မင်းရွာရဲစခန်းကို PDF တွေ ဘယ်လိုသိမ်းနိုင်ခဲ့တာလဲ (ရုပ်/သံ)
၂ ဖက်အပြန်အလှန် ၅ နာရီကြာတိုက်ပွဲတွင်း စစ်ကောင်စီဘက်က သေဆုံးတာတွေရှိလာတဲ့အတွက် လက်နက်ချ အညံ့ခံလာလို့ မနက် ၁၀ နာရီဝန်းကျင်မှာ စခန်းကိုအပြီးသိမ်းနိုင်ခဲ့ကြတာပါ။
၂ ဖက်အပြန်အလှန် ၅ နာရီကြာတိုက်ပွဲတွင်း စစ်ကောင်စီဘက်က သေဆုံးတာတွေရှိလာတဲ့အတွက် လက်နက်ချ အညံ့ခံလာလို့ မနက် ၁၀ နာရီဝန်းကျင်မှာ စခန်းကိုအပြီးသိမ်းနိုင်ခဲ့ကြတာပါ။
- PDF ထဲဝင်မယ့်လူငယ်တွေကို ဘာတွေအကြံပေးထားလဲ။ - ဖမ်းဆီးခံရတဲ့နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်ကတည်းက ဘယ်လိုအနိုင်ကျင့်ခံရသလဲ။ - ခက်ခဲချိုတဲ့နေတဲ့ CDM သူရဲကောင်းတွေကို ဘယ်သူတွေကူညီမှာလဲ စတဲ့ စာတွေကို နားဆင်ရပါမယ်။
စစ်ကောင်စီတပ်စွဲထားတဲ့ သီတဂူကျောင်းဝန်းထဲက စခန်းတခုနဲ့ တဖာလုံခန့်မှာရှိတဲ့ရွှေတောင်ဦးစစ်မှုထမ်းဟောင်းထဲက စခန်းတခုတို့ကို ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမတွေနဲ့ တပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ စစ်ကျွန်မခံမြွေဆိုးတသိုက်-PDF တပ်ရင်းမှူး ဗိုလ်ပေါကြီးက ပြောပါတယ်။
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA (ကိုးကန့်တပ်ဖွဲ့) အကြောင်းကို တပ်ဖွဲ့ဝင်ရဲဘော်တွေကိုယ်တိုင် ပါဝင်ရိုက်ကူးထားတဲ့ "နိက္ကမ" ရုပ်ရှင် ဇာတ်လမ်းကို ပါထည့်သွင်းပြသခဲ့တာလို့ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီဦးဆောင်အဖွဲ့ဝင် ကိုစနေ ကပြောပါတယ်။
"သူတို့ခံစစ်ကို အသေအချာပြင်ဆင်ထားတဲ့ အနေအထားမှာ ကျနော်တို့က တောင့်ခံနိုင်ဖို့ဆိုတာ ကျည်အင်အား လုံလောက်ဖို့ကလည်း လိုသေးတာကို။ အဲ့လိုဆိုတော့ ကျနော်တို့ကကျည်အင်အားမလုံလောက်တဲ့အတွက် ကာစစ်ပြန်ဆင်နေရတယ်ပေါ့။ အဲ့လိုပဲဖြစ်ဖြစ်နေတယ်"
သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ လက်ပုကန်ကျေးရွာအနီးမှာ တိုက်ခိုက်ခံလိုက်ရပြီး ထောက်ပို့ ၅ ဦးပျောက်ဆုံးခဲ့သလို သေနတ် ၄ လက်နဲ့ ကား ၂ စီး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
တိုက်ခန်းပေါင်း ၂,၀၀၀ နီးပါးရှိတဲ့ ဒီအိမ်ရာကို တိုက်ပွဲကျ စစ်သားတွေရဲ့ ဇနီးမယားတွေနဲ့ မိသားစုဝင်တွေ တသုတ်ပြီးတသုတ်ရောက်လာရာ ခုဆို အခန်းအလွတ် မရှိသလောက်ဖြစ်သွားပြီလို့ ဒီအိမ်ရာမှာ နေထိုင်တဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ မြောက်စည်းကျေးရွာရဲစခန်းကို နိုဝင်ဘာ ၄ ရက်မနက် ၁၀ နာရီကျော်မှာ အပြီးအသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ VAKOK-CNDF တာဝန်ခံဆီက သိရပါတယ်။
“ ရှမ်းမြောက်ဘက်ကိုပို့ဖို့ အဲ့တပ်မှာ လူစုထားတုန်းပြေးတာလို့ သိရတယ်။ ပြေးတာက ဗိုလ်မှူး ၃ ယောက် တပ်သား ၂ ယောက်လို့သိရတယ်။ အဲ့ထက်များမယ်ထင်တယ်။ ရှမ်းမြောက်ကိုပို့မှာမို့ ထွက်ပြေးတာလို့ ကြားတယ်”
ချောင်းဦးမြို့မြောက်ဘက် ၂ မိုင်ခန့်အကွာ မုံရွာ - မန္တလေးကားလမ်းပေါ်ရှိ စစ်သားနဲ့ ပျူစောထီး အင်အား ၃၅ ဦး အထိုင်ချတပ်စွဲထားတဲ့ မြပုလဲဂိတ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့တွေက ၁ နာရီကြာ ဝင်ရောက်တိုက်ခိုက်ပြီးနောက် စခန်းကိုသိမ်းပိုက်မီးရှို့နိုင်ခဲ့တာလို့ ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ (CHUPDF) ဒုတာဝန်ခံက ဆိုပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရှေ့တန်းကပြန်လာချိန် ဂန့်ဂေါနယ်က လမ်းပိုင်းတနေရာမှာ ရာဂဏန်းရှိတဲ့ ပြည်သူတွေက လမ်းဘေးဝဲယာ စီတန်းပြီး သပြေပန်းအပါအဝင် ပန်းမျိုးစုံကိုင်ဆောင်ကာ ကခုန်စောင့်ကြို ဂုဏ်ပြုခဲ့ကြတာဖြစ်ပါတယ်။
မြေလတ်အသံသတင်းဌာနမှာ အပတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် ဒီတပတ်မှာ "မအလ ရဲ့ သီတင်းကျွတ် ကန်တော့ခန်း" ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။
ကောလင်းမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပြီး စစ်ကောင်စီဘက်က မနေ့ညပိုင်းမှာ ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ ဦးအထိသေဆုံးထားပြီး ဒဏ်ရာရသူတွေရှိနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ကြို့ပင်ကောက်မြို့နယ်၊ ပုဇွန်ဆိတ်ဆင်စခန်းဘုန်းကြီးကျောင်းမှာ တပ်စွဲတဲ့ စစ်အုပ်စုအင်အား ၄၀ ဝန်းကျင်ကို နိုဝင်ဘာ ၂ ရက်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စုဟာ နိုဝင်ဘာ ၁ ရက်က တပ်လာစွဲတာလို့ ဆိုပါတယ်။
ညီနောင်မဟာမိတ်အဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ စစ်တပ်ရဲ့ စစ်စခန်းတွေ တခုပြီးတခု ကျဆုံးပြီး တပ်သားတွေလည်း အသေအပျောက်နဲ့ ဖမ်းဆီးခံရတာတွေ များနေတာကြောင့် တပ်မိသားစု၀င်တွေဟာ သီပေါမြို့နယ် တုံစင့်ကျေးရွာ နမ္မတူ-နမ့်ဆန်သွား ကားလမ်းဘေးရှိ တုံစင့်ဘိုးဘိုးကြီးနတ်နန်းမှာ အုန်းပွဲ၊ ငှက် ပျောပွဲထိုးကာ ဆုတောင်းယတြာချေမှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေကြတယ်လို့ တပ်မိသားစု၀င်ထံက သိရပါတယ်။