စခန်းသိမ်းတိုက်ပွဲမှာ ကျည်ကုန်လို့ ခဲတွေနဲ့ပစ်ခဲ့တဲ့ရဲဘော်တွေ( ရုပ်/သံ)
ဧပြီလ ၃ရက် မနေ့က မနက် ၆နာရီဝန်းကျင်ကနေ ၈နာရီကျော်လောက်အထိ တိုက်ပွဲချိန်ကြာမြင့်ခဲ့တာဖြစ်လို့ မဟာမိတ်၄ဖွဲ့ပေါင်း ကျည် ၆ထောင်လောက်ကုန်ခဲ့တာ
ဧပြီလ ၃ရက် မနေ့က မနက် ၆နာရီဝန်းကျင်ကနေ ၈နာရီကျော်လောက်အထိ တိုက်ပွဲချိန်ကြာမြင့်ခဲ့တာဖြစ်လို့ မဟာမိတ်၄ဖွဲ့ပေါင်း ကျည် ၆ထောင်လောက်ကုန်ခဲ့တာ
"မီးရှို့လို့ရတဲ့ ဘန်ကာတွေတော့ ရှို့ခဲ့တယ်။ အုတ်တိုက်တွေတော့ ရှို့လို့မရခဲ့ဘူး။ စခန်းမှူးအပါအဝင် ၇ ယောက် သေတယ်။ အပေါ်ကလည်း ဒရုန်းနဲ့ဗုံးကြဲချပြီး အပေါ်အောက်ညှပ်ဆော်တာ။ တချို့ထွက်ပြေးကုန်ကြတယ်။ မနက် ၈ နာရီကျော်ကျော်မှာ နမခ က Mi 35 နဲ့ ၁ နာရီလောက် လာပစ်တယ်။ ပစ်တော့ ကျနော်တို့လည်း စခန်းကဆုတ်ပေးခဲ့ရတယ်။ အဲဒီ မအူရဲကင်းစခန်းမှာ ရဲနဲ့စစ်သား ၂၄ ယောက်ရှိတယ်"
လွန်ခဲ့တဲ့ ၇ လလောက်က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အချင်းချင်း ပစ်ခတ်သတ်ဖြတ်ပြီး အလောင်းဖျောက်လိုက်တဲ့ ကိစ္စဟာ လက်ရှိအချိန်အထိ အရေးမယူနိုင်သေးဘဲ ရှိနေပါတယ်
"ရဲဘော်အင်အား ၁၀၀ ကျော် ပြည်သူအင်အား ၁၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ အခမ်းအနားမှာတော့ ကျနော်တို့ရဲ့ ကျောက်လုံးကြီး KLG တပ်မဟာအဖွဲ့ရဲ့ဆရာတော်လည်းဖြစ်တဲ့အပြင် ကနီမြို့နယ်ရဲ့ နယက ပအဖ ဆရာတော်က အဖွင့်အမှာစကားပြောပြီး ပြည်သူတွေကို တော်လှန်ရေးနဲ့ပတ်သက်တဲ့ အကြောင်းပြောပါတယ်"
“ဒီကောင် ၂ ကောင်က ကျနော်တို့ရဲဘော်တွေ ကင်းပုန်းဝပ်နေတဲ့နေရာကို လာပစ်တာ။ ကျနော်တို့က နောက်ကိုဆုတ်ပေးတာကို နောက်ကလိုက်ပစ်တယ်။ ဆုတ်ပေးရင်းကနေ ကာလို့ကောင်းတဲ့နေရာရောက်တော့ ကျနော်တို့က ပြန်ပြီးနှစ်ဖက်ဝိုင်းပစ်တာ ၂ ကောင်လုံး သေတယ်။ ၁ ကောင်က ၃ ပွင့် ဗိုလ်လို့ သိရတယ်”
“တိုက်ပွဲချိန်က ၁၅ မိနစ်လောက်ပဲ ကြာတယ်။ အဲဒီစခန်းမှာ သေဆုံးတာက ၃ ယောက်ရှိပြီး ထိခိုက်ဒဏ်ရာရသူတွေ များတယ်”
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ စစ်ကောင်စီတပ်စွဲထားတဲ့ မြဝတီဘဏ်နဲ့ စီးပွားရေးဘဏ်ဘန်ကာအထဲက စစ်သားတွေကို ဧပြီလ ၂ ရက် ဒီနေ့ မနက်ပိုင်းမှာ ကားနဲ့အနီးကပ်သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ၄ဦး သေဆုံးတယ်လို့ မုံရွာခရိုင်တပ်ရင်း(၂၂) တပ်ရင်းမှုး ဗိုလ်နတ်ဆိုးက ပြောပါတယ်။
“ငှက်ပျောတောရွာကနေ ပစ္စည်းတွေလုယူလာပြီး မင်းတိုင်ပင်ကိုဝင်တဲ့အချိန် မင်းတိုင်ပင်နားမှာ အသင့်ထောင်ထားတဲ့ ရှေ့ ထွက်မိုင်း ၈ လုံး နဲ့ ၂ ပွိုင့်ဆွဲတိုက်ခိုက်ခဲ့တာပါ။ ၅ ယောက်သေပြီး ဒဏ်ရာရတဲ့သူတွေ များတယ်” လို့ ပြောပါတယ်။
“ရေစကြိုမြို့ပေါ်က စစ်တပ် ၃ တပ်က အင်အားဖြန့်ထားတာ၊ မိုင်း ၆ လုံးနဲ့ ဆွဲလိုက်တာ၊ ၂ ယောက်က တော့စုပ်ပြတ်သပ်ပြီး သေတယ်၊၊ ၃ ယောက်ဒဏ်ရာရတယ်၊ အဲ့ဒီထဲက ၁ ယောက်ကတော့ ဒဏ်ရာပြင်းတယ်" လို့ ပြောပါတယ်။
အဲ့ဒီကင်းစခန်း ဘန်ကာထဲမှာ ကင်းသမား ၅ဦးရှိပြီး အပြင်ထွက်လာချိန်ကို စောင့်ပြီး ပစ်ခတ်ခဲ့တာဖြစ်လို့ ၂ဦး သေဆုံးခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်း အမှတ် (၂၇) Black Dragon Force ယာယီတပ်ရင်းမှူး ဗိုလ်စိုးကြီးက ပြောပါတယ်။
" ရှေ့ထွက်မိုင်း ၄လုံးဆွဲလိုက်တဲ့အခါမှာ ၃ယောက် ကားခနဲ ကျသွားတယ်လို့ မြင်လိုက်ရပြီး ကျနော်တို့ ရဲဘော်တွေက ထွက်ပြေးလာခဲ့တယ်။ နောက်ဆုံး ပုလဲမြို့ထဲက သတင်းပေးချက်အရ ၃ယောက် သေတယ်။ ၂ယောက် ဒဏ်ရာရတယ်လို့ ကျနော်တို့ဆီ သတင်းရောက်လာပါတယ်"
“စီးနင်းတဲ့အချိန်မှာ ရဲဘော်တွေနဲ့အနီးကပ်ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်၊ ထိတွေ့တဲ့အချိန်မှာ ကျနော်တို့ရဲဘော် ၄ ဦးနဲ့ မဟာမိတ်ရဲဘော်တဦး ကျဆုံးခဲ့တယ်၊ မောင်းပြန်သေနတ်တွေလည်း ဆုံးရှုံးခဲ့တယ်” လို့ အတည်ပြုဖြေဆိုထားပါတယ်။
“မုံရွာကနေ ငွေဇင်ယော်စက်လှေ ၂ စီးကို ချောဆွဲပြီး ဆားလင်းကြီးမြို့နယ်၊ လက်ပတောင်းရွာကို လက်နက်ခဲယမ်းတွေပို့ပြီး ဒဏ်ရာရ စစ်သားတွေ ပြန်သယ်လာတာမှာ လျှပ်စစ်တာဝါတိုင်နဲ့ လက်ပတောင်းရွာအကြားမှာ ရေမြှုပ်မိုင်း ၃ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်"
"၈ စီးမြောက်ကားနဲ့ ၁၀ စီးမြောက်ကားကို ပဒေသာမိုင်းဆွဲတာ ၈ ဦးလောက် ဒဏ်ရာရတယ်။ နောက်ထပ်မြိုင်နဲ့ ကိုင်းတောမအကြားမှာလည်း ထပ်ဆွဲခဲ့တယ်။ အဲမှာလည်း ဒဏ်ရာရကြတာ သုံးလေးငါးဦးတော့ သေမှာ။ ဒဏ်ရာရတဲ့ ၈ ဦးကိုတော့ တပ်မ ၁၀၁ ထဲမှာ ကုနေတယ်"
"ကျနော်တို့ ကြိုပြီးသတင်းရလို့ စောင့်တိုက်ခိုက်ခဲ့တာ၊ သူတို့အတန်းလိုက်ထွက်လာတဲ့အချိန် လက်နက်ကြီး၊ လက်နက်ငယ်နဲ့ တိုက်ခိုက်နိုင်ခဲ့တာ၊ သူတို့ဘက်က အင်အား ၃၀ ပါတယ်။ ပစ်ခတ်ချိန် ၄၅ မိနစ်လောက်ကြာတယ်၊ စစ်သား၂ ယောက်ကတော့ နေရာမှာတင်ပွဲချင်းပြီး သေဆုံးပြီး ရဲ ၁ ယောက် နဲ့ စစ်သား ၁ ယောက်က ဒဏ်ရာရကြတယ်"