ရုပ်သံ

ကိုင်းတောမရဲစခန်း တိုက်ပွဲမှာ တပ်မ ၁၀၁ က စစ်သား ၂ ဦးနဲ့ PDF ရဲဘော် ၁ ဦး သေဆုံး (ရုပ်/သံ)

"ကျနော်တို့ ညနေ ၅ နာရီခွဲကနေ ၆ နာရီကျော်ကျော်အထိ တိုက်ခိုက်ခဲ့တာ၊ ကျနော်တို့ Pakokku Underground Force က ရဲဘော် ၁ ဦးကျပြီး ‌စခ ၂ ကောင်သေဆုံးတယ်"

ရေနံချောင်းမှာ မြစ်ရေတက်ပြီး ချောင်းကူးလမ်းရေဝင်နေလို့ ကိုယ်ထူကိုယ်ထ ပြုပြင်နေရ (ရုပ်/သံ)

ရေနံချောင်းမြို့နဲ့ ၁၀ မိုင်ကျော်အကွာအဝေးမှာရှိတဲ့ ရုံးဆိပ်ကျေးရွာအနီးက ဆားတိုင်အုတ်ဖိုချောင်းမှာ မိုးရွာပြီးဧရာဝတီမြစ်ရေတွေ ဝင်လာတာကြောင့် ဒေသခံပြည်သူတွေ သွားလာရခက်ခဲနေတာလို့ ရုံးဆိပ်ရွာ ဆရာတော်က ပြောပါတယ်။

ရာထူးကဖယ်ရှားခံရတယ်လို့ သတင်းထွက်နေတဲ့ ရေတပ်ချုပ် ဗိုလ်ချုပ်ကြီး မိုးအောင် ကို  လူမြင်ကွင်း ထုတ်ပြ (ရုပ်/သံ)

ရာထူးကနေဖယ်ရှားခံရတယ်ဆိုပြီး သတင်းထွက်ပေါ်နေတဲ့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ခရီးစဉ်နဲ့ အစည်းအဝေးပွဲမှာ ခေါ်ဆောင်ပြီး လူမြင်ကွင်းကို ထုတ်ပြလာပါတယ်။ ဩဂုတ် ၂၇ ရက် မနေ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပုဂံဘုရားခရီးစဉ်နဲ့ နေပြည်တော်၊ မာရဝိဇယဘုရားနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင် ဦးစီးပြုလုပ်တဲ့ အစည်းအဝေးမှာ ဗိုလ်ချုပ်ကြီး မိုးအောင် တက်ရောက်ခဲ့ကြောင်း စစ်တပ်ပိုင် မြဝတီသတင်းရုပ်သံမှာ ထုတ်လွှင့်လာတာဖြစ်ပါတယ်။

ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဉ် ၃ စီး တိုက်ခိုက်ခံရ (ရုပ်/သံ)

“သူတို့ကို RPG တလုံး Rocket ၅လုံး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်။ သူတို့ဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခဲ့တယ်။ ပစ်ခတ်ပြီးတော့ သူတို့တွေ ပခုက္ကူဘက်ကို ပြန်ထွက်သွားတယ်”

အညာခေါ်သံ (အသံလွှင့်ဆောင်းပါး)

သေနတ်ကိုင်ပြီး ဖြေရှင်းမှရတော့မယ့်အဆုံးမှာ အညာမြေဟာ ရှိသမျှရောင်းချလို့ ရရာလက်လုပ် တထောင့်ထိုး သေနတ်နဲ့ တော်လှန်ရေးကိုစခဲ့ကြတယ်။ အညာမြေရဲ့ စစ်အာဏာရှင်တော်လှန်ရေးဟာ ကိုယ်ထူကိုယ်ထ၊ ကိုယ့်ဒူးကိုယ်ချွန်ပဲ။ ဆယ်ဂဏန်းနဲ့စခဲ့ကြတဲ့ တော်လှန်ရေးအင်အားစုတွေဟာ အခုတော့ ထောင်ချီကျော်လို့ သောင်းချီလာခဲ့ကြပြီ။

စစ်ဆေးရေးဂိတ် အလစ်အငိုက်တိုက်ခိုက်ခံရလို့ ရဲ ၁ ဦးသေပြီး သေနတ်နဲ့ကျည်ပါ သိမ်းနိုင် (ရုပ်/သံ)

"ဒီကောင်တွေက ဘာမှ Stand by မရှိဘူး။ ဂိမ်းဆော့တဲ့ကောင်က ဆော့။ ဆေးလိပ်သောက်တဲ့ကောင်က သောက်။ ထမင်းစားတဲ့ကောင်က စား။ ဂန်း(သေနတ်) နဲ့ လူနဲ့လည်း တခြားစီပေါ့နော်။ ဒီကောင်တွေ ောက်တလွဲလုပ်နေကြတာပေါ့။ သူတို့ကို လာလုပ်မှာမဟုတ်ဘူးဆိုတဲ့ အတွေးမျိုးနဲ့ အများကြီးလျှော့တွက်ထားတာ"

ရွှေဘိုမှာ စစ်အုပ်စုတိုက်ခိုက်ခံရလို့ ၃ ဦးသေ ၇ ဦးထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

ဩဂုတ် ၂၆ ရက် ည၉ နာရီခန့်မှာ ရွှေဘိုမြို့ထဲကနေ ထွက်လာတဲ့ စစ်ကောင်စီအင်အား ၈၀ ခန့်ပါတဲ့ အဖွဲ့ဟာ မြို့ရှောင်လမ်းဘက်ကို ကင်ပုန်းချဖို့ထွက်လာချိန်မှာ ပဒေသာမိုင်း ၅ လုံး ၃ ပွိုင့်ဆွဲပြီး တိုက်ခိုက်ခဲ့သလို ၆၀ မမ လက်လုပ် လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

လှတောနယ်မြေရဲစခန်းကို PDF ၇ ဖွဲ့က သွားရောက်တိုက်ခိုက် (ရုပ်/သံ)

"စခန်းထဲက အကောင်တွေက စစ်ကူစောင့်ရင်းနဲ့ ကတုတ်ကျင်းထဲကမထွက်ဘဲ စက်လတ်တွေနဲ့ တရစပ်ဆွဲတာဗျ။ အဲ့ဒါကြောင့် ကျနော်တို့က စခန်းထဲကို မဝင်နိုင်ခဲ့ဘူးဗျ။ အချိန်လည်းကြာလာတယ်၊ စစ်ကူလည်း လာနေတယ်ဆိုတော့ ကျနော်တို့ကြားမှာ ညပ်သွားမှာစိုးလို့ ပြန်ဆုတ်ခဲ့ရတာ"

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိလို့  ကြံ့ခိုင်ရေးအမာခံ ၂ ဦးသေဆုံးတဲ့သတင်းနှင့် တပတ်အတွင်း သတင်းများ(Podcast)

ဆားလင်းကြီးမြို့နယ်မှာ ပြည်သူ့စစ်သင်တန်းဆင်း အမျိုးသား ၁၄ ဦး ဖမ်းမိတဲ့သတင်း၊ ပဲခူးအနောက်ခြမ်းမှာ ၂ လအတွင်း ရပ်ကျေးအဖွဲ့၀င် ၁၀၀ ကျော် ကျန်းမာရေးအကြောင်းပြ နုတ်ထွက်တဲ့သတင်း၊ စစ်ကြောင်းဝင်သွားတဲ့ရွာကို နယ်မြေရှင်းလင်းရေးဝင်ချိန် ခေါင်းမပါတဲ့ ရဲဘော်အလောင်း ၅လောင်းတွေ့ တဲ့သတင်းနဲ့ အခြားသတင်းတွေကို နားဆင်ရမှာပါ။

We are soldiers သီချင်းသီဆိုခဲ့သူ ဗိုလ်မှူး နိုင်နိုင်ထွန်း စစ်တိုက်ဖို့ငြင်းဆန်လို့ ဖမ်းခံထားရ

“ စကခ ၂၁ အောက် ဗန်းမော်ဂွင်ထဲမှာဘဲဖြစ်တာ။ သူ့စစ်ကြောင်းက အင်အားမမျှလို့ မတိုက်ဘူးပြောတာ။ ရှေ့ ဆက်မတိုးလို့ဆိုပြီးတော့ စစ်ဆင်ရေးရှောင်လွှဲမှုနဲ့ အခု မပခ (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ) ထဲမှာ အစစ်ခံနေရတယ်”

ရိက္ခာပြတ်နေလို့ ရဲဘော်တွေကို တခြားအဖွဲ့တွေဆီ ခွဲပို့ထားရတဲ့ ချိုးငှက်ပြောက်ကျားအဖွဲ့ (ရုပ်/သံ)

တော်လှန်ရေးကာလ အစပိုင်းမှာ ပြည်သူတွေရဲ့ ထောက်ပံ့ကူညီတာတွေနဲ့ တပ်ဖွဲ့က ရပ်တည်လို့ အဆင်ပြေနေပေမယ့် တော်လှန်ရေး၂ နှစ်အလွန်မှာတော့ အကူအညီတွေ မရှိတော့တဲ့အတွက် တပ်ဖွဲ့ရပ်တည်ရေး အခက်အခဲတွေနဲ့ ကြုံလာကြရပါတယ်။ အခုဆိုရင် တပ်ဖွဲ့ရိက္ခာပြတ်လတ်နေတာ ၅ လကျော်လာပြီဖြစ်လို့ ရဲဘော်တွေ အပြင်မှာ အလုပ်ထွက်လုပ်နေကြသလို ရဲဘော်တချို့ကိုလည်း တခြားတပ်ဖွဲ့တွေဆီ ခွဲပို့ထားရတဲ့အခြေအနေအထိဖြစ်နေတာပါ။

"ကမ္ဘာသိအကြမ်းဖက်က ဘယ်သူလဲ" (မြင်မိ ကြားမိသမျှ အစီအစဉ်)

မြေလတ်အသံသတင်းဌာနမှ အပတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် ဒီတပတ်မှာတော့ "ကမ္ဘာသိအကြမ်းဖက်က ဘယ်သူလဲ" ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

ကျောက်ထုကနေ တပ်မ ၁၀၁ကိုလာတဲ့ စစ်ယာဥ်တန်းနဲ့လုံခြုံရေးအဖွဲ့တွေ မိုင်းဆွဲခံရ (ရုပ်/သံ)

ဩဂုတ်လ ၂၂ ရက် မနက် ၈နာရီလောက်မှာ အဲ့ဒီယာဥ်တန်းတွေကို ကမ္မနဲ့ ပခုက္ကူအကြားမှာ မြိုင် ပကဖက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်သလို မြေပြင်မှာလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

တပတ်အတွင်း မြေလတ်သတင်း

- ကိုယ်ဝန်ဆောင် ပစ်သတ်ခံရမှုနဲ့ပတ်သက်ပြီး အမျိုးသား ၇ ဦးကို ပုဒ်မ ၃ ခုနဲ့ အမှုဖွင့် - ကမ္မမှာ စစ်ကောင်စီကား မိုင်းဆွဲခံရ - အရာတော်မှာ စစ်ကောင်စီတပ်က အမျိုးသမီးတွေအပါအ၀င် PDF အယောင်ဆောင်ပြီး စစ်ကြောင်းထိုးနေ - မုံရွာက ဆက်ကြေးကောက်နေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရ၊ ၄ ဦးသေပြီး သေနတ်ပါသိမ်းနိုင်ခဲ့ - ထီးချိုင့်နယ်မှာ စစ်ကောင်စီစစ်ကြောင်းက သက်ကြီးရွယ်အို အပါအဝင် ဒေသခံ ၂၀ ကျော် ဖမ်းဆီးထား - အာဏာသိမ်းပြီး ၂ နှစ်ခွဲအကြာမှာ စက်လှေပေါင်း ၆၀ ကျော်ပါဝင်နိုင်ခဲ့တဲ့ ရေပေါ်သပိတ် - ခင်ဦးမှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်က ရွာကိုမီးရှို့ - တပ်ကြပ်ကြီးအပါ ၃ ဦးသေဆုံးခဲ့ပြီး သေနတ် ၂ လက်ပါရခဲ့တဲ့ ကပစ ၂၃ စစ်စခန်းကုန်းတိုက်ပွဲ - မကွေးနဲ့ စစ်ကိုင်းက စစ်ဘေးရှောင်တွေအတွက် ဆေးဝါးတွေလိုအပ်နေ - စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရလို့ ရဲ ၁ ဦးသေပြီး သေနတ်နဲ့ကျည်ပါ သိမ်းနိုင် - လယ်ယာလုပ်သားရှားပါးလို့ အလုပ်သမားငှားမရတဲ့ တောင်သူတွေကို PDF တွေ ကူညီပေး

ကင်းပုန်းဝပ်ဖို့လာတဲ့ ပြည်သူ့စစ်တွေထဲက တဦးကို PDFက အရှင်ဖမ်းမိ (ရုပ်/သံ)

“ကျနော်တို့ စပစ်ချိန် ၁၅ မိနစ်လောက်ပါပဲ။ အဲ့အချိန်အတွင်းမှာပဲ ရအောင်ဖမ်းယူခဲ့ပါတယ်။ ကျနော်တို့ စပြီးပစ်ခတ်ချိန်မှာ သူတို့အတွက် ပစ်ခတ်ချိန်မရဘူး။ မြင်းချင်းရွာထဲကို အတင်းပြေးဝင်သွားကြတယ်။ ကျနော်တို့ ပြန်ဆုတ်ချိန် သူတို့အင်အားစုပြီး သူတို့လူကယ်ဖို့ ရွာအပြင်ကို အတင်းထွက်ပြီး ပစ်ခတ်ခဲ့ပါတယ်။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10