မုံရွာ နမခ ဝန်းထဲကို လက်နက်ကြီးနဲ့ပစ်ခတ်၊ လစရ ၆ နဲ့ စအရ ၉၀၉ တပ်တွေအနီးကျလို့ သေဆုံးမှုရှိနိုင်
“ပစ်မှတ်နေရာကိုရောက်မှ ကျနော်တို့ ၆၀ မမ တွေနဲ့ပစ်တာ၊ သူတို့နေတဲ့နေရာကို တည့်တည့်မတ်မတ် ကျသွားတယ်၊ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်၊ ကျနော်တို့ အနားတော့ကျတယ်၊ မကွဲဘူး၊ သူတို့ဘက်က ဂန်းငယ်တွေနဲ့ပစ်တာကြောင့် ကျနော်တို့ပြန်ဆုတ်ခဲ့တယ်”