သတင်းတို

ပေါင်းတည်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပေါ်တာကြေး ခြိမ်းခြောက်ကောက်ခံ

“ပေါ်တာကြေးမပေးတဲ့ အိမ်ကို သူကိုယ်တိုင်လာမယ်၊ နောင်ဖြစ်လာတာ တာဝန်မယူဘူးလို့လည်းပြောတယ်။ ရွာသားတွေက မရှိတဲ့ကြားထဲက ကြောက်ပြီးပေးကြရတာ။ အုပ်ချုပ်ရေးမှူးပြောတာကတော့ ပေါ်တာဆွဲ မခံရအောင် မြို့ကို ပေးရတာလို့ ပြောတယ်”

ပြည်မြို့ ဆီပြတ်လပ်မှုပိုဆိုးလာ ၂ မိုင်နီးပါးတန်းစီစောင့်နေရပြီး ရဲနဲ့ယာဉ်ထိန်း လုံခြုံရေးယူထား (ရုပ်/သံ)

"မနေ့က ညနေကဆို တိုးဝှေ့နေကြတာပဲ။ ကားတွေကော ဆိုင်ကယ်တွေရော အိုးဝေတွေပါ တန်းစီနေတာ ၂ မိုင်လောက်တောင်ရှိမယ် ဘဲဥတွေက လမ်းရှင်းပေးတယ်။ ရဲတွေက လုံခြုံရေးယူထားတယ်"

နတ်မောက်မြို့ ဈေးကွက်သစ်အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

"သူတို့အဖွဲ့ဝင် ၁ ယောက်ကို ကျနော်တို့အရင်ရက်က ဖမ်းထားတာ၊ သူတို့လူကိုလိုက်ရှာတာ တဖွဲ့လုံးလာတာ၊ ၁၃ ယောက်ဖမ်းမိတာ၊ မြို့သစ်နယ်ထဲက ကွင်းကြီးဘက်မှာ ဖမ်းမိတာ၊ သူ့ရဲ့ လက်အောက်ငယ်သားတွေတော့ ကျနော်တို့ပြန်လွှတ်ပေးလိုက်တယ်၊ သူတို့ခေါင်းဆောင်ကိုပဲဖမ်းပြီးတော့ ရှင်းလင်းလိုက်တယ်"

စစ်အုပ်စု ၄ ဖွဲ့ပေါင်း ဦးအောင်ဇေယျရွာတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ၆ ဦးအရှင်မိ

“အခုချိန်ထိတော့ စစ်ရေးအခြေနေက တင်းမာနေတုန်းပါပဲ။ ထွက်ပြေးလွတ်မြောက်နေတဲ့သူတွေလည်း ရှိတယ်။ သူတို့ဘယ်အချိန်ပြန်ဝင်တိုက်မလဲဆိုတာ မသိသေးတော့ စစ်ရေးကတော့ တင်းမာနေတုန်းပါ ”

ပြည်မြို့ ဆီပြတ်လပ်မှုပိုဆိုးလာ၊ ၂ မိုင်နီးပါးတန်းစီစောင့်နေရပြီး ရဲနဲ့ယဉ်ထိန်းလုံခြုံရေး ယူထား

"မနေ့က ညနေကဆို တိုးဝှေ့နေကြတာပဲ။ ကားတွေကော ဆိုင်ကယ်တွေရော အိုးဝေတွေပါ တန်းစီနေတာ ၂ မိုင်လောက်တောင်ရှိမယ်။ ဘဲဥတွေက လမ်းရှင်းပေးတယ်။ ရဲတွေက လုံခြုံရေးယူထားတယ်"

စဉ့်ကူးနယ်ပျူစောထီးတွေက ဒေသခံပိုင် နွားတွေနဲ့ပစ္စည်း တန်ဖိုးသိန်း ၂၀၀ ကျော်ဖိုး လုယူ

"မိန်းမတွေရော လာကြတာ။ အကုန်ကို အကုန်ယူတာပါပဲ။ ချက်ဖို့လုပ်နေရင်း ပြေးရတော့ ချထားခဲ့တဲ့ငါးကအစ ယူသွားတာ။ ကလေးကျောပိုးအိတ်လေးထဲ အရုပ်ကလေးတွေထည့်ထားတာ။ အဲ့ဒါတောင်မကျန်ဘူး"

မုန်းမြို့တိုက်ပွဲ KNLA ပူးပေါင်းတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးပြီး စစ်ကောင်စီ ၁၂၀ သေဆုံး

"ထိခိုက်သေဆုံး အခြေအနေကတော့ တိုက်ပွဲစဖြစ်တဲ့ရက်ကနေ ထိန်းချုပ်ထားနိုင်တဲ့ကာလအတွင်း နှစ်ဖက်သေဆုံးမှုပါ။ ၇ ရက်နေ့ နောက်ပိုင်းကတော့ တိုက်ပွဲထပ်ဖြစ်တာမရှိသေးပေမယ့် စစ်ရေးက တင်းမာနေဆဲပါ"

မအူရဲစခန်းကို မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးကြဲ (ရုပ်/သံ)

မအူရဲစခန်းဟာ ရွာအလယ်မှာတည်ရှိနေပြီး နေ့လယ်ခင်းကစတင်ကာ ညနေပိုင်းအထိ ဗုံးသီး ၁၃ လုံးလောက် ကြဲချတိုက်ခိုက်ခဲ့တာဖြစ်လို့ သေဆုံးမှုနဲ့ ထိခိုက်ပျက်စီးမှုတွေ ရှိတယ်လို့ သူကပြောပါတယ်။

နတ်တလင်းမှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရလို့ ၁ ဦးသေဆုံး

"ပထမမိုင်းကွင်းမှာ မထိဘဲ ဒုတိယမိုင်း ၃ လုံးပူးအတွဲမှာ ထိသွားတာ"

စစ်ခေါင်းဆောင်က ပစ္စတိုခါးချိတ်ပြီး လားရှိုးကို နေ့ချင်းပြန်သွား

ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ ကိုးကန့်ဒေသအပြင် လားရှိုးမြို့နဲ့အနီးတဝိုက်မြို့တွေမှာ အောက်တိုဘာလမှစတင်ကာ လက်ရှိအထိ တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး တိုက်ပွဲစတင်ဖြစ်ပွားပြီးနောက် ၁ လ ကျော်အကြာမှာ စစ်ခေါင်းဆောင်နဲ့အဖွဲ့က လာရောက်တာလည်းဖြစ်ပါတယ်။

မြစ်ကျိုးရဲစခန်းက နယ်ထိန်းရဲအပါ ၇ ဦး စခန်းစွန့်ထွက်ပြေး

"ပြေးကြတာက တရက်တည်းအတူပြေးကြတာတော့ မဟုတ်ဘူး။ နယ်ထိန်းစိုးလွင်က အရင်ဆုံးပြေးတာ။ နောက်မှ နှစ်ယောက်တတွဲ။ တယောက်ချင်း အဲ့ဒီလိုပြေးကြတာ"

လေယာဥ်နဲ့ပစ်လို့ သေဆုံးခဲ့တဲ့ တပ်မိသားစုဝင်ရဲ့ လသားကလေးကို PDF ကယ်ထုတ် (ရုပ်/သံ)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့တိုက်ပွဲအတွင်းမှာ လေယာဥ်နဲ့ပစ်လို့ သေဆုံးခဲ့တဲ့ တပ်မိသားစုဝင်ရဲ့ လသားအရွယ် နို့စို့ကလေးငယ်တဦးကို PDF တွေက ကယ်ထုတ်ခဲ့ပါတယ်။

မြိုင်မှာ စစ်အုပ်စု မိုင်း ၅ ကြိမ်ဆွဲ တိုက်ခိုက်ခံရ

“သူတို့ **ကား ၁ စီးနဲ့ အင်အား ၃၀ လောက်ချတယ်၊ အနီးအနားရွာတွေကို မွှေမယ့်သဘောနဲ့ ဆင်းလာတာ။ ကျနော်တို့အဖွဲ့တွေနဲ့ ပစ်ခတ်မှု မိနစ် ၂၀ အကြာဖြစ်တယ်။ နောက်ထပ် မိုင်းပွိုင့် ၅ ပွိုင့်ဆွဲတယ်၊ ၂ ကောင်သေပြီး ၂ ကောင်ဒဏ်ရာရတယ်”

သီးလုံးရွာကို ၂ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခံရ (ရုပ်/သံ)

"ကျနော်တို့ ရွှေဘိုမြို့နယ်၊ သီးလုံးပျူရွာကို ဒရုန်းနဲ့ ဗုံးသီး ၂၄ လုံးကြဲချခဲ့တယ်။ ၉ ရက်က နေ့လယ် ၁ နာရီဝန်းကျင်မှာ ဗုံးသီး ၁၂ လုံးချတယ်။ ဒီကနေ့ ၁၀ ရက် ၇ နာရီ ၂၄ မိနစ်မှာလည်း ဗုံးသီး ၁၂ လုံးချခဲ့တယ်"

မွေးရာပါ နှလုံးမှာအပေါက်ပါတဲ့ ကလေးတဦး ဆေးကုသဖို့ အကူညီလိုအပ်နေ

"ကလေးက အမောဖောက်သလို ခဏခဏ ဖြစ်နေတာပါ။ ဆေးခန်းတွေ ပြကြည့်တော့မှ နှလုံးအပေါက်ပါတာ သိရတာ။ ဆေးကုသဖို့ ငွေမတတ်နိုင်ပါဘူး"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10