သတင်း

ညောင်ပင်ကြီးရဲကင်းဂိတ်ကို PDF တွေ တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၆ ဦးသေပြီး သေနတ် ၄ လက်နဲ့ ကျည်တချို့ရရှိ

"ကားနဲ့ ဝင်ပစ်တာ မျက်မြင် ၆ ယောက်သေတယ်။ ၂ ယောက်က ထွက်ပြေးသွားတယ်။ သေနတ် ၄ လက်နဲ့ ကျည် ၁၀၀ ကျော်ရလိုက်တယ်။”

ပုလဲမြို့နယ်တွင်းက ကျွန်းသစ် ခိုးထုတ်သူတွေကို ဖမ်းမိ (ရုပ်/သံ)

သစ်ခိုးသမားတွေကို အဖွဲ့က ဝင်ရောက်ဖမ်းဆီးချိန်မှာ သစ်ခိုးထုတ်နေသူ ၃ ဦးနဲ့ နွား ၂ ကောင်အပါ ခုတ်လက်စ ကျွန်းသစ် ၁ တန်နီးပါကို ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးလွတ်မြောက်သူတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိတဲ့သူတွေနဲ့ ပစ္စည်းတွေကို ပုလဲမြို့နယ် ပကဖ၊ ပအဖတွေကို လွှဲပြောင်းပေးခဲ့တယ်လို့ ပြောပါတယ်။

စစ်တပ်ကစစ်ကြောင်းထိုးလာလို့ ချင်းတွင်းမြစ်ကမ်းဘေးက ဒေသခံ ၁ သောင်းကျော် ထွက်ပြေးရ

“အလုံမင်းဒေါင့် ဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဖလက်မော်တော်တွေနဲ့ စစ်ကြောင်းထိုးလာတာပါ၊ ကုန်းကြောင်းကနေ စစ်ကြောင်းထိုးတာတော့ မရှိသေးဘူး”

ရွှေဘို သတင်းရဲတပ်ဖွဲ့က ဒုရဲမှူး ၁ ဦးပစ်သတ်ခံရ

ဒုရဲမှူး အောင်ဇော်မျိုးဟာ ရွှေဘိုမြို့နယ် သတင်းရဲတပ်ဖွဲ့တာဝန်ခံအနေနဲ့ တာဝန်ထမ်းဆောင်နေတာ နှစ်ကြာနေသူဖြစ်ပြီး တော်လှန်ရေးအဖွဲ့ဝင်တွေကို ဖမ်းဆီးရေးလုပ်ငန်းစဥ်တွေမှာ တက်ကြွစွာပါဝင်ဆောင်ရွက်နေသူဖြစ်သလို တရားမဝင်လုပ်ငန်းတွေထံကနေလည်း ငွေကြေးတောင်းခံရာမှာ နာမည်ကြီးသူတဦးလို့ ဆိုပါတယ်။

သုံးဆယ်မြို့ပေါ်မှာ ဘဏ်ကငွေထုတ်လာတဲ့ အမျိုးသား ၁ ဦးထံမှ ကျပ်သိန်း ၂၀၀ လုယက်မှုဖြစ်

" ဘဏ်ကငွေထုတ်လာပြီး ဘဏ်အနီးက အသုတ်ဆိုင်ရှေ့မှ ခဏလေးရပ်နေတာ။ အဲဒါကို ဆိုင်ကယ်နဲ့လာတဲ့ အမျိုးသား ၅ ဦးက ငွေထုတ်ကိုလုပြီး ထွက်သွားကြတာ။ သူငွေထုတ်လာတာကို စောင့်ကြည့်နေပုံရတယ်"

မြန်မာ-ဝမ်ပေါင်ကုမ္ပဏီက ရဲတပ်သား ၃ ဦး လက်နက်နဲ့အလင်းဝင်

“ဒီထဲမှာပဲ ဆက်ပြီးဒုက္ခခံနေမလား၊ တခေါက်လောက် အရဲစွန့်ကြည့်မလားဆိုပြီး လုပ်ခဲ့တာပေါ့။ CDM လုပ်တဲ့သူတွေက သေသွားပြီလို့ပြောကြတယ်။ တကယ်တမ်း ပြန်တွေ့တော့ အသက်ရှင်လျက် ရှိသေးတယ်။ (PDF)သူတို့ဆီရောက်ရင် လိုချင်တဲ့ပစ္စည်းရပြီးသွားရင် အပြတ်ရှင်းတယ်ဆိုတဲ့ စကားလုံးတွေကို နေ့တိုင်းနီးပါး ဦးနှောက်ထဲ ရိုက်သွင်းတယ်။ အပြင်မှာ ဘာတွေဖြစ်နေလဲ လုံးဝမသိရဘူး၊။”

ရေစကြိုမှာတိုက်ပွဲပြီးလို့ နယ်မြေရှင်းလင်းချိန် ခဲယမ်းပစ္စည်းတွေရရှိ

“အကွာအဝေးက မီတာ ၂၀၀၊ မီတာ ၃၀၀ လောက်ကနေ အဲ့ဒီစစ်ကြောင်းသွားတဲ့နောက်ကို တောက်လျှောက်လိုက်ပစ်ခဲ့တာ။ ပစ်ခတ်တိုက်ခိုက်ချိန်က ၃ နာရီလောက် ကြာတယ်။ ၄ ကောင်ကတော့ သေဆုံးတယ်။”

မန္တလေးမြို့မှာ စက်သုံးဆီပြတ်လပ် ဆီဆိုင်ကြီးများအပြင် လမ်းဘေးဆိုင်တွေပါ ပိတ်ထားရ (ရုပ်/သံ)

ယခင်စက်သုံးဆီပြတ်လပ်မှုတွေမှာ လမ်းဘေးဆီဆိုင်တွေမှာ စျေးပိုပေးပြီး ဆီဖြည့်လို့ရပေမယ့် အခု တော့ ဆိုင်အကြီး၊အသေးအားလုံးနီးပါးမှာ ပြတ်ကြတာလို့ မြို့ခံတဦးက ပြောပါတယ်။

အရေးပေါ်ကာလ ၆လသက်တမ်းကို ၆ကြိမ်မြောက်ထပ်တိုး

စစ်ကောင်စီက ဒီကနေ့ ဇူလိုင်လ ၃၁ ရက် မနက်ပိုင်းမှာ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ(ကာလုံ) အစည်းအဝေးခေါ်ယူပြီး အရေးပေါ်ကာလသက်တမ်း နောက်တကြိမ် ၆ လ တိုးမြှင့်ကြောင်း ကြေငြာလိုက်ပါတယ်။

မတ္တရာနယ်က စစ်တပ်အထိုင်စခန်း ၇ ခုကို ထပ်သိမ်း၊ ဆက်လက်တိုက်ပွဲပြင်းထန်နေ

"မနေ့ကအထိ လေကြောင်းနဲ့ တအုန်းအုန်းလာကြဲနေတုန်းပဲ။ စစ်ကားတွေလည်း တောက်လျှောက်သွားတယ်။ ကျောက်တံတားဘက်ကနေတော့ လေယာဥ်ကြဲတဲ့အသံရော၊ လက်နက်ကြီးသံရော ကြားနေရတယ်"

ဆွံ့အ၊ မသန်စွမ်းမိန်းကလေးကို အဓမ္မပြုကျင့်သူအမျိုးသား ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံရ

"မနေ့က တရားရုံးကနေတော့ ထောင်ဒဏ်ချလိုက်တာ သိရတယ်။ အနှစ် ၂၀။ သူကိုတော့ ဘယ်ထောင်ပို့လဲတော့ မသိရဘူး"

ရတဖ ၁၉ က ရဲတပ်ကြပ်တဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

"တပ်ဖွဲ့ကိုအလင်းဝင်လာတာ ပထမဆုံးအကြိမ်ပါ။ ရေစကြိုမှာတာဝန်ကျနေရင်း ဆက်သွယ်လာတာပါ။ သူ့လုပ်သက် ၁၆ နှစ်ရှိပြီ"

ဂျပန်ရောက်မြန်မာများမှ ကြားကာလ မူလတန်းလွန်ကျောင်းအတွက် စာသင်ဆောင် ဆောက်လုပ်ပေး (ရုပ်/သံ)

အခုလို ဆောက်လုပ်ထားတဲ့ကျောင်းကို "Sakura Donation မှတစ်ဆင့် ဂျပန်ရောက်မြန်မာများ"က လှူဒါန်းခဲ့တာဖြစ်ပြီး အညာပစ်တိုင်းထောင်အဖွဲ့က ကူညီပံ့ပို့ပေးခဲ့တာလို့ မဖူးပွင့်ဝေက ပြောပါတယ်။

နွားထိုးကြီးမှာ လမ်းသွားပြည်သူတွေကို NPDF က တွေ့ဆုံစစ်ဆေး (Photo News)

"လုံခြုံရေးအရ စစ်ဆေးရေးလုပ်တာပါ။ပြည်သူတွေကို နိုင်ငံရေး အသိပညာပေးဖို့အတွက်လည်း ပါပါတယ်"

စစ်တပ်ဂိတ်မှာတာဝန်ကျတဲ့ ပျူစောထီး လက်နက်ခိုးပြီး အလင်းဝင်လာ

"သူကိုင်တဲ့သေနတ် G 3 ကို စကစဘက်က သိမ်းထားလို့ စကစ လက်နက်ယူပြီး လာပူးပေါင်းတာ။ သူက ပျူထဲဝင်ထားတာ နှစ်နှစ်လောက်ရှိနေပြီ။ သူကမလုပ်ချင်တော့လို့ ထွက်ချင်နေတာ။ စကစက ပျူဆက်မလုပ်ရင် စစ်တပ်ထဲဝင်ရမယ်လို့ ခြိမ်းခြောက်လာလို့ လက်နက်ယူပြီး ကျနော်တို့ဘက်ကို ဝင်လာတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10