တပူပေါ် တပူဆင့်တဲ့ စစ်ကိုင်းမြို့က ရေဒုက္ခ (ရုပ်/သံ)
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ တနေ့ကို မီး ၁ နာရီလောက်သာ လာတဲ့အတွက် မြို့ပေါ်ရပ်ကွက်တွေ ရေအခက်ခဲ ကြုံနေရပြီး သောက်သုံးရေကအစ ရှားပါးနေတယ်
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ တနေ့ကို မီး ၁ နာရီလောက်သာ လာတဲ့အတွက် မြို့ပေါ်ရပ်ကွက်တွေ ရေအခက်ခဲ ကြုံနေရပြီး သောက်သုံးရေကအစ ရှားပါးနေတယ်
"တိုက်ခိုက်ဖို့အတွက် ရဲဘော်တွေ အရင်ထွက်ခွာတယ်၊ မုံရွာမြို့ စီးပွားရေးဘဏ် မျက်စောင်းထိုးမှာ ကင်းပုန်းဝတ်နေတတ်တဲ့နေရာကို ပါဆယ်ဗုံးချခဲ့တယ်၊ ညနေ ၅ ဝန်းကျင်မှာ စကစ ခွေးတပ်သား ၃ ဦး ကင်းပုန်းလာဝတ်တဲ့အချိန် ကျနော်တို့တိုက်ခိုက်ခဲ့တာ"
မကွေးတိုင်း၊ ရေစကြိုမြို့က PDF ထိန်းချုပ်မြို့ပေါ် ရပ်ကွက်အတွင်း နယ်ကျော်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့
“ကျနော်တို့ သွားရောက်ပစ်ခတ်ချိန်မှာ ဝန်ထမ်းတော့မထိပါဘူး။ သူတို့က ရုံးထဲမှာမို့ပါ။ အဲဒီစခန်းထဲမှာ စကစ အင်အား ၁၀ ယောက်လောက်ရှိပါတယ်။ အဲဒီထဲမှာမှ ၂ ယောက်ကိုပစ်ခတ်ခဲ့တယ်။ အခုလက်ရှိမှာတော့ အဲဒီရုံးမှာလုံခြုံရေးတွေ ထပ်ပြီးချထားပါတယ်။ အဲဒီရုံးရဲ့ခပ်လှမ်းလှမ်းမှာလည်း လူအင်အား ၃၀ လောက်ရှိပါတယ်”
အင်အား ၁၅၀ နီးပါးရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရွှေဘိုမြို့ပေါ်ကနေတဆင့် တပင်ကောင်းရွာထဲကို ဝင်လာချိန် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တပင်ကောင်းရွာအနီးမှာ ထိတွေ့ပစ်ခတ်မှု တနာရီကြာ ဖြစ်ခဲ့တာ
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲက ရွာ ၇ရွာကို စစ်ကောင်စီတပ်သားတွေက ဧပြီ ၂၃နဲ့ ၂၄ရက်တွေမှာ ဝင်ရောက်မီးရှို့သွားခဲ့ပြီး ပစ္စည်းတွေကိုပါ ခိုးယူသွားခဲ့ကြတယ်
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဘင်တဲကုန်းနဲ့ အောင်ချမ်းသာကျေးရွာက နေအိမ်တွေကို မီးရှို့တဲ့ စစ်အုပ်စု ဧပြီလ ၂၃၊၂၄ ရက်မှာ တိုက်ခိုက်ခံရတာကြောင့် ၃ ဦးသေဆုံးပြီး၊ ၂ ပွင့်ဗိုလ်တဦးပါ ၇ ဦး ဒဏ်ရာရရှိခဲ့တယ်
ဧပြီလ ၂၄ ရက်မှာ အဲဒီစစ်အုပ်စုဟာ ပဒိုင်းတောကျေးရွာက ထွက်လာပြီး ညောင်တုန်းရွာက နေအိမ် ၃၂ လုံးကိုမီးရှို့နေချိန်မှာ မိုင်းဆွဲခံရတာအပြင် ဒရုန်းနဲ့ပါ ဗုံးသီးကြဲခံရတယ်
မြေလတ်အသံ သတင်းဌာနမှာ အပါတ်စဉ် တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် ဒီတပါတ်မှာတော့ "ဒန်ဝယ်တယ်၊ ကြေးဝယ်တယ်၊ လျှပ်စစ်တွေဝယ်တယ် " ဆိုတဲ့ ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။
- မန်ကျည်းကန်ရွာက လူငယ်တဦးကိုသတ်ပြီး ရွာသား ၁၄ ဦးကိုလည်း ဖမ်းသွား - စစ်အုပ်စုအစစ်ဆေးတင်းကြပ်နေတဲ့ မုံရွာ - ချောင်းဦးလမ်းပိုင်းကို PDF က ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ် - ပဇီကြီးမှာ တိုက်ပွဲဖြစ်၊ လေယာဉ်နဲ့ ဗုံးကြဲ - မြင်းမူရဲစခန်း လက်နက်ကြီးနဲ့ပစ်ခံရလို့ ထိခိုက်မှုရှိ - ကနီက စစ်တပ်စခန်းတိုက်ပွဲမှာ သေနတ် ၁၅ လက်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းနိုင်ခဲ့ပြီး စစ်သား ၂၀ ဝန်းကျင် သေဆုံးဟုဆို - စစ်ရုံးချုပ်ကထွက်ပြေးတဲ့ အမျိုးသမီးတပ်ကြပ်ကြီး ၂ ဦးလွတ်မြောက်နေဆဲဖြစ်ပြီး၊ တပ်ပြေးအဖြစ် ကြေငြာခံထားရ နောက်ဆက်တွဲ - ကလေးမြို့သပိတ်အဖွဲ့ဝင်တွေရဲ့ နေအိမ်တွေကို စစ်ကောင်စီက ဖြိုချဖျက်ဆီးနေ - ရေစကြိုမှာ ကြားကာလပညာရေး စာသင်နှစ်တနှစ်ကို အခက်ခဲများကြားက အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ - အပူရှိန်ပြင်းလာလို့ ရေရရှိဖို့နဲ့လက်နက်ခဲယမ်း သိုလှောင်ထုတ်လုပ်ဖို့ အခက်ကြုံလာ
PDF မဟာမိတ် ၆ ဖွဲ့လောက် ပူးပေါင်းပြီး စုပေါင်းရုံးနဲ့ ငြိမ်းဇာနည်စခန်းတို့ကို တပြိုင်တည်း ဝင်တိုက်ခဲ့ကြတာဖြစ်ပြီး လက်လုပ်တွေနဲ့ တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်
"အသက်မပြည့်သေးတဲ့ ကောင်လေးအသတ်ခံရတာက ကျနော်တို့ထင်တယ် မနေ့ကဖြစ်နိုင်တယ်။ သူတို့ညှင်းပန်းနှိပ်စက်ပြီးမှ သတ်ပစ်သွားတယ်။ ရွာထဲမှာ လူစစ်တော့နောက်ထပ်တယောက် ပျောက်နေသေးတယ်။ ရဲဘော်တွေလည်းရှာနေတုန်းပဲ။ ဖမ်းဆီးခံရတဲ့ လူတွေထဲမှာ အမျိုးသမီး ၄ ယောက်ပါသွားတယ်လို့ ကျနော်တို့ကြားရတယ်"
စစ်သားတယောက် ပြစ်မှုကျူးလွန်တဲ့အခါ အရပ်ဘက်တရားရုံးက မကိုင်တွယ်ဘဲ စစ်အုပ်ချုပ်ရေးတရားရုံးက ကိုင်တွယ်ပါတယ်။
"သူတို့ဘက်ကို တလုံးကျလိုက်ပြီးတဲ့နောက်မှာ သူတို့ဘက်ကနေ လက်နက်ငယ်တွေ ၆၀ မမ တွေနဲ့ ကောင်တာပြန်ပစ်တာမျိုးတွေလည်း ရှိတယ်။ ကျနော်တို့ပစ်ပြီး ပြန်သွားချိန် သူတို့ခွေးခြံကနေထွက်ပြီး အနီးနားတဝိုက်ကို ကင်းပတ်တာတွေလည်း လုပ်တယ်။ သေဆုံးမှုတွေတော့ မကြားသေးဘူး။ ထိခိုက်တာတွေပဲ ကြားသေးတယ်"
လေကြောင်းနဲ့ ဗုံးကြဲခံရပြီးနောက်ပိုင်း ဒေသခံဟာတွေဟာ နီးစပ်ရာ တောတောင်တွေထဲ သွားရောက်တိမ်းရှောင်နေကြတာဖြစ်ပြီး ဝေဘူလမြို့ကို ပြန်မဝင်နိုင်သေးသလို အကူအညီတွေ မရောက်သေးပါဘူး။