ရုပ်သံ

လေကြောင်းပစ်ကူလို့ စခန်းကပစ္စည်း အကုန်မသိမ်းနိုင်ခဲ့တဲ့ ညောင်ပင်ကြီးတိုက်ပွဲ (ရုပ်/သံ)

တိုက်ပွဲကြာချိန် မိနစ် ၂၀ လောက်မှာ မုံရွာ နမခ က Mi 35 ရဟတ်ယာဥ်တစီးနဲ့ လာရောက်ပစ်ကူ ပေးခဲ့လို့ စစ်ကောင်စီစခန်းထဲက ပစ္စည်းအချို့ကိုသာ သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးခဲ့သလို PDF တပ်ပေါင်းစုဘက်ကလည်း ၁ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ရဲစခန်း စီးနင်းခံရလို့ စခန်းမှူးအပါ ၉ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရဟုဆို (ရုပ်/သံ)

"ကျနော်တို့ ဆက်သွယ်ရေးရုံးကို အရင်ဆုံးပစ်တယ်။ တိုက်ပွဲကြာချိန်က ၂ နာရီလောက်ကြာခဲ့ပါတယ်။ ၄ နာရီထိုးတော့ တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာ ၁ စီး ၄ ကြိမ်ဝဲပြီး ပစ်သွားတယ်။ ဂျက်ဖိုက်တာ ပြန်သွားတော့ ကျနော်တို့ အီနာဂါ ၁ လုံးထပ်ချပြီး တပ်ပြန်ဆုတ်ခွာခဲ့ရတယ်။ စခန်းသိမ်းဖို့ဆိုပြီး သွားတာ။ ဂျက်ဖိုင်တာလာဝဲလိုက်တော့ စခန်းမသိမ်းနိုင်ခဲ့ပေမဲ့ စခန်းဝင်စီးနိုင်တဲ့ အနေအထားတော့ ရှိခဲ့တယ်။"

ထောက်ပို့စစ်ကြောင်း အသွားအပြန် တိုက်ခိုက်ခံရလို့ ဒဏ်ရာရသူများပြီး ၈ဦးသေဆုံးဟုဆို (ရုပ်/သံ)

"ကျနော်တို့က ရွှေဘိုမြို့အခြေထိ လက်လုပ် ၆၀ မမ တာဝေးပစ်နဲ့ လိုက်ထုခဲ့တယ်။ မျက်မြင်တွေ့ရတာက အဲဒီအနားမှာ ၅ ဦးသေပြီး နောက်ထပ်အတွင်းသတင်းပေးအရ ၃ ကောင်ထပ်သေတာ သိရတယ်။ စုစုပေါင်း ၈ ကောင်‌သေတာသိရတယ်။ ဒဏ်ရာရတာကတော့ အများအပြားရှိတယ်။"

ခြေလျင်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရလို့ စစ်သား ၂ ဦး သေဆုံး (ရုပ်/သံ)

"အင်အားကတော့ ၁၅၀ လောက်ပါတယ်။ RPG၊ စနိုက်ပါ၊ ၄၀ မမ ၃ လုံးနဲ့ တိုက်ခိုက်လိုက်တာ။ ကြားဖြတ်တိုက်ခိုက်တာဆိုတော့ ၁၅ မိနစ်လောက်ပဲကြာတယ်။ သူတို့ဘက်ကလည်း ပြန်ပစ်ပါတယ်။ မျက်မြင်ကတော့ ၂ ကောင်သေပြီး ထိခိုက်ဒဏ်ရာရတာတော့ မသိ‌ရသေးဘူး"

စခန်းသိမ်းခံရလို့ စစ်ကောင်စီ လေကြောင်းပစ်ကူခဲ့ရ (ရုပ်/သံ)

ရဟတ်ယာဥ်ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတဦးသေဆုံးသလို စစ်ကောင်စီတပ်သားတွေလည်း ထိခိုက်သေဆုံးမှုရှိတာကြောင့် ချင်းတွင်းမြစ် ဆိပ်ကမ်းတခုမှာ အလောင်းတွေသယ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တပတ်အတွင်းမြေလတ်သတင်း

- စခန်း ၂ ခုသိမ်းနိုင်ခဲ့တဲ့ နတ်သံကွင်းတိုက်ပွဲမှာ စစ်တပ်ဘက်က ၃၀ ထက်မနည်းသေဆုံးပြီး KNLA ပူးပေါင်းအဖွဲ့က ၃ ဦးသေ၊ ၇ ဦးဒဏ်ရာရ - အခိုင်အမာတပ်စွဲထားတဲ့ စခန်းကို ဒရုန်းနဲ့ အကြိမ်၂၀ ကျော် တိုက်ခိုက်ခံရလို့ ၅ ဦးသေ၊ ၁၀ ဦးကျော် ဒဏ်ရာရ - ဒီပဲယင်းက စစ်ရှောင်မိသားစုတွေ နေထိုင်စားသောက်ရေး ခက်ခဲနေ - ဖောင်းပြင် ၃ ရက်တာတိုက်ပွဲ စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်းသေဆုံး၊ ခဲယမ်းအများအပြားသိမ်းဆည်းရမိ - ဇီးဖြူကုန်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၃ ဦးသေဆုံး၊ လေကြောင်းပစ်ကူလို့ စခန်းမသိမ်းနိုင်ခဲ့ဟုဆို - မကွေးတိုင်းထဲက ရေနံမှော်တွေကို စစ်ကောင်စီဘက်က ထပ်မံပိတ်သိမ်းခိုင်းလို့ ပြောင်းရွှေ့နေရ - စစ်တပ်က ပျူတပ်ထဲဝင်ခိုင်းလို့ ဂန့်ဂေါနယ်မှာ ရွာလုံးကျွတ်ထွက်ပြေး၊ ထွက်ပြေးလာသူ ၁,၀၀၀ ကျော်ကို PDF က စောင့်ရှောက်ထား - စစ်အုပ်စု တပ်စွဲထားတဲ့ရွာကို လက်နက်ကြီးနဲ့ အချက်ရေ ၁၃၀ ကျော်ပစ်လို့ ၅ ဦးဒဏ်ရာရ - ကလေးတောင်ပိုင်းမှာ စစ်တပ်က အင်အားတိုးချဲ့ပြီး ခြေကုတ်စခန်း ထပ်တိုးဆောက်လုပ်နေ - မုံရွာ PDF တွေကို လူထုဆက်ဆံရေး ကျင့်ဝတ်အပါအဝင် စစ်ရေးမွမ်းမံသင်တန်းတွေ ပို့ချ

ညောင်ပင်ဝန်းရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲခံရလို့ စခန်းမှူးအပါအဝင် ၇ ဦးသေဆုံးဟုဆို (ရုပ်/သံ)

"ဒရုန်း ၇ စီးသုံးပြီး တိုက်တာ။ ဗုံးသီး ၁၄ လုံးကြဲပြီး တိုက်ခိုက်နိုင်ခဲ့တယ်။ စခန်းမှူးနေတဲ့ တဲထဲကို ဒဲ့ချနိုင်ခဲ့တယ်။ သူတို့ စုပြီးတော့ အရက်သောက်ဖဲရိုက်နေတဲ့နေရာကိုလည်း ကြဲချနိုင်ခဲ့တယ်။ သေဆုံးမှုက စခန်းမှူးအပါအဝင် ၇ ဦးသေဆုံးပြီး ဒဏ်ရာရတာလည်းများပါတယ်။ ဒဏ်ရာရ စာရင်းကိုတော့ မသိရသေးပါဘူး။"

လက်နက်ကြီးတွေပစ်ပြီး စစ်ကြောင်းထိုးနေလို့ ဒေသခံသောင်းချီ ထွက်ပြေးနေရ (ရုပ်/သံ)

"အင်အား၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းက ယင်းမာယင်မြို့၊ အင်ကြင်းတောင်ကျေးရွာထဲ တပ်စွဲထားရာကနေ ထွက်လာပြီး စစ်ကြောင်းထိုးရာ လက်ရှိမှာ ယင်းမာပင်နဲ့ ဆားလင်းကြီးနယ်အစပ်မှာရှိတဲ့ ဖိုးတောင်နဲ့ မတောင့်တကျေးရွာအကြားကို ရောက်ရှိကာ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် အခုလိုထွက်ပြေးနေကြရတာဖြစ်တယ်"

PDF တွေအတွက် လက်နက်ထုတ်နေတဲ့ အမရစစ်သည်တော်အဖွဲ့ ငွေကြေးအခက်ကြုံနေ (ရုပ်/သံ)

"သူတို့ ထုတ်လုပ်နိုင်ခဲ့တဲ့ ၈၀ မမ၊ ၆၀ မမ၊ ၄၀ မမ၊ ၁ ထောင့်ထိုး၊ ပစ္စတို စတဲ့ လက်နက် စုစုပေါင်း ၄၈ လက်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီ ထောက်ပံ့ပေးခဲ့ပြီးဖြစ်တယ်"

စစ်ကိုင်းရဲ့ အရွေ့ဟာ တနိုင်ငံလုံးရဲ့ အရွေ့ပါပဲ (ရုပ်/သံ)

"ဝောာ်လှန်ရေး အားကောင်းတဲ့ ‌ဒေသတခုဖြစ်တဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးအင်အားစု ၁၇၀ ကျော် ပါဝင်တဲ့ စစ်ကိုင်းဖိုရမ်ကို ပြီးခဲ့တဲ့ မေလ ၃၀ နဲ့ ၃၁ မှာ ၂ ရက်တာ အွန်လိုင်းတွေ့ဆုံမှုနဲ့ ပြုလုပ်ခဲ့ကြပါတယ်"

စစ်အုပ်စု တပ်စွဲထားတဲ့ရွာကို လက်နက်ကြီးနဲ့ အချက်ရေ ၁၃၀ ကျော်ပစ်လို့ ၅ ဦးဒဏ်ရာရ (ရုပ်/သံ)

"ဝက်ပုတ်ကျေးရွာမှာက တပ်မ ၁၀၁ လက်အောက်ခံ စစ်သား ၂၈ ဦးသာရှိပြီး ပျူအင်အားနဲ့ဆိုရင် ၇၀ ဦးလောက်ရှိတယ်၊ ကျနော်တို့ပစ်ခတ်ခဲ့တာမှာ သေဆုံးတာတော့မရှိဘူး၊ ဒဏ်ရာရတာက ၅ ယောက်ရှိတယ်၊ ပျူ ၃ ကောင်၊ ** ၂ ကောင် ဒဏ်ရာရတယ်"

ရိက္ခာတင်လာတဲ့ကားတွေနဲ့ ကင်းပုန်းဝပ်ဖို့လာတဲ့ ၆ ဘီးကား ၁ စီး ပစ်ခတ်ခံရလို့ ၁၃ ဦး သေဆုံးဟုဆို

"ပေါက်ကနေ ရိက္ခာတွေတင်လာတဲ့ မင်ဘူး ခလရ ၂၅၃ က စစ်**၊ ပျူတွေ ၂၅၀ ပါတဲ့ ကားအစီး ၁၀၀ ကျော်ထဲက ၁၆ စီးကို သရဖီရွာနဲ့ လယ်လမ်းရွာအကြားမှာ ပစ်ခတ်တာ၊ အနီးကပ်ပစ်တာ သူတို့ ၁၃ ဦး သေတယ်၊ ကျနော်တို့ ရဲဘော်က သူတို့ကျတဲ့ သေနတ်ပြေးကောက်တာ ခေါင်းကိုကျည်ထိပြီး စိုးရိမ်ရတယ်၊ ကင်းပုန်းဝပ်ဖို့လာတဲ့ ၆ ဘီးကား ၁ စီးကို မိုင်းဆွဲခဲ့တာမှာ ဒဏ်ရာရတဲ့သူတွေကို ကမ္မရဲစခန်းထဲကနေ ခေါ်သွားတယ်"

ဇီးဖြူကုန်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၃ ဦးသေဆုံး လေကြောင်းပစ်ကူလို့ စခန်းမသိမ်းနိုင်ခဲ့ဟုဆို (ရုပ်/သံ)

"ရွာထဲကို ကျနော်တို့ စစ်ကြောင်းဝင်တဲ့အချိန်မှာ အမျိုးမျိုးအခက်အခဲတွေရှိခဲ့တယ်၊ အဲ့ဒီနေ့က စခန်းသိမ်း Mission လည်းဖြစ်တဲ့အတွက် မိုးတွေကတအားရွာနေတာကြောင့် တော်တော်လေးအခက်အခဲဖြစ်ခဲ့တယ်၊ ဒီ Mission က တူမီးနဲ့စခန်းကို ဝင်သိမ်းခဲ့ကြတာ၊ ဂန်းသမားတွေ လက်နက်ကြီးသမားတွေက ဘေးကဝန်းရံပေးကြတယ်"

ရွာစဉ်ပတ်မီးရှို့နေတဲ့ စစ်ကြောင်း ၂ ကြောင်း တိုက်ခိုက်ခံရပြီး ၂၀ ကျော်သေဆုံးဟုဆို (ရုပ်/သံ)

"ဝက်လက်မြို့နယ်အတွင်းမှာ ရွာစဉ်ပတ်မီးရှို့နေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ၃ ကြိမ်လောက် ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာ၊ နဘဲရွာအနားမှာ ဇွန်လ ၂ ရက် မနက်ပိုင်း ၉ နာရီ တကြိမ်၊ စဉ့်ကိုင်ရွာမှာ ဇွန်လ ၃ ရက် ညနေ ၅ နာရီတကြိမ်၊ တလိုင်းရွာနဲ့ စဥ့်ကိုင်အကြားမှာ ဇွန်လ ၄ ရက်က တကြိမ်ဖြစ်ခဲ့တာ"

စစ်အုပ်စု လိုက်ပါလာတဲ့ ကောက်ပဲသီးနှံတင်ယာဥ်တန်း မိုင်းဆွဲခံရ (ရုပ်/သံ)

"မိုင်းဆွဲလိုက်တဲ့ ကားတွေပေါ်မှာတော့ ကောက်ပဲသီးနှံတွေ တင်လာတာ။ ကားက ဟီးနိုးကာတွေ။ ပေါက်မြို့နယ်တောင်ပိုင်းမှာ စစ်ကြောင်းထိုးပြီးတော့ သူတို့ပျူရွာကနေ‌ ကောက်ပဲသီးနှံတွေ တင်လာတာ။ ပခုက္ကူမြို့ပေါ်ကို အဲဒီကောက်ပဲသီးနှံတွေရောင်းပြီး စားနပ်ရိက္ခာ ပြန်ဝယ်ဖို့ပါ။ အဲ့ဒီကားတွေပေါ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေပါတယ်။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10