးစပ်‌နဲ့ရော မှန်ချခိုင်းတယ်၊ မချတော့ အပေါ်ကို သေနတ် ၂ချက်ထောင်ဖောက်တယ်။ မှန်ထပ်ချခိုင်းတယ်၊ လုံးဝ မချဘူး။ အဲ့ချိန်မှာ ကားထဲကနေ သေနတ်လှုပ်ရှားမှုမြင်ရတော့ သေချာသွားပြီဆိုပြီး ရဲဘော်တွေကပစ်တာ။ ပြည်သူကားနဲ့ မှားမှာစိုးလို့ သတိထားပြီး လုပ်ဆောင်ခဲ့ရတယ်”

စစ်တပ်ကပစ်တဲ့ ၁၂၀ မမ ကျည်ထိလို့ ပြည်သူ ၂ ဦးဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီး

ဇန်နဝါရီလ ၂၁ ရက် ည ၁၀ နာရီလောက်ကနေ ည ၁၁ နာရီအထိ ရေတာရှည်အခြေစိုက် ၆၀၄ ဒုံးတပ်က ၁၂၀ မမ လက်နက်ကြီး ၈ လုံးပစ်ခတ်ရာ ၃ လုံးဟာ ရှမ်းစုကျေးရွာထဲကို ကျရောက် ပေါက်ကွဲခဲ့ပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10