ရုပ်သံ

"သိကြားမင်းလည်း အသံတိတ်သပိတ်မှောက်ပြီ" (မြင်မိ ကြားမိသမျှ အစီအစဉ်)

မြေလတ်အသံသတင်းဌာနမှာ အပါတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ်ရဲ့ ဒီတပါတ်မှာတော့ "သိကြားမင်းလည်း အသံတိတ်သပိတ်မှောက်ပြီ "ဆိုတဲ့ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

ပဇီကြီးကျေးရွာ သွေးကြွေးအတွက် မုံရွာမှာ ဆန္ဒပြ (ရုပ်/သံ)

သင်္ကြန်ဆိုတာ စိတ်ပျော်ရွှင်စရာလို့ သတ်မှတ်ထားပြီး အပျော်တွေဘက်ကို စိတ်အားထက်သန်နေကြရင်း တော်လှန်ရေးမှာ ဖြစ်ပျက်ခဲ့တာတွေကို မေ့လျှော့မသွားကြဖို့ နဲ့ ပြည်သူတွေ သွေးမအေးကြဖို့ကို အသိပေးနိုးဆော်ရင်း မုံရွာတော်လှန်လူငယ်တွေနဲ့ ပြည်သူတွေက ဧပြီလ ၁၄ ရက်မနက်မှာ ဆန္ဒပြခဲ့ကြတာ

စစ်ကင်းစခန်းတခု တိုက်ခိုက်ခံရလို့ ၃ ပွင့်ဗိုလ်အပါ ၃ ဦးသေဆုံးဟုဆို (ရုပ်/သံ)

"တိုက်ပွဲချိန်က ၁ နာရီခွဲလောက် ကြာတယ်။ စစ်ကောင်စီဘက်က ပြန်ပြီးပစ်ခတ်နိုင်တာ မရှိခဲ့ဘူး။ ကျနော်တို့ဘက်က ၆၀ မမ လက်နက်ကြီးနဲ့အဖူး ၃၀ ကျော် ပစ်ခတ်ခဲ့တယ်။ အဲဒီစခန်းမှာ သေဆုံးတာက ၃ ယောက်ရှိပြီး ၁ ယောက်က ၃ ပွင့်ဗိုလ်သေတယ်"

ပွင့်ဖြူနယ်က လောင်းကစားဝိုင်းပိုင်ရှင် ပျူခေါင်းဆောင်တဦး ပစ်သတ်ခံရ (ရုပ်/သံ)

"သူ့ရဲ့ ဦးခေါင်းကို နှစ်ချက်၊ တင်ပါး တချက်၊ နံရိုး တချက်ပစ်ခတ်ခဲ့တာ။ နေရာမှာတင် ပွဲချင်းပြီးတယ်။ သူ ကျနော်တို့ကို ပြန်လည်ခုခံချိန်မရခဲ့ဘူး"

Chindwin Attack Force အထူးကွန်မန်ဒိုရဲဘော်တွေရဲ့ တော်လှန်သံချပ် (ရုပ်/သံ)

"ကျနော်တို့က တောထဲမှာ နေနေတယ်။ မြို့ပေါ်မှာ တချို့လူတွေက ရေပက်နေတယ်။ ရေကစားနေတယ်။ ကလပ်တွေ မဏ္ဍပ်တွေမှာ ကစားနေတဲ့အချိန်မှာ ကျနော်တို့လည်း အရမ်းစိတ်မွန်းကြပ်တာပေါ့နော်။ ငါတို့ကသာ တော်လှန်ရေးကို အားစိုက်လုပ်နေတာ။ ပြည်သူတွေကတော့ နေသားကျနေပြီလားဆိုတဲ့ အတွေမျိုးတွေ တခါတလေကျ ပေါ်စေတယ်"

စစ်ကောင်စီဂိတ် မြေပြင်နဲ့ဝေဟင်ပေါင်းတိုက်ခံရလို့ ၁၁ ဦးသေဆုံးဟုဆို (ရုပ်/သံ)

"မြေပြင်ဝေဟင်တိုက်တော့ သူတို့စီးတဲ့ကားတွေအပေါ် ဒရုန်းဗုံးတွေကျလို့ ကားမီးလောင်တာတွေရှိခဲ့တယ်။ မြေပြင်ကနေဆို အာပီဂျီ၊ ၄၀ မမတွေနဲ့ တော်တော်လေးဖိအားပေးတိုက်ခိုက်နိုင်ခဲ့တယ်။ စခန်းသိမ်းဖို့ကျတော့ တောင်သာမြို့နဲ့ မီတာ ၈၀၀ လောက်ပဲကွာတော့ စစ်ကူတွေ ချက်ချင်းရောက်လာလို့ မသိမ်းနိုင်ခဲ့ဘူး"

ခရီးသွားကားတွေဆီက ငွေတောင်းနေတဲ့ စစ်အုပ်စု ပစ်ခတ်ခံရလို့ ၃ ဦး သေဆုံး (ရုပ်/သံ)

"မုံရွာ-မန္တလေး ကားလမ်းမကြီး တောင်ဘက်ထိပ် မြောက်ဘက်ထိပ် ကားတွေကို ခေတ္တခဏ ၅ မိနစ်လောက်တားပြီး ဝင်ရောက်တိုက်ခိုက်တာ၊ မြေနဲရွာရဲ့တောင်ဘက် စွမ်းရည်ထက်ဆီဆိုင်အနားမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ အင်အား ၂၅ ယောက်လောက် ရှိတယ်။ လမ်းပေါ်မှာတော့ ၈ ယောက်နဲ့ကောက်နေတာ။ အဲလိုကောက်နေတဲ့အချိန် ပစ်ခတ်ခဲ့တာ"

ဆွေမျိုးတော်စပ်သူက သက်ငယ်မုဒိန်းပြုကျင့်ခြင်း

သက်ငယ်မုဒိန်းမှု ကျူးလွန်ခံရသူတွေဟာ ခံရသူနဲ့ ရင်းနှီးသိရှိသူတွေ ဆွေမျိုးရင်းခြာတွေမှာ အဖြစ်များကြပါတယ်။ ဘယ်လိုပဲ ဆွေမျိုးတော်စပ်နေပါစေ မတရားခံနေရတာကို ငြိမ်ခံမနေဘဲ အမှုဖွင့်တိုင်တန်းဖို့လိုပါတယ်။ အဲ့ဒီလိုမှသာ ဆွေမျိုးရင်းခြာတွေက ကျူးလွန်တဲ့ သက်ငယ်မုဒိန်းမှုတွေ ထပ်ပေါ်မလာတော့ဘဲ ပပျောက်မှာ ဖြစ်ပါတယ်။

ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ ပကဖ ရုံးဖွင့်ပွဲ လေယာဥ်နဲ့ ပစ်ခံရမှုအပြီးတွင် ကယ်ဆယ်ရေးလုပ်နေသော မြေပြင် ရဲဘော်တဦးအား ဆက်သွယ်မေးမြန်းခြင်း (ရုပ်/သံ)

"ဘယ်လိုလူသားမှကို မမြင်နိုင် မကြည့်နိုင် မခံစားနိုင်တဲ့ဖြစ်ရပ်ကြီးဗျာ၊ ကျနော်တို့လို တော်လှန်ရေးရဲဘော် တယောက်တောင် ဒီတိုက်ပွဲတွေမှာ အမျိုးစုံတိုက်ခဲ့ဖူးတယ်ဗျာ။ ကျနော်တို့ရှေ့မှာ ခေါင်းတွေပွင့်သွားတယ်။ လက်တွေ ပြတ်သွားတယ်။ ကျနော်တို့ အများကြီး မြင်ခဲ့ဖူးတယ်။ ကျနော်တို့လို စိတ်ဓာတ်တွေ အသဲနှလုံးတွေ မာပါတယ်ဆိုတဲ့ကောင်တွေတောင် မျက်ရည်တောက်တောက် ကျရတယ်ဗျာ။ အသဲတွေအူတွေလှိုက်ပြီး တုန်ရတယ်။ အဲ့လောက်ထိ ကျနော်တို့ ခံစားခဲ့ရတယ်"

တိုက်ပွဲမှာထိခိုက်သေဆုံးများတဲ့ စစ်ကောင်စီက နေအိမ် ၁၇၀ ကျော် မီးရှို့သွား (ရုပ်/သံ)

ဧပြီလ ၁၁ ရက်နေ့ မနက် ၇ နာရီခန့်မှာ ကျောက်ဆည်လေးကျေးရွာဘက်ကနေ ကင်းရွာဘက်ကို အင်အား ၆၀ ဝန်းကျင်နဲ့ ပြန်ဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်တာအပြင် ဒရုန်းနဲ့လည်း တိုက်ခိုက်ခဲ့တယ်

သိန်း ၉၀ ဖိုး မြေကွက်ပေါင်ပြီး လက်နက်တွေ ထုတ်နေတဲ့ SGF (ရုပ်/သံ)

သူတို့အဖွဲ့ဟာ လက်နက်ကြီးတွေကို အဓိကအသုံးပြုနေကြတော့ လက်နက်ငယ်တွေထက်စာရင် စရိတ်က ပိုကြီးလို့ ရှိတဲ့ပိုက်ဆံနဲ့ မလောက်လို့ မြေကွက်ပေါင်ထားလိုက်တာ

တရက်တည်း ၂ ကြိမ်မိုင်းဆွဲခံရတဲ့ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်လို့ PDF ၂ ဦးသေဆုံး (ရုပ်/သံ)

"Point B မိုင်းခွဲတဲ့ အချိန်မှာ စခတွေဘက်က ၅ ဦးအပြင်းအထန် ဒဏ်ရာရတယ်လို့ အတွင်းသတင်းအရ သိရတယ်။‌ Point A မိုင်းကွင်းအတွင်းကို ဝင်ရောက်လာတဲ့အခါ ထပ်ပြီးမိုင်းဆွဲတော့ အယောက် ၅၀ နီးပါး အပြင်းအထန်ဒဏ်ရာ ရသွားတယ်လို့ ကြားသိရတယ်။ ကျနော်တို့ဘက်က ကျဆုံးသွားတဲ့ကလေးတွေက ပစ်ခတ်ခံရပြီး ဖမ်းတယ် နှိပ်စက်တယ် သတ်ပြီး ရွာထဲမှာ ထားခဲ့ပါတယ်ခဗျ"

ပအဖ ရုံးဖွင့်ပွဲ တိုက်လေယာဥ်နဲ့ လာပစ်လို့ ကလေးငယ်တွေအပါအဝင် ၁၀၀ဝန်းကျင်သေဆုံး (ရုပ်သံ)

ဧပြီလ ၁၁ ရက် ဒီနေ့ မနက် ၇ နာရီကျော်လောက်မှာ တံတားဦးလေတပ်ဆွယ်က တက်လာတဲ့ ဖိုက်တာ ၁ စီးဟာ ပဇီကြီးရွာ ပအဖရုံးဖွင့်ပွဲကို လေကြောင်းကနေ ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်သွားခဲ့ပြီး၊ နောက်ထပ်နာရီဝက်အကြာမှာ နမခ ကနေ ထပ်တက်လာတဲ့ Mi-35 တိုက်ခိုက်ယာဥ် ၁ စီးဟာ ပဇီးကြီးရွာပတ်ပတ်လည်ကို ဒုတိယအကြိမ် လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်

လေယာဥ်ပစ်ကူပြီး တပ်လာချထားတဲ့ စစ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲခံရလို့ ၂ ဦး သေဆုံး (ရုပ်/သံ)

ဧပြီလ ၉ ရက် ညနေ ၄ နာရီခွဲကနေ ည ၆ နာရီအတွင်းမှာ ညောင်ရွာထဲ‌ကနေ ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်သား ၈ ယောက်ကို တိုက်ခိုက်ခဲ့လို့ စစ်သား ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရတယ်

တလိုင်းရွာကို Mi-35 လေယာဉ် ၂ စီးနဲ့ လာပစ်ပြီး ရွာကိုမီးရှို့သွား

ဧပြီလ ၈ ရက် မနက် ၁၀ နာရီလောက်မှာ ရွှေဘိုဘက်ကနေ Mi-35 ၂ စီးနဲ့ လာပစ်ပြီး တလိုင်းရွာကို တပ်အင်အားချကာ ရွာထဲကို မီးဝင်ရှို့လို့ အိမ် ၂ လုံး မီးထဲပါသွားပြီး ရွာထဲကို မွှေ နှောက်သွားတယ်လို့ ဗိုလ်ကျားကြီးက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10