သတင်း

ရွှေဘိုမှာ ကင်းစောင့်နေတဲ့ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ၊ သေနတ် ၂ လက်ရ (ရုပ်/သံ)

"ကျနော်တို့အဖွဲ့တွေဝင်စီးတော့ ပျူတွေက ထွက်ပြေးကြတယ်။ အဲ့ဒါကိုလိုက်ပစ်တော့ သုံးယောက်လုံး သေတယ်။ ကမန်းကတန်းပစ် တွေ့တဲ့လက်နက်ကောက်ယူပြီး ပြန်ဆုတ်လာတာ"

ပေါင်းတည်က ဒေသတွင်းအရေးပါတဲ့လမ်း ပျက်စီးနေလို့ ကိုယ်ထူကိုယ်ထ ပြုပြင်နေ

“ချိုင့်ခွက်တွေက ကားတွေ၊ ဆိုင်ကယ်တွေ ရှောင်မောင်းလို့မရလောက်အောင်ဖြစ်နေလို့ ပြည်သူတွေက မြေနီ(ကျောက်ပါသည့်မြေနီ)တွေ ငွေကုန်ခံဝယ်ပြီး ပြင်နေရတယ်။ အဓိကတော့ ဂူကြီးရွာနဲ့ သဖန်းကုန်းဈေးကြားတွေမှာပါ။ နှစ်မိုင်ခွဲဝန်းကျင် ရှိမယ်။ အုံ့ဆိုင်းနေတဲ့ သစ်ပင်အကိုင်းတွေလည်း ခုတ်သင့်တာ ခုတ်ကြတယ်”

သပိတ်ကျင်းနယ်က တပ်စခန်း ၅ ခုကို MDYPDF က သိမ်းထားနိုင်ပြီး ဆက်လက်ထိုးစစ်ဆင်နေ

သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ကွင်းသုံးဆယ်ရွာ တပ်စခန်း၊ လက်ပံပြန့်ရွာတပ်စခန်း၊ ဖိုကုန်းတပ်စခန်း၊ ဝက်သေရွာတပ်စခန်းနဲ့ ဖက်ရှည်ရွာတပ်စခန်းတို့ကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒီပဲယင်းမြို့နယ်မှာ စစ်ဆေးရေးဂိတ်ပိတ်သိမ်းခံရလို့ဆိုကာ PDF ကို ကျေးရွာခံတချို့ဆန္ဒပြ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ဖုတ္ထန်းတောကျေးရွာရှိ စစ်ဆေးရေးဂိတ်ကို ရွှေဘိုခရိုင်အမှတ် ၁၂ တပ်ရင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေက ပိတ်သိမ်းခဲ့တာကြောင့် ကျေးရွာခံတွေက မကျေမနပ်ဖြစ်ပြီး ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

ကိုယ်လက်အင်္ဂါစွန့်လွှတ်လိုက်ရတဲ့ ရဲဘော်တွေရဲ့ မိသားစုကိုထောက်ပံ့ဖို့ PDF တွေ စပါးစိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင် အမှတ် ၁ တပ်ရင်းက PDF ရဲဘော်ရဲမေတွေဟာ မိုးစပါးတွေကို စတင်စိုက်ပျိုးပြီးစီးခဲ့ပြီး အဲဒီက ထွက်ရှိတဲ့ စပါးတွေကိုတော့ တော်လှန်ရေးအတွင်း ကိုယ်လက်အင်္ဂါစွန့်လွှတ်လိုက်ရတဲ့ ရဲဘော်တွေရဲ့ မိသားစုတွေကို ထောက်ပံ့မယ်လို့ သိရပါတယ်။

ဒီပဲယင်းမြို့နယ်မှာ ရပ်/ကျေးပကဖ စစ်ဆေးရေးဂိတ်ပိတ်သိမ်းတဲ့ PDF ကို ကျေးရွာခံတချို့ဆန္ဒပြ

“တာဝန်ကျနေတဲ့ ရဲဘော်တွေရဲ့ i-con တွေ၊ လက်နက်များကို သိမ်းဆည်းတယ်။ အဆောက်အဦနဲ့ ဘန်ကာကို ဖျက်တယ်ပေါ့။ အဲဒီအပေါ်ကို မကျေနပ်လို့ ပြကြတာပါ "

ရွှေဘိုမှာ ကင်းစောင့်နေတဲ့ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ၊ သေနတ် ၂ လက်ရ

"ကျနော်တို့အဖွဲ့တွေဝင်စီးတော့ ပျူတွေက ထွက်ပြေးကြတယ်။ အဲ့ဒါကိုလိုက်ပစ်တော့ သုံးယောက်လုံး သေတယ်။ ကမန်းကတန်းပစ် တွေ့တဲ့လက်နက်ကောက်ယူပြီး ပြန်ဆုတ်လာတာ"

ဒိန်းဒေါင်ဦးဆောင်တဲ့ လူရွှင်တော်အဖွဲ့က MNDAA ကို အလိုမရှိကြောင်း နေပြည်တော်မှာဆန္ဒပြ (ရုပ်/သံ)

ဒိန်းဒေါင်အပါအဝင် ၎င်းဦးဆောင်တဲ့ မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံးအဖွဲ့ဝင်တွေဟာ MNDAA အပါအဝင်မဟာမိတ်တွေဖြစ်တဲ့ AA နဲ့TNLAကိုလည်း အလိုမရှိကြောင်း၊ ဆန့်ကျင်ရှုတ်ချကြောင်း ရေးသားထားတဲ့ ဘန်နာတွေကိုကိုင်ဆောင်ကာ ဆန္ဒပြခဲ့တာကို စစ်တပ်ထောက်ခံမီဒီယာတွေကတဆင့် ဓာတ်ပုံတွေနဲ့ တကွ ထုတ်ပြန်ထားပါတယ်။

ရှေ့တန်းမထွက်ချင်တဲ့ ပျူစောထီး ၁ ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာ

"ကျနော်တို့ စခန်းနေရာကိုလာပြီး အလင်းဝင်တာပါ။ လိုအပ်တဲ့ စစ်ဆေးတာတွေ လုပ်နေပါတယ်။ လက်နက်ခဲယမ်းပါလာတော့ ဆုငွေပေးဖို့လည်း ရှိပါတယ်"

စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ ပြည်သူ ၄ ဦးသေပြီး ၅ ဦးဒဏ်ရာရ

"ရွာထိပ်ကွမ်းယာဆိုင်ဆိုတော့ ရွာခံတွေရော အခြားရွာကလူတွေရော ရှိနေချိန်မှာ လက်နက်ကြီးက လာကျတာ။ ၃ ယောက်ကတော့ နေရာမှာပဲ သေသွားတာ။ ကျန် ၆ ယောက်က ဒဏ်ရာပြင်းထန် ရသွားတယ်။ အစတွေမှန်ထားတာဆိုလည်း မြင်မကောင်းဘူး"

အညာဒေသ တော်လှန်ရေးအထူးတပ်ဖွဲ့က ပိုရင်ကူအစီအစဉ်နဲ့ ဆေးခန်းဖွင့်ပြီး ကုသပေးနေ

“လက်ရှိကုသပေးနေရတဲ့ အထဲမှာ ကိုယ်လက်‌ခြေထောက်တွေ ထုံနာကျင်နာဝေဒနာသည်တွေ အတွေ့များ တယ်။ ဒါ့အပြင် ဖျားနာတဲ့အခါတွေမှာလည်း အကိုက်အခဲပျောက်‌ဆေး(ပါရာစီတမော)တွေကိုသာ သုံးစွဲနေ ကြလို့ ရေရှည်ဆက်သွားရင် ဆေးယဉ်ပါးမှုဒဏ်တွေလည်း အများကြီးခံရနိုင်တယ် “

ဝက်ပုတ်ပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက် စစ်အုပ်စု ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေရ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ပျူစောထီးစခန်းကို ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးဝန်းကျင်သေဆုံးကာ၂၀ ဦးဒဏ်ရာရသလို လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် အဖွဲ့ဆီကသိရပါတယ်။

ပေါက်မြို့နယ်က ဘုန်းကြီးကျောင်းကို လေကြောင်းကတိုက်ခိုက်လို့ သံဃာ ၁ ပါးပျံလွန်

"တိုက်ပွဲဖြစ်တဲ့နေရာနဲ့ အနည်းဆုံး ၅ မိုင်လောက် ဝေးမယ်။ အရပ်သားပစ်မှတ်တွေ တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်တာ၊ ထမင်းစားနေချိန်မှာ လာပစ်သွားတာ"

မြို့သိမ်းတိုက်ပွဲတွေထပ်ဖြစ်လာပါက စစ်ခေါင်းဆောင်အနေနဲ့ မြို့ကိုလှူဒါန်းဖို့ ရှိ၊မရှိ အရင်မေးသင့်ကြောင်း စစ်တိုင်းမှူးများထံ ဦးဝီရသူ မိန့်ကြား

“ ခင်ဗျားတို့အဘက ဝေဿန္တရာဝင်စားလား မသိဘူး။ အလှူအတန်း တအားရက်ရောတာ။ တမြို့ပြီးတမြို့ လှူနေတာ ခင်ဗျားတို့သိရဲ့လား။ ခင်ဗျားတို့ အဘကို ခင်ဗျားတို့သေချာပြတ်ပြတ်သားသားမေး။ ဒီမြို့ကိုရော လှူဖို့ စာရင်းထဲပါသေးလား။ ပါတယ်ဆိုရင် ကျနော်တို့ ကြည်ကြည်ဖြူဖြူ လှူလိုက်ပါ့မယ်။ ကျနော်တို့ ခုခံကာကွယ်နေတာက အဘရဲ့အလှူဒါနကို အနှောင့်အယှက်ဖြစ်နေသလိုမျိုး ကြန့်ကြာအောင် ဆွဲထားသလိုမျိုး ဖြစ်နေတယ်။ ကျနော်တို့လည်း အကုသိုလ်ဖြစ်ပါတယ်။ အဘရဲ့ အလှူဒါနလေးမြောက်အောင် အလံဖြူထောင်မယ့်အစား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကောင်းမှုဆိုတာလေးကို တပ်ပြီး ကျနော်တို့ ဆုတ်ခွာပေးပါ့မယ် အဲဒီလို ပြတ်ပြတ်သားသားမေး"

ပြည်မြို့လယ်တိုက်ခန်းမှာ လူငယ်အမျိုးသားတဦး ထိုးသွင်းဒဏ်ရာတဒါဇင်နီးပါးနဲ့ သေဆုံးနေ (ရုပ်/သံ)

" ဘယ်နေ့ကတည်းက အသတ်ခံရလဲတော့ မသိဘူး။ ဘေးအနီးနားဝန်းကျင်က သူသေတာကို မနေ့ကမှသိကြတယ်လို့ ပြောတယ်။ မနေ့ညတွင်းချင်းပဲ သူ့မိဘတွေလည်း လိုက်လာတယ် "

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10