"တပ်ပျက် မှ တပ်ပြုတ် သို့" (မြင်မိ ကြားမိသမျှ အစီအစဉ်)
မြေလတ်အသံသတင်းဌာနမှာ အပတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် ဒီတပတ်မှာတော့ "တပ်ပျက် မှ တပ်ပြုတ် သို့" ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။
မြေလတ်အသံသတင်းဌာနမှာ အပတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် ဒီတပတ်မှာတော့ "တပ်ပျက် မှ တပ်ပြုတ် သို့" ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။
“၃ ဦးသေတယ် ၁၀ ယောက်ကျော် ဒဏ်ရာရတာမှာ ၄ ယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်။ ဒီထိခိုက်သေဆုံးမှုကိုတော့ ခိုင်လုံတဲ့ သတင်းအရင်းအမြစ်ကနေ သိရတာပါ။ သူတို့နဲ့ ကျနော်တို့နဲ့က မီတာ ၁၀၀ ကျော်ကျော်လောက်ပဲ ကွာတယ်။ စစ်ကောင်စီဘက်က မင်းတို့ကောင်တွေ သတ္တိရှိရင်တက်ခဲ့ ဆဲဆိုတာတွေကအစ ကြားနေရတယ်။”
"မြိုင်မြို့နယ်ထဲက ကနီပျူရွာကို တိိုက်ခိုက်ခဲ့တာပါခင်ဗျ။ အိမ်ခြေ ၅၀၀ ရှိပြီး ပျူနဲ့စစ်ကောင်စီတပ်တို့ ရောနှောနေထိုင်တဲ့ရွာဖြစ်လို့ အင်အားတော့ အတော်ကြီးတယ်လို့"
"စစ်ကောင်စီကို မျက်နှာချင်းဆိုင်ရင်ဆိုင်တိုက်နိုင်တဲ့ အင်အားမရှိသေးဘူး။ အဲ့တော့ ပြောက်ကျားစနစ်ကို သုံးပြီးတိုက်နေရတယ်။ တချက်ချင်းပစ်ခတ်ရတဲ့ အနေအထားမှာ 7.62 G3 ကျည်နဲ့ပစ်ရင် အကွာအဝေး အတော်ဝေးဝေးကို ပစ်နိုင်သလို Damage လည်း ပိုပြီးထိရောက်မှုရှိတယ်။ ရန်သူကိုထိထိရောက်ရောက် ပစ်ခတ်နိုင်တယ် "
"မနက် ၆ နာရီကတည်းက အဲ့ဒီနေရာကိုကပ်ထားရတာ။ သူတို့နားနေတဲ့အချိန် ကားပေါ်မှာ ပြုံရပ်နေတဲ့ ၈ ဦးကို ဝင်ပစ်တာ။ ကျနော်တို့ကားနဲ့ ကျနော်ကိုယ်တိုင်ဦးဆောင်ပြီး သွားရောက်ပစ်ခတ်ခဲ့တာ။ ကျနော်တို့ပစ်လို့ ၇ ဦး သေဆုံးခဲ့တယ်။ ကျနော်မျက်စိရှေ့မှာတင် သေတာ။" လို့ မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA-Monywa တပ်ရင်း ၆၊ တပ်ခွဲ ၁၊ တပ်ခွဲမှူးဗိုလ် Blackက ပြောပါတယ်။
"ရွာတွေမှာ ပကဖ စဖွဲ့တုန်းက ရပ်ရွာမှာဖြစ်တဲ့ပြဿနာပေါင်းစုံကို တာဝန်ယူဖြေရှင်းနိုင်တယ်။ နောက်ပိုင်းကျ ပအဖ အဖွဲ့၊ ဖွဲ့စည်းပြီးတော့ ဖြေရှင်းပေးနိုင်တာမျိုးမရှိတော့ဘူး။စစ်တပ်နဲ့ တိုက်ပွဲဖြစ်လို့မသေဘဲ အချင်းချင်းလုပ်ကြံခံရလို့ သေတာတွေရှိတယ်။ စာရေးပြီးအဆင့်ဆင့်တင်ပြတော့လည်း ဖြေရှင်းပေးတာမျိုးမရှိပါဘူး။ ကျနော်တို့နယ်မြေအေး ချမ်းတာ၊ တရားဥပဒေစိုးမိုးတာကိုလိုချင်လို့ အခုလို ဆန္ဒဖော်ထုတ်ရတာပါ" လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ဗိုလ်နေမင်းက ပြောပါတယ်။
"ကျနော်တို့ဘက်က နေရာစုံမှာ လူခွဲစောင့်ပြီးတိုက်ခိုက်ခဲ့တယ်။ စစ်သားတွေက ရွာထဲကို လူစုခွဲခွဲပြီး ဝင်လာကြတာ။ နောက်ကဝင်လာတဲ့အဖွဲ့ကို မိုင်း ၅ လုံးပွိုင့်ခွဲခဲ့တယ်။ ၃ ဦးက မြောက်တက်သွားပြီးတော့ ၇ ဦးကလည်း လဲကျနေတာ မြင်လိုက်ရတယ်။ ၁၀ ဦးလောက်သေဆုံးပြီး ဒဏ်ရာရတာတွေလည်း များတယ်"လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ အမျိုးသမီးတဦးက ပြောပါတယ်။
“သူတို့က ကျနော်တို့ဘက်ကို ကျွံလာတာ။ အင်အား ၃၀ လောက်နဲ့ ထွက်လာတာ။ အဲ့ဒီထဲမှာမှ ရှေ့ပြေးကင်းအနေနဲ့ လေးငါးယောက်လောက်ထွက်လာတော့ ကျနော်တို့ဘက်ကလည်း ကင်းအချင်းချင်းတွေ့တာဆိုတော့ ပစ်ခတ်ကြတာပါ။”
"စစ်ဆေးရေးဂိတ် သိမ်းတဲ့အချိန် ညနေ ၅ နာရီလောက်မှာ ကျနော်တို့က မောင်းသူမဲ့ လေယာဉ် ၂ စီးနဲ့ ဗုံးသီး ၄ လုံးချခဲ့တာ။ သူတို့ဘက်က ၆၀ မမနဲ့ ၂ လုံးပြန်ပစ်တဲ့အပြင် လက်နက်ငယ်တွေနဲ့လည်း ပစ်တယ်။ ကျနော်တို့ဘက်က ရဲဘော်တွေတော့ မထိခဲ့ပါဘူး။မောင်းသူမဲ့ လေယာဉ်နဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာမှာ ထိခိုက်သေဆုံးမှုကိုတော့ အတည်မပြုနိုင်ပါဘူး"
၂ ရက်ဆက်တိုက် မိုးရွာသွန်းတာကြောင့် ဂန့်ဂေါမြို့နဲ့ ၁၆ မိုင်ကျော်ဝေးတဲ့ ထယ်လှော်ကျေးရွာတောင်ဘက်က တင်းလဲချောင်းနဲ့ မြောက်ဘက်က လောင်ဂတ်ချောင်း ၂ ခုစလုံးမှာ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ခဲ့တာပါ။
"ကျနော်တို့က ဒီမစ်ရှင်ကိုလုပ်ဖို့ လွန်ခဲ့တဲ့ တလ နှစ်လ လောက်ကတည်းက အချိန်ယူနေတာ။ နယ်မြေလေ့လာရတယ်။ ကျနော်တို့ သတင်းအချက်အလက်ပြည့်စုံပြီဆိုတာနဲ့ စခန်းတိုက်ဖို့ ၃ ရက်အလိုကတည်းက ချဉ်းကပ်ခဲ့တာ။ စခန်းရဲ့အတွင်းဧရိယာအထိ စီးနင်းနိုင်ခဲ့တယ်။ သူတို့ဘက်က သေဆုံးမှုလည်း အရမ်းများပါတယ်။ ကျနော်တို့ မျက်မြင်တွေ့တာကို ၁၀ ကောင်ထက်အထက်မှာရှိတယ်။"
"မုံရွာမြို့ စီးပွားရေးတက္ကသိုလ်အနီးမှာရှိတဲ့ ဇလုပ်အဝိုင်းပတ်က စစ်ဆေးရေးဂိတ်ကို သွားပစ်တာ၊ ပစ်ခတ်အချိန်က မိနစ်အနည်းငယ်ပဲကြာတယ်၊ အကြာကြီးမပစ်ခဲ့ဘူး၊ အဓိကတော့ စစ်ဆေးနေတဲ့ကောင်တွေပဲ ပစ်ပြီးတော့ ကျနော်တို့အထိ အခိုက်မရှိပြန်ဆုတ်ခဲ့တာ၊ မျက်မြင်တွေပြောပြလို့ သိရတာက ရဲ ၂ ဦးသေပြီး ၃ ဦးထိခိုက်ဒဏ်ရာရတယ်"
"စစ်ကောင်စီအထိုင်ချထားတဲ့ ကျောက်ရစ်စခန်းကို ဝိုင်းတိုက်တာ။ ကျနော်တို့ဘက်က RPG 79 Pading စက်ကလေးတွေနဲ့ စစ်ကောင်စီတပ်သားတွေ ထမင်းစားသောက်နေတဲ့နေရာကို ထုတာ။ စစ်** ၂ ကောင်သေပြီးတော့ ၅ ဦးဒဏ်ရာရတယ်ဆိုတာ ပြည်သူတွေက ပြန်ပြောလို့ သိရပါတယ်။"
“စစ်ကြောင်း ၂ကြောင်းသွားပြီး တပြိုင်တည်း ၄၀ မမတွေ၊ မောင်းပြန်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ သူတို့ဘက်ကလည်း ရမ်းသမ်းပစ်ခတ်တာတွေရှိတယ်။ သိရသလောက်တော့ သူတို့ဘက်က ထိခိုက်ဒဏ်ရာတော့များတယ်။”
"ကျနော်တို့ ပေါက်မြို့နယ်၊ ယာကြီးပြင်ပျူရွာကို ဒရုန်းနဲ့ ဗုံးသီး ၆၈ လုံးဖြုတ်ချတဲ့အပြင် ရှော့တိုက်ဒုံးနဲ့က ၁၈ လုံးပစ်တယ်။ ၂၇ ရက်က ပြင်ထောင်ပျူရွာကို ဗုံးသီး ၁၉ လုံးဖြုတ်ချပြီး ရှော့တိုက်ဒုံး ၁၈ လုံးပစ်တယ်။ ၂၈ ရက်က တပ်ကုန်း ရွာသစ်ရွာ ကိုင်းလယ်ရဲစခန်းကို ဗုံးသီး ၉၈ လုံးဖြုတ်ချတယ်။ ရှော့တိုက်ဒုံးက ၂၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်"