သတင်း

သာယာဝတီထောင်ကလွှတ်လိုက်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို ပြန်ဖမ်းထား

“ အခုက သာယာဝတီရဲစခန်းထဲမှာ ချုပ်ထားတယ်။ ဒီမနက် (ဇန်နဝါရီ ၅)အထိ မိသားစုနဲ့ ပေးမတွေ့ဘူး။ ဦးအောင်မြင့်က လွတ်ရက်စေ့ဖို့ ရက်ပိုင်းပဲလိုတော့တာ”

၁၅ ဦးကျော်သေဆုံးသွားတဲ့ စစ်ကောင်စီစစ်ကြောင်းကမီးရှို့လို့ နေအိမ် ၄၀ ကျော်ပျက်စီး

"အဲ့ဒီ စကစ စစ်ကြောင်းက ရွာစဥ်လှည့် စစ်ကြောင်းပတ်ထိုးပြီး ဒေသခံတွေကို အနိုင်ကျင့်နေတာ။ မရိုးခုံရွာထဲကို ၂၃ ရက်နေ့လောက်ကတည်းကရောက်ပြီး တပ်စွဲနေချိန်မှာ သူတို့ပြန်အထွက်ကိုစောင့်နေပေမယ့် မထွက်ဘဲ ရက်ကြာလာလို့ ဝင်တိုက်ခဲ့တာ။ အဲ့ဒါကို ရွာထဲရှိချိန် တိုက်ခိုက်ခံရတာကို မကျေနပ်လို့ နောက်တခေါက်ပြန်လာပြီး ရွာကိုမီးရှို့သွားတာ"

မြို့ပြအထိတိုက်ပွဲတွေရောက်လာလို့ ရှေ့တန်းနယ်မြေပိုကျယ်ပြန့်လာတယ်လို့ စစ်ခေါင်းဆောင်ဖွင့်ဟ ၊ ရဲမေတွေ အရေးကြုံရင် သက်လုံကောင်းကြဖို့တိုက်တွန်း

ဇန်နဝါရီ ၄ ရက် မနေ့နေ့လယ်ပိုင်းက နေပြည်တော်မှာပြုလုပ်တဲ့ စွမ်းရည်တံဆိပ်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဘွဲ့တံဆိပ်ပေးအပ်တဲ့အခမ်းအနားမှာ သူ့ရဲ့လက်အောက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြောကြားတဲ့မိန့်ခွန်းအတွင်း စစ်ခေါင်းဆောင်က အခုလို သတိပေးပြောဆိုခဲ့တာပါ။

တန့်ဆည်မှာ လေယာဉ်နဲ့ ဗုံးကြဲလို့ ကလေးနဲ့ အမျိုးသမီး ၃ ဦးအပါ ပြည်သူ ၅ ဦးသေဆုံး

“ဒဏ်ရာရသူတွေထဲမှာ ၂ ဦးက စိုးရိမ်ရတယ်။ စိန်းပန်းရွာက အခုလိုလေကြောင်းနဲ့ အပစ်ခံရတာ ပထမ အကြိမ်ပဲ။ အရင်က ရွာနားကိုလာပစ်တာတွေပဲရှိတာ။ အဲဒီရွာထဲမှာလဲ ကာကွယ်ရေးတပ်ဖွဲ့တွေ တယောက်မှ မရှိဘူး။ ဒီအတိုင်း လေယာဉ်နဲ့လာပစ်သွားတာ”

ပေါင်းတည်နယ်၊ တောင်ခမောက်ရွာကို စစ်တပ်က ဒုတိယအကြိမ်မီးရှို့

“စစ်*တွေလာပြီး မီးရှို့သွားတာပါ။ အိမ်ကြီးအိမ်ကောင်းတွေကို ရွေးရှို့သွားတာပါ”

မြင်းဒေါင်းရွာ ပြည်သူ ၃၀ ကျော်ကို စစ်တပ်က ဖမ်းဆီးထားပြီး ရွာထဲမှာအထိုင်ချထား

“သူတို့ (စစ်ကောင်စီ)က ရေဦးကိုပြန်ဝင်မလိုလိုအယောင်ပြပြီး တိတ်တဆိတ်ထပ်ဝင်တယ်။ ရွာခံ ပြည်သူတွေက ထွက်ပြေးဖို့ပြင်နေရင်း အငိုက်ဝင်စီးခံလိုက်ရတာ။ ဖမ်းဆီးခံရတာက မြင်းဒေါင်းရွာရော၊ အင်တိုင်းရွာက ပြည်သူတွေရောပါတယ်”

မြို့သိမ်း မောင်းပြန်ကမ်ပိန်း ၁၀ ရက်အတွင်း ၉ ရာခိုင်နှုန်းသာ ရရှိထား (ရုပ်/သံ)

ကမ်ပိန်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့အထိ ၁ လတာ ပြုလုပ်နေတာဖြစ်ပြီး "မောင်းပြန်ကိုယ်စီ မြို့သို့ချီ" ဆိုတဲ့ ကမ်ပိန်းအတွက် ပေါက်မဲပစ္စည်းတွေအနေနဲ့ သိန်း ၄၀ ကျော်တန်ပတ္တမြားလက်စွပ် ၁ ကွင်း၊ IPhone 14 Pro Max ၁ လုံး၊ နာရီ ၁ လုံး၊ ရေဆေးပန်းချီကား ၁ ချပ်နဲ့ တခြားပစ္စည်းများစွာ ပါဝင်သေးတယ်လို့ တပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

အဆရ ၁၂ က တပ်သားတဦး လက်နက်တွေနဲ့အတူ အလင်းဝင်

“တပ်သားကတော့ ဧရာဝတီတိုင်း၊ ဟင်္သာတဘက်ကပါ။ အင်မထီးကျေးရွာမှာ တာဝန်ကျနေတာ။ အင်မထီးကျေးရွာ အရှေ့ဘက်မှာ ကျနော်တို့ရဲဘော်တွေ ကင်းချထားတာတွေရှိတယ်။ အဲဒီရဲဘော်တွေဆီ အလံဖြူထောင်ပြီးတော့ ‘ကျနော်အင်မထီးကျေးရွာထဲက ထွက်လာတာပါ၊ ပြည်သူနဲ့ ပူးပေါင်းချင်လို့ပါ’ ပြောပြီး အလင်းဝင်လာတာ”

ပေါင်းတည်ထောင်က ပြန်လွတ်လာသူ ၈၁ ဦးမှာ နိုင်/ကျဥ်းတွေမပါ

"ပြန်လွတ်ဖို့ သုံးလဝန်းကျင်လောက်ပဲ ကျန်တော့တဲ့ နိုင်ငံရေးအကျဥ်းသားတွေ မပါဘူး။ ရာဇဝတ်မှုနဲ့ ကျတဲ့သူတွေပဲ လွတ်တာ"

ဝက်လက်က စစ်အုပ်စုတပ်စွဲရာ နေရာ ၃ ခုတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

"ဗုံးသီးက ဘန်ကာထဲကိုတည့်တည့်ကျသွားလို့ ၂ ကောင်ပွဲချင်းပြီးသေတယ်။ သေတာကို ကျနော်တို့ Scout (ကင်းထောက်) ပြောတာ"

အမြန်လမ်းမှာ ကားမှောက်လို့ သံဃာ ၁ ပါးအပါ ၃ ဦးသေဆုံး

"ကားက ပြင်ဦးလွင်က ဘုန်းကြီးကျောင်းတကျောင်းက ကားပါ။ မောင်းလာချိန်မှာ ကားဝဲဘက် အရှေ့ဘီးပေါက်ပြီး လမ်းဘေးထိုးကျမှောက်သွားတာ။ ကားပေါ်မှာက သံဃာ ၂ ပါးနဲ့ လူ ၃ ယောက်ပါတယ်။"

စစ်ရေးအရအရေးပါတဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်းက ကင်းစခန်း ၅ ခုကိုတိုက်ခိုက်

"စစ်ရေးအရ အရေးပါတဲ့ ရန်သူရဲ့ အဓိကဆက်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ရန်ကုန် မန္တလေး လမ်းဟောင်းကို ဖြတ်တောက်ဖို့ပါ။"

နတ်တလင်းမှာ မိုင်းထိလို့ အမျိုးသားတဦးသေဆုံး

“ မိုင်းကွဲသံ အကျယ်ကြီးတချက်ကြားလိုက်တယ်။ မကြာဘူး လိမ်ပင်ကုန်းရွာဘက်က စစ်**စက်လှေတစီး ထွက်လာတာလည်းမြင်လိုက်တယ်။ ကူညီချင်ပေမယ့် မသွားရဲဘူး”

စစ်ကိုင်းမှာ အမှိုက်ပုံကနေ ဗုံးကွဲလို့ ကလေး ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

"သူတို့မိသားစုက ပလုံကောက်တာဆိုတော့ အမှိုက်ပုံထဲ မွှေနှောက်ရှာဖွေတာနဲ့တူတယ်။ အဲ့မှာ မိုင်းကထပေါက်တာ။ အဲ့နားရှိတာဆိုလို့ ရထားသံလမ်းပဲ ရှိတာ"

ဟုမ္မလင်းမှာ စစ်ကူလာတဲ့စစ်ကြောင်း ကြားဖြတ်တိုက်ခံရပြီး သေဆုံးမှုရှိ၊ လက်နက်တချို့ ရရှိ

“သောင်သွပ်**စခန်းကို တိုက်နေကြတာ။ ၂၇၂ စစ်ကြောင်းက စစ်ကူလာတယ်၊ မင်းယားရွာနောက်ကျောမှာ ဖြတ်တောက်ရေးလုပ်တယ်။ လက်နက်တော့ ရထားပြီ၊ စစ်ကောင်စီအလောင်း သုံးလောင်းတွေ့တယ်။ ၂၇၂ ရင်းမှူး ခြေဖြတ်ရတယ် ကြားတယ်။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10