စောကျော်ငြိမ်း

ယင်းမာပင်မှာ စစ်ရှောင်လမ်းပိုင်းကို PDF ရဲဘော်တွေက ဦးဆောင်ပြုပြင်နေ

"စစ်ကြောင်းဝင်လာရင် တောင်ပေါ်ကို စစ်ရှောင်တဲ့လမ်းပါ။ ကျနော်တို့က ငွေစိုက်ထုတ်ပြင်နေတာပါ။ ပြည်သူတွေက လုပ်အားစိုက်ထုတ်ကူညီကြတယ် "

မိတ္ထီလာက ရဲအရာရှိ ၁ ဦး လက်နက်၊ ခဲယမ်းတွေနဲ့အတူ YSO ကတဆင့် ပြည်သူ့ရင်ခွင်ခိုလှုံ

" လွန်ခဲ့တဲ့ ၃ လက ခိုလှုံဖို့ သူကဆက်သွယ်ထားတယ်။ ခရီးဝေးလို့ အဆင့်ဆင့်လာခဲ့ရတယ်။ ဆုကြေး ချီးမြှင့်ပြီးတော့ လုံခြုံတဲ့နေရာမှာ ပို့ထားပါတယ် "

ပုလဲနယ် အင်မထီးပျူစောထီးရွာမှ ရွာခံ ၇ ဦးထွက်ပြေးလာပြီး ပအဖ အဖွဲ့ထံခိုလှုံ

"သူတို့တွေ အစားအသောက်ခက်ခဲနေကြတယ်။ တောင်းတိုင်းလည်း မပေးဘူး။ ပိုက်ဆံရှိတော့လည်း ဝယ်စားလို့ မရဖြစ်နေတယ်။ ကြာတော့ စိတ်ပျက်ပြီး ထွက်ပြေးလာကြတာ"

ထီးလင်း ပအဖတာဝန်ခံတဦး ဗုံးစထိမှန်ဒဏ်ရာတွေကုသရန် အကူအညီ ထပ်မံလိုအပ်နေ

"မျက်လုံးထဲက အစအနတွေကတော့ ထုတ်ပြီးပြီ။ ဘယ်ဘက်မျက်လုံးက ဝါးတားတားတော့ မြင်ရတယ်။ ညာဘက်မျက်လုံးက ဆေးပြတာပဲရှိသေးတယ်။ ခန္ဓာကိုယ်က ကျည်စတွေထုတ်ဖို့ ကျန်နေသေးတယ် "

တိုက်ခိုက်ခံရတဲ့ ပျူစောထီးတွေ စခန်းကို စွန့်ခွာထွက်ပြေးသွား (ရုပ်/သံ)

မာလဲတော ပျူစောထီးစခန်းကို ရှင်းလင်းရာမှာ ဘန်ကာ ၁၆ ခု၊ ဗုံးခိုကျင်း ၆ ခု၊ တပ်မ ၃၃ တံဆိပ်ပါ ယူနီဖောင်း ၂ စုံ၊ စစ်ဦးထုပ် ၃ လုံးသာ ကျန်ရှိပြီး စခန်းကိုကြိုတင်စွန့်ခွာသွားတဲ့အတွက် လက်နက်ခဲယမ်းပစ္စည်းတွေ သိမ်းဆည်းရတာ မရှိခဲ့ဘူးလို့ သူက Phoenix Sagaing SGG အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နောင်ကြီးက ပြောပါတယ်။

ပုလဲမှာ လက်နက်ခဲယမ်းနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ စစ်သားကို ဆုငွေသိန်း ၁၀၀ ကျပ်ပေးအပ်

" လက်နက်ယူလာမှတော့ ပြန်ပြေးရင်လည်း မလွယ်တော့ဘူး။ ဆုငွေလည်း ပေးထားပါတယ်။ သူ့ကို လုံခြုံတဲ့နေရာမှာ ထားပါတယ်"

တိုက်ပွဲကြားက စွန့်ပစ်ခံဘိုးဘွားတွေရဲ့ နားခိုရာ (ရုပ်/သံ)

သား/သမီးကျောထောက်နောက်ခံ မရှိဘဲ စွန့်ပစ်ခံရတဲ့ အဘိုးအဘွားတွေအပါအဝင် သားသမီးတွေရှိပြီး အကြောင်းအမျိုးမျိုးကြောင့် စောင့်ရှောက်မှုမပေးနိုင်တဲ့ ဆားလင်းကြီးနယ်ထဲက ရောက်လာကြတဲ့ အသက်အရွယ် ၇၀ ကျော် နာတာရှည် ဝေဒနာရှင်တွေကို စစ်ကိုင်းနယ်ဘက်မှာ ရှင်ချမ်းဘိုးဘွားစောင့်ရှောက်ရေးက ခေါ်ယူစောင့်ရှောက်ပေးနေတာပါ။

ကန့်ဘလူမှာ စစ်ရှောင်ရင်း သက်ကြီးရွယ်အိုအမျိုးသမီး ၂ ဦးသေဆုံး

"လူကြီးတွေဆိုတော့ ကြောက်စိတ်၊ စိုးရိမ်စိတ်များကြတယ်။ ကိုယ့်အိမ်လို လုံခြုံနွေးထွေးတာမဟုတ်တော့ အအေးဒဏ်မခံနိုင်တာလည်း ပါတာပေါ့။ အဲ့ဒါကြောင့် အခုလို သေဆုံးသွားကြတာပါ"

ပုလဲနယ် အင်မထီးပျူစောထီးတွေလက်ကနေ ၃ ဦးထွက်ပြေး၊ ပအဖထံ ခိုလှုံ

"သူတို့ကိုရွာထဲမှာ ကန့်သတ်ချုပ်ခြယ်တာတွေရှိနေတယ်။ စားဖို့လည်း အဆင်မပြေကြဘူး။ နေထိုင်ရတာလည်း မလွတ်လပ်တော့ ထွက်ပြေးလာကြတာ"

USA ရောက်မြန်မာတွေက မီးဘေးသင့်ပြည်သူတွေအတွက် ခြုံစောင် ထပ်မံထောက်ပံ့

" ပြည်ပရောက်မြန်မာမိသားစုတွေ အခုလိုလှူပေးလို့ ကျေးဇူးတင်ပါတယ်။ ပြည်သူတွေကပေးတဲ့ မေတ္တာအနွေးဓာတ်နဲ့ အာဏာရှင်ကို ဆက်လက်တော်လှန်နေမှာပါ "

ရွှေဘိုက ပျူစခန်းစသိမ်းတိုက်ပွဲမှာ ပျူ၃ဦးသေပြီး ၆၀ဦးဖမ်းမိ

အဲဒီစခန်းသိမ်းတိုက်ပွဲမှာ ရဲတပ်သား ၁ ဦး၊ ပျူစောထီးလက်နက်ကိုင် ၂ ဦးသေဆုံးပြီး တလုံးထိုးသေနတ် (၉ လုံးကျည်သုံး) ၅ လက်၊ ကာဘိုင် ၁ လက် စုစုပေါင်း လက်နက်ငယ် ၆ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်မှုထမ်းဟောင်း၊ ပျူခေါင်းဆောင် သိန်းမြင့်ကို ပစ်ခတ်ရှင်းလင်း

" ပျူခေါင်းဆောင်ကို ရှင်းတဲ့အချိန် သူ့သားဝင်လာတယ်။ ၉ မမကျည်နဲ့ ၁၂ ချက်ပစ်ခဲ့တယ်။ ပျူခေါင်းဆောင်က ပွဲချင်းပြီးသေသွားတယ်"

ရွှေဘိုနယ်မှာ အောင်ပွဲရ PDF တွေကို ပြည်သူတွေက အောင်သပြေနဲ့ကြို (photo-news)

"ပြည်သူတွေက အခုလိုကြိုဆိုကြတော့ အရမ်းကို ပီတိဖြစ်ရပါတယ်။ အရမ်းလည်းပျော်ရွှင်ကြည်နူးမိပါတယ်"

USA ရောက် မြန်မာတွေက မီးဘေးသင့်ဒေသခံတွေကို ခြုံစောင်ထောက်ပံ့

"ပြည်ပရောက်မြန်မာမိသားစုက မီးဘေးသင့်ပြည်သူတွေ စောင်လိုအပ်နေလို့ ထောက်ပံ့ပေးတာပါ။ မီးဖိုချောင်သုံး ပစ္စည်းတွေလည်း လိုအပ်နေပါတယ် "

စောင်တထည်ကို ရဲဘော်နှစ်ယောက်မျှခြုံနေရလို့ ထောက်ပို့တွေကကူညီ

"စောင်တထည်ကို ရဲဘော်နှစ်ယောက်ခြုံနေရတယ်။ တကယ်ချို့တဲ့ပြီး လိုအပ်တဲ့ ရဲဘော်တွေကိုစာရင်းကောက်ယူပြီးတော့ မျှဝေပေးတာပါ ။ ထပ်ပေးဖို့ရှိသေးတယ် "

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10