မြွေပူရာ ကင်းမှောင့်အဖြစ် ရောက်နေကြတဲ့ ရေလယ်ကျွန်း စစ်ရှောင်များ (ရုပ်/သံ)
စစ်စရှောင်တုန်းက ၂ လဝန်းကျင်လောက် နီးစပ်ရာရွာတွေမှာ ခိုလှုံနေခဲ့ကြရင်း အဲ့ဒီကတဆင့် နောက်ထပ်နေရာတွေကို အဆင့်ဆင့် ပြောင်းရွှေ့နေထိုင်နေကြရတာပါ။ အခုလို မိုးတွင်းကာလမှာ ဧရာဝတီမြစ်ရေတက်လာတာကြောင့် စစ်ရှောင်တွေဟာ တခြားတနေရာကို အချိန်မီ ရွှေ့ပြောင်းဖို့ လှေမရှိတဲ့အတွက် အခက်အခဲတွေ ထပ်ပြီးကြုံတွေ့နေကြတယ်လို့ ဆိုပါတယ်။