တပတ်အတွင်း မြေလတ်သတင်း
မြေလတ်ဒေသအတွင်းက တပတ်တာအတွင်းဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက သတင်းအချို့ကို ကောက်နုတ်တင်ဆက်ပေးထားပါတယ်။
မြေလတ်ဒေသအတွင်းက တပတ်တာအတွင်းဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက သတင်းအချို့ကို ကောက်နုတ်တင်ဆက်ပေးထားပါတယ်။
အဲ့ဒီရဲစခန်းနဲ့ စစ်မှုထမ်းဟာင်းရုံးကို အထူးကွန်မန်ဒိုအဖွဲ့တွေက ၂ဖွဲ့ခွဲကာ တိုက်ခိုက်ခဲ့ပြီး ရဲစခန်းတိုက်ခိုက်ခဲ့တဲ့ အဖွဲ့ကတော့ ရဲစခန်းမရောက်ခင် ရဲတွေထွက်လာလို့ စျေးနားမှာပဲ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
"ကျနော်တို့ပစ်တဲ့လက်နက်ကြီးတွေက တပ်ကုန်း ဧရိယာကွင်းပြင်ထဲကျလို့ မီးခိုးထွက်တာတွေ မြင်ခဲ့ရတယ်။ ပစ်တဲ့အလုံးတိုင်း အောင်မြင်ခဲ့တယ်။ ထိခိုက်သေဆုံးမှု ရှိ၊မရှိကိုတော့ မသိရဘူး"လို့ Black Vote Fighter ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
"၁၅ မိနစ်အကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ သူတို့ဘက်ကလည်း ပြန်လည်ပစ်ခတ်တယ်။ ဒီကောင်တွေအထဲက ကနဦးကျနော်တို့သိရတာတော့ ၁ ယောက်ပြင်းထန်ဒဏ်ရတယ်။ နောက်ဆက်တွဲတော့ ဆက်လက်စုံစမ်းနေသေးတယ်။"
"စစ်သင်္ဘောက အလုံပိတ်ကြီးပါ။ သင်္ဘောပေါ်မှာ ပါလာတဲ့ အင်အားကတော့ မသိနိုင်ပါဘူး။ ၁ စီးတည်းပါ။ ထိခိုက်သေဆုံးမှုကတော့ အခုအချိန်အထိမသိရသေးဘူး။ စုံစမ်းနေဆဲဗျ။ သင်္ဘောကိုတော့ ပစ်တာထိတယ်"
တပ်ဖွဲ့ဖြစ်လာကတည်းက ထောက်ပံ့မှုကြီးကြီးမားမား မရရှိခဲ့ပေမယ့် သူတို့မှာ ရှိတာလေးနဲ့ ရပ်တည်ခဲ့ရသလို ပြည်ပအလှူရှင်တချို့ ထောက်ပံ့တာကို ရိက္ခာအစား သူတို့အတွက် အဓိကလိုနေတဲ့ လက်နက်ခဲယမ်းကိုသာ ဝယ်ယူခဲ့ရတယ်လို့ ဒေါင်းရင်သွေး ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။
“ဘယ်လောက်တောင်သွေးပျက်မလဲ တွေးကြည့်လို့ရပါတယ်။ သူတို့မိသားစုကလည်း ဒီလိုအခြေအနေကို လက်ခံလို့ရမှာ မဟုတ်ဘူး။ ဒီလိုစစ်သားတွေကို စစ်ဆင်ရေးကိုပို့တာ အရင်က ၁၀ ယောက်သေတဲ့နေရာမှာ အယောက် ၁၀၀ သေဖို့ဖြစ်လာတာပဲဗျ။ အကြမ်းဖက်စစ်တပ်က ခုလိုလုပ်လေ သေမှာကြောက်ပြီးတော့ ထွက်ပြေးတဲ့ စစ်သားမိသားစုတွေ ပိုပိုများလာမှာပဲဗျ''
တောင်မရိုးပင်ဟာ ခန္ဓာကိုယ်ဖောရောင်ခြင်းကို ဘယ်လိုကုသနိုင်သလဲ။ ငှက်ဖျားရောဂါဖြစ်ရင် တောင်မရိုးပင်နဲ့ ဘယ်လိုကုသနိုင်သလဲ။ တောင်မရိုးရွက်ရေနွေးကြမ်းဟာ ဘယ်လိုရောဂါတွေကို သက်သာစေသလဲဆိုတာတွေကိုနားဆင်ရမှာပါ။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က စစ်ဘေးရှောင်တွေကို ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က စားနပ်ရိက္ခာထောက်ပံ့လှူဒါန်းတာနဲ့ နေထိုင်ဖို့ တဲအိမ်တွေကို ဆောက်လုပ်ပေးနေတယ်လို့ အဲ့ဒီအဖွဲ့ တာဝန်ခံက ပြောပါတယ်။
နှမ်းစိုက်တောင်သူတွေခမျာ ရာသီဥတုဘေး၊ စစ်ဘေး၊ ကုန်ဈေးနှုန်းကြီးမြင့်မှု စတဲ့ စိန်ခေါ်မှုတွေကြားက ဘယ်လောက်ပင် ကြိုးစားစိုက်ပျိုးခဲ့ကြပေမယ့် ယခုနှစ် အထွက်နှုန်း ဘယ်လိုရှိမလဲ၊ နှမ်းပေါ်ချိန်မှာရော တကယ် ရသင့်ရထိုက်တဲ့ နှမ်းဈေးနှုန်းတွေ ရကြရဲ့လား၊ ဘာတွေအခက်အခဲရှိနေကြလဲ စတာတွေကို ဒီတပတ် မြေလတ် ဒေသ လူမှုစီးပွား အစီအစဉ်မှာ ကလောင်ရှင် ဒိအာကာ (မြေလတ်အသံ) က စုစည်းတင်ဆက်ပေးထားပါတယ်။
သေနတ်ထုတ်လုပ်နိုင်ဖို့ စမ်းသပ်နေခဲ့တာဟာ ၂နှစ်ဝန်းကျင်ကြာအောင်အချိန်ယူခဲ့ရပြီး ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်က ထုတ်လုပ်နိုင်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၃ တပ်ရင်း ဆက်သွယ်ရေးတာဝန်ခံနဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
"ကျနော့်တို့ အစောပိုင်းက မြစ်ကြီးနားလမ်းပိုင်ကို အဟန့်အတားဖြစ်အောင်လုပ်ခဲ့တာ။ အဲ့ဒါလာပြင်ဖို့လာတော့ ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမတွေနဲ့ ပစ်ခဲ့တာ။ လက်နက်ကြီး ၁၂၀ မမ အလုံး ၂၀၊ ၆၀ မမ ၁၀ လုံးလောက်ပစ်ခဲ့တယ်။ ထိခိုက်သေဆုံးမှုကတော့ သူတို့ဘက်က စစ်သား ၁ ဦးသေပြီး ၅ ဦးဒဏ်ရာရတယ်။"
“မြေလတ်ဒေသတွင်းက ပြည်သူတွေရဲ့စကားသံတွေကို ကိုယ်စားပြုဖတ်ကြားပေးမယ့် ပေးစာအစီအစဉ်ဖြစ်ပါတယ်။”
အထက ၁ ကျောင်းအနီး ရဲနဲ့ပျူစောထီး အင်အား ၁၅ ဦး အထိုင်ချတပ်စွဲထားတဲ့ဂိတ်ကို ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ညနေ ၄ နာရီ ၄၅ မိနစ်လောက်မှာ လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
"နေ့လယ် ၁၁ နာရီလောက် ကန်ဒေါင့်ရဲစခန်းကနေ တောင်ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီအင်အား ၁၅၀ လောက်နဲ့ ကျနော်တို့ တိုက်ပွဲဖြစ်ခဲ့တာပါ။ အဲ့ဒီမှာ ကျနော်တို့ရှေ့ပွိုင့်နဲ့တိုးတယ်။ ကျနော်တို့မိုင်းဆွဲတယ်။ အသင့်စောင့်ဆိုင်းနေတဲ့ ပူးပေါင်းအဖွဲ့တွေနဲ့ အပြန်အလှန်ပစ်တယ်။ နေ့လယ် ၁ နာရီလောက်မှာ တိုက်ပွဲရပ်တယ်"