ကာကွယ်ရေးအဖွဲ့တွေဟာ စစ်တပ်နဲ့မခြားဘူးဆိုတဲ့အမြင်မျိုး ဖြစ်မသွားစေချင်ဘူး (ရုပ်/သံ)
လက်ရှိ စစ်ပွဲတွေအားကောင်းနေတဲ့ အညာဒေသမှာ စစ်ကောင်စီက ဥပဒေမဲ့သတ်ဖြတ်မှုတွေ နေအိမ်မီးရှို့တာတွေ ကျူးလွန်နေတာဖြစ်သလို လက်နက်ကိုင်တော်လှန်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ရင်း၊ တပ်ဖွဲ့တွေထဲမှာလည်း ဥပဒေမဲ့ကျူးလွန်နေတာတွေ ဖြစ်လာနေတဲ့အတွက် ဒါတွေကို တားဆီးဖို့ လိုအပ်နေတာကြောင့် PDF တပ်ရင်း၊ တပ်ဖွဲ့တွေကို စစ်ကျင့်ဝတ်တွေ လိုက်နာအောင် အမျိုးသမီးမဟာမိတ်တပ်ပေါင်းစုအဖွဲ့ဝင် မအေးမြင့်အောင်အောင်က သင်ကြားပေးနေတာပါ။