ဒိုက်ဦးမှာ ရေဘေးကူညီရေးအဖွဲ့လှေ တိမ်းမှောက်ပြီး ကျပ်သိန်း ၅၀ ဆုံးရှုံး
"လှိုင်းကလည်းကြီး ရေစီးကလည်းသန်တယ်။ လှေပေါ်တင်ထားတဲ့ ပစ္စည်းဝိတ်ကလည်းများတော့ မထိန်းနိုင်တော့ဘဲ မြုပ်သွားတာ။"
"လှိုင်းကလည်းကြီး ရေစီးကလည်းသန်တယ်။ လှေပေါ်တင်ထားတဲ့ ပစ္စည်းဝိတ်ကလည်းများတော့ မထိန်းနိုင်တော့ဘဲ မြုပ်သွားတာ။"
မန္တလေးတိုင်း၊ ညောင်ဦးမြိုနယ်တနေရာမှာ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တပ်ခွဲ - ၃၊ 21 BAGAN - People Defense Force တပ်ဖွဲ့ရဲ့ အပတ်စဥ် ၂ စစ်သင်တန်းဆင်းပွဲကို သြဂုတ် ၁ ရက်ကပြုလုပ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။
စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်အပြီး အောင်ပွဲနဲ့အတူပြန်လာတဲ့ ရဲဘော်တွေကို ဒေသခံပြည်သူတွေက အောင်သပြေပန်းများနဲ့အတူ ဝမ်းသာပျော်ရွှင်စွာဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။
“ခုတော့ ရေပြန်ကျနေပါပြီ။ ပြန်လည်ထူထောင်ရေးအနေနဲ့လည်း ပါပါတယ်။ လက်ရှိက အလုပ်လက်မဲ့ များနေတော့ သူတို့အတွက်တတ်အားသ၍ အကူအညီရဖို့ရည်ရွယ်ပြီး အလှူရှင်နဲ့ချိတ်ဆက် လှူပေးတာပါ"
S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ရဲ့ ကိုယ်တိုင်စိုက်ပျိုးထားတဲ့ စပါးခင်းတွေကနေ ထွက်ရှိလာတဲ့ စပါးတွေကို ကြိတ်ခွဲပြီး ဆန်တင်း ၁၅၀ ကျော်ကို ရေဘေးသင့်တွေအတွက် လက်ရှိမှာ လှူဒါန်းထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ အဲဒီအဖွဲ့ဆီက သိရပါတယ်။
"ကားက အိုဗာဝိတ်တင်လာတာ။ ပန်းသေတ္တာတွေ မနည်းဘူး။ ဝိတ်များတော့ ရှေ့လေးကျိုးပြီး အရှိန်မထိန်းနိုင်တော့ဘဲ သစ်ပင်ကိုဝင်တိုက်ပြီး မှောက်သွားတာ"
"ချောင်းကြီးရပါပြီ။ အလောင်း၊ လက်နက်တွေလည်း ရထားတယ်လို့ သိရပါတယ်။ အသေးစိတ်တော့ မသိရသေးပါဘူး"
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ၁၀၂၇ စစ်ဆင်ရေး(ဒုတိယလှိုင်း)ကို ကြိုဆိုထောက်ခံပွဲနဲ့ သွေးစည်းညီညွတ်ရေး လူထုလှုပ်ရှားမှုတို့ကို ပြုလုပ်ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ - NUG ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေဆီကို ဇူလိုင်လ ၁ လ အတွင်း လက်နက်ချအလင်းဝင်လာတဲ့ ရဲနဲ့စစ်သား ၅၄ ဦး ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၁ ရက် ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ဇမ္ဗူရစ်ရွှေဆိုင်ပိုင်ရှင်ကိုသတ်ပြီး ရွှေထည်နဲ့ငွေတွေလုယူကာ အလောင်း စွန့်ပစ်ခဲ့သူတွေကို အလုံခရိုင်တရားရုံးက ဇူလိုင် ၃၀ ရက်မှာ သေဒဏ်နဲ့ထောင်ဒဏ်တွေ အသီးသီးချမှတ်ခဲ့တယ်လို့ ပေါင်းတည်မြိုခံတွေဆီက သိရပါတယ်။
ဧပြီ ၂ ရက်က စတင်ခဲ့တဲ့ ၃ လကြာသင်တန်းကို ရဲဘော် ၁၈ ဦးတက်ရောက်ခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်မှာ သင်တန်းဆင်းပွဲပြုလုပ်ပေးခဲ့တာလို့ မုံရွာခရိုင် အမှတ် ၂၅ တပ်ရင်း၊ တပ်ခွဲ ၅၊ ဒုတပ်ခွဲမှူး ကိုအာကြီးက ပြောပါတယ်။
သေဆုံးသူတွေဟာ ဇူလိုင် ၁၃ ရက်ကနေ သြဂုတ် ၁ ရက်အတွင်း ပဲခူးမြို့က ၄ ဦး၊ ကျောက်ကြီးမြို့နယ်က ၁ ဦး၊ ပန်းတောင်းမြို့နယ်က ၂ ဦးနဲ့ လက်ပံတန်းမြို့နယ်က ၁ ဦးတို့ဖြစ်ပြီး အဲ့ဒီထဲမှာ အသက် ၄ နှစ်နဲ့ ၈ နှစ်အရွယ် ကလေး ၂ ဦးနဲ့ ရဲတပ်သား ၁ ဦးလည်း ပါဝင်ပါတယ်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ကျေးရွာတရွာမှာ ဇူလိုင် ၃၀ ရက် ညပိုင်းက ဒေသခံတွေနဲ့ လူထုဟောပြောပွဲပြုလုပ်ပြီး တော်လှန်ရုပ်ရှင်ပြသပေးခဲ့တယ်လို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ တာဝန်ရှိသူက ပြောပါတယ်။
ပျူစောထီးမိသားစုကို လုံခြုံတဲ့နေရာမှာ ပြုစုစောင့်ရှောက်ထားပြီး သာမန်ပြည်သူလူထုတွေလိုပဲ လုပ်ကိုင်စားသောက်ကြမှာဖြစ်တယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့-မြိုင် ခေါင်းဆောင် ဗိုလ်မီးပွားက ပြောပါတယ်။
“အလုံမင်းဒေါင့် ဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဖလက်မော်တော်တွေနဲ့ စစ်ကြောင်းထိုးလာတာပါ၊ ကုန်းကြောင်းကနေ စစ်ကြောင်းထိုးတာတော့ မရှိသေးဘူး”