တပတ်အတွင်း မြေလတ်သတင်း
- စစ်တပ်နဲ့ စစ်တပ်ထောက်တိုင်တွေကို တိုက်ခိုက်သုတ်သင်မယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ စာထုတ် - အမှုစစ်ရာမှာ မလွဲမှားစေဖို့ ပုလဲမြို့နယ် ပလဖအဖွဲ့ဝင်တွေကို အမှုစစ်သင်တန်း ပြုလုပ်ပေး - စုပေါင်းရုံးမှာတပ်စွဲထားတဲ့ စစ်အုပ်စု အနီးကပ်တိုက်ခိုက်ခံရလို့ ၂ ဦးသေပြီး ၃ ဦးဒဏ်ရာရ - သံအမတ်ကြီး ဦးကျော်မိုးထွန်းကို UN အမြဲတမ်းသံအမတ်အဖြစ်ခန့်ထားဖို့ မြောင်နယ်ကပြည်သူတွေ ဆန္ဒထုတ်ဖော် - စာသင်ကျောင်းကို စစ်တပ်က စီးနင်းလို့ ဆရာ၊ ဆရာမနဲ့ ကလေးတွေ ကျောင်းပိတ်ပြီး တိမ်းရှောင်နေရ - ပုလဲမှာ စစ်ကောင်စီစစ်ကြောင်း ပိတ်ဆို့တိုက်ခိုက်ခံရလို့ ၇ ဦးသေဆုံး - မုံရွာထောင်မှာ အစာငတ်ခံဆန္ဒပြတောင်းဆိုမှု အောင်မြင်ပြီ - စစ်အုပ်ချုပ်ရေးနယ်မြေ ပေါက်ခေါင်းက ရဲကင်းစခန်း စီးနင်းတိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး - ချင်းတွင်းမြစ်ထဲမှာ စစ်သင်္ဘော ၁ စီး တိုက်ခိုက်ခံရ - မြိုင်မှာ ဒေသခံတွေ မစိုက်ပျိုးတဲ့လယ်မြေမှာ PDF က ရိက္ခာအတွက် စပါးစိုက်ပျိုး - ဆားလင်းကြီးက စစ်ရှောင်အိမ်ထောင်စု ၂၀၀ ကို စောင်နဲ့ခေါင်းအုံးတွေထောက်ပံ့