ရုပ်သံ

NUG ကြားကာလပညာရေးစနစ်ကို ဗကသများအဖွဲ့ချုပ်က မေးခွန်းထုတ် (ရုပ်/သံ)

"အဆင့်မြင့် ပညာရေး ကဏ္ဍမှာဆိုရင် နွေဦးတက္ကသိုလ်ဆိုတဲ့ အွန်လိုင်းစနစ်တွေပဲရှိသေးတယ်။ အဲ့ဒီအွန်လိုင်းစနစ်တွေမှာဆိုရင် အညာဒေသတို့ တိုင်းရင်းသားဒေသတွေပဲဖြစ်ဖြစ် ဘယ်ဒေသမှာမဆို အင်တာနက်အဆင်မပြေမှု၊ လုံခြုံရေးအဆင်မပြေမှုတွေနဲ့ တက်ရောက်ဖို့က ကျောင်းသားတွေအနေနဲ့အဆင်မပြေမှုတွေ ဖြစ်နေတယ်။ အခြေခံပညာမှာရောအဆင့်မြင့်ပညာမှာပါ လိုအပ်ချက်တွေရှိနေတယ်။ အဲ့ဒီလိုအပ်ချက်တွေကို ကျွန်တော်တို့က မေးခွန်းထုတ်ရခြင်းဖြစ်ပါတယ် "

စစ်အာဏာသိမ်း ရက် ၁၀၀၀ ပြည့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် (ရုပ်/သံ)

"သီတင်းကျွတ်လပြည့်နေ့မှာ ဘုရားရှင်ကို တိုင်တည်ပြီး စစ်အာဏာရှင်စနစ် အမြန်ဆုံး ပြုတ်ကျရေးနဲ့ နိုင်ငံနဲ့အနှံ့မှာ ဖမ်းဆီးထိန်းသိမ်းခံရပြီး ကျဆုံးရဲဘော်တွေအတွက် ဆုတောင်းဆီမီးထွန်းပွဲလေးလုပ်ခဲ့တာပါ"

မကွေးတိုင်းမှာ သီတင်းကျွတ်ကာလ ခြင်းအလှခတ်ပြသူ နည်းလာ (ရုပ်/သံ)

ရိုးရာခြင်းခတ်တာ အသက် ၃၀ အောက်လူငယ်တွေရှားပါးပြီး တခြားအားကစားနည်းတွေ ခေတ်စားလာတဲ့အတွက် အခုလိုအလှပြခြင်းခတ်တာတွေ ပျောက်ပျက်သွားမှာ စိုးနေတယ်လို့ အလှခြင်းခတ်သူက ပြောပါတယ်။

ဘီးလူးစစ်ကြောင်း လက်ကျန်စစ်သားတွေ တိုက်ခိုက်ခံရပြီး စစ်သား ၄ ဦးသေ ၅ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က ရွှေလှံရွာအနီးမှာ ဘီးလူးစစ်ကြောင်းက လက်ကျန်စစ်သားတွေကို ကာကွယ်ရေးအဖွဲ့တွေက အောက်တိုဘာ ၂၈ ရက်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့တယ်လို့ Myingyan Black Tiger(MBT) အဖွဲ့ဆီက သိရပါတယ်။

"တော်လှန်ရေးဆူးညှောင့် ဖက်ခွက်စားများ" (မြင်မိ ကြားမိသမျှ အစီအစဉ်)

မြေလတ်အသံသတင်းဌာနမှာ အပတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် ဒီတပတ်မှာ "တော်လှန်ရေးဆူးညှောင့် ဖက်ခွက်စားများ" ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

ရှမ်းမြောက်ပိုင်း တိုက်ပွဲတွေနဲ့ပတ်သက်လို့ အညာဒေသက လက်နက်ကိုင်ခေါင်းဆောင်တွေ ဘာပြောသလဲ (ရုပ်/သံ)

ကိုးကန့် MNDAA၊ ရခိုင့်တပ်တော် AA နဲ့ တအောင်း TNLA မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖို့ ၁၀၂၇ စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးတခုကို အောက်တိုဘာ ၂၇ ရက်မှာ စတင်ဆင်နွှဲနေတာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်လို့ နေပါတယ်။ အထက်ပါအခြေအနေတွေနဲ့ ပတ်သက်ပြီး အညာဒေသက တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ခေါင်းဆောင်တွေကို မြေလတ်အသံသတင်းဌာနက တယ်လီဖုန်းမှတဆင့် ဆက်သွယ်မေးမြန်ခဲ့ပါတယ်။

ပဲခူး၊ ပြည်၊ မကွေးနဲ့ မန္တလေးတို့မှာ ညမထွက်ရအမိန့်တွေကို ပယ်ဖျက် (ရုပ်/သံ)

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၊ ပြည်မြို့အပြင် မန္တလေး၊ နေပြည်တော်နဲ့ ရန်ကုန်တိုင်းက မြို့နယ်အချို့ကို ညမထွက်ရအမိန့် ပယ်ဖျက်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တပတ်အတွင်း မြေလတ်သတင်း

- ခလရ ၂၅၅ က စစ်သားတွေပါ၀င်တဲ့အဖွဲ့ တိုက်ခိုက်ခံရပြီး ၁၂ ဦးသေ၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရ - ကပစတပ်က တပ်ကြပ်ကြီးတဦး ရှေ့တန်းပို့ခံရပြီး စစ်မတိုက်ဘဲ ပြန်လာလို့ စစ်ကြောရေးမှာ သတ်ခံရ - ဆင်တဲ ကပစ ၃ က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် ထွက်ပြေးနေပြီး စက်ရုံမှူး ဗိုလ်မှူးကြီး မောင်မောင်စိုးက သတင်းဖုံးထား - အရာတော်မှာ ကင်းစခန်းတိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးနဲ့ ပျူစောထီး ၂ ဦး သေဆုံး - ပဲခူးရိုးမက CDM ဆင်ဦးစီးတွေနဲ့ ဆင် ၁၃ ကောင် ပြန်ရဖို့ စစ်ကောင်စီ ကြိုးစားနေ - မုံရွာထောင်က ထောင်ပိုင်နဲ့ ၀န်ထမ်းတချို့ ထုတ်ပယ်ခံရ၊ အစာငတ်ခံဆန္ဒပြခဲ့တဲ့ နိုင်/ကျဉ်းတွေကိုလည်း ထပ်တိုးပုဒ်မနဲ့တရားစွဲ - စစ်ကောင်စီက ပဲခူးမြို့နယ်ထဲက သစ်စက်တွေကို ဖိအားပေးပြီး စီးပွားရှာ - ပေါက်နယ် ၆ ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၆ ဦးသေဆုံး - စပါးရိတ်ခွင့်နဲ့ မိုင်းဖြုတ်ပေးခ တောင်သူ ၁ ဦးလျှင် ကျပ် ၄၀,၀၀၀ စစ်တပ်ကို ပေးရ - စစ်ကောင်စီက ဆည်ထဲနေသူတွေကို ခြိမ်းခြောက်နှင်ထုတ်ပြီး ပစ္စည်းတွေသိမ်းယူနေ

အညာမြေအတွက် မောင်းပြန် ၅ လက်ဝယ်ယူနိုင်ရေး ကမ်ပိန်း MBT အဖွဲ့ပြုလုပ် (ရုပ်/သံ)

ကမ်ပိန်းရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ စစ်ဒဏ်ကို အလူးအလည်းခံနေရတဲ့ အညာဒေသပြည်သူတွေအတွက် စစ်ကောင်စီလက်အောက်ခံမှန်သမျှကို ကြမ်းတမ်းတဲ့တိုက်စစ်တွေနဲ့အတူ ပိုမိုကောင်းမွန်တဲ့ ဗျူဟာတွေနဲ့ ထိထိရောက်ရောက် တိုက်ခိုက်နိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

“ဆေးဖက်ဝင် ဝါးပင်” (Podcast)

သွေးတိုး၊ ဆီးချိုထိန်းသိမ်းနိုင်ဖို့ ဝါးရွက်ကို ဘယ်လိုအသုံးပြုမလဲ။ ဝါးရွက်လက်ဖက်ခြောက်ပြုတ်ရည်နဲ့ ပျားရည်ရောနှောသောက်သုံးရင် ဘယ်လိုရောဂါတွေကို သက်သာပျောက်ကင်းစေသလဲ။ ဝါးလုံးထဲကရတဲ့ ဝါးရေကရော လူ့ခန္ဓာကိုယ်ကို ဘယ်လိုအထောက်အကူပြုသလဲ ဆိုတာတွေကို နားဆင်ရမှာပါ။

ပေါက်နယ် ၆ ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၆ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းမှာ အောက်တိုဘာ ၁၉ ရက်ကနေ ၂၄ ရက်အထိ ဖြစ်ခဲ့တဲ့ ၆ ရက်တာတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင်မြို့နယ်ပကဖတာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

စစ်ကောင်စီက ဆည်ထဲနေသူတွေကို ခြိမ်းခြောက်နှင်ထုတ်ပြီး ပစ္စည်းတွေသိမ်းယူနေ (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်၊ ကံတင်ဘီးလင်းဆည်အတွင်း နေထိုင်တဲ့ ပြည်သူတွေကို စစ်ကောင်စီက နှင်ထုတ်ပြီး ပြည်သူပိုင် စက်လှေအချို့ကို သိမ်းယူနေလို့ ပြောင်းရွှေ့နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သပိတ်ကျင်းနယ် တပတ်တာတိုက်ပွဲမှာ စစ်ကောင်စီတပ်သား အများအပြား သေဆုံးဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာအထက်ပိုင်းရွာတွေကို ဝင်ရောက်နေတဲ့ စစ်ကြောင်းကိုတိုက်ခိုက်ရာ တပတ်အတွင်း စစ်ကောင်စီတပ်သား သေဆုံးဒဏ်ရာရသူ များပြားခဲ့တယ်လို့ TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

မြေလတ်ပေးစာ (Podcast)

- ပခုက္ကူမှာ ပျူစောထီးတွေထိန်းချုပ်ထားတဲ့ရွာတွေရဲ့အခြေအနေ။ - အောင်လံမြို့က သူငယ်ချင်းတယောက်ရှာဖွေချင်တဲ့စာ။ - CDM ကျောင်းဆရာတယောက်ရဲ့ရင်ဖွင့်စကားသံ စတဲ့ စာတွေကို နားဆင်ရပါမယ်။

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ် ၃၄ အိမ်က မိသားစုတွေကို ဆန်ထောက်ပံ့ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေလယ်ကျွန်းဒေသက မီးဘေးသင့်ပြည်သူတွေကို ဆန်ရိက္ခာတွေ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ Myingyan Black Tiger- MBT တပ်ဖွဲ့ထံက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10